"အသီးမှာ...........သရက်၊ အသားမှာ..........ဝက်၊ အရွက်မှာ..........လက်ဖက်" ဟူ၍အဆိုရှိသကဲ့သို့ ငါးတွင်လည်း "မယားမှာ...........ဆံတောက်၊ ငါး မှာ............ငါးသလောက်"ဟူ၍ စာချိုးရှိကြပါသည်။
ငါးသလောက်ငါးမှာ ရေပေါ်ရေလွှာနေငါး (pelagic fish) များဖြစ်ကြသည်။ ရေချို၊ ရေငန်နှစ်မျိုးစလုံးတွင် နေထိုင်ကြပြီး ငါးသလောက်မျိုးစိတ်အားလုံးသည် ရာသီဥတုအလိုက်နေရာဒေသပြောင်းရွှေ့ကျက်စားသော သဘာဝရှိပြီး နေရာမရွေး၊ အချိန်မရွေး သားပေါက်ဖွားလေ့ရှိပါသည်။
ငါးသလောက်သက်တမ်းမှာ (၁-၃) နှစ် ဖြစ်ပါသည်။ ငါးသလောက်အမမှာ ဥပေါင်း (၃) သိန်းမှ (၁) သန်းထိ ဥဥနိုင်ကြပါသည်။ မျှောပိုက်ဖြင့် အဓိကဖမ်းဆီးကြပါသည်။ ပြည်ပပို့ကုန်အဖြစ် နာမည်ကြီးပြီး တန်ဖိုးမြင့်ငါးဖြစ်ပါသည်။
ငါးသလောက်ငါးများမှာ အပင်မျှော (plankton) နှင့် ရေညှိရေမှော် (algae) များကို အများဆုံးစားသုံးကြပါသည်။ ငါးသလောက်များမှာ ကမ်းရိုးတန်းတလျောက်တွင် အုပ်စုဖွဲ့ကာနေထိုင်ကျက်စားသလို မြစ်အထက်ပိုင်းသို့လည်း ဆန်တက်နိုင်ကြသည်။ အသားမှာနူးညံ့ပြီး အနံ့အရသာထူးခြားကောင်းမွန်လှပါသည်။
မြန်မာနိုင်ငံတွင်တွေ့ရသော ငါးသလောက်မျိုးစိတ်၂ မျိုး အင်္ဂလိပ်အမည်မှာ Hilsa shadနှင့် Toli shad ဖြစ်သည်။
မြန်မာနိုင်ငံတွင်တွေ့ရသော ငါးသလောက်ငါးမှာ -
Phylum မျိုးပေါင်းစု- Chordata
Class အမျိုးအစား-Pisces
Order မျိုးစဉ် - Clupeiformes
Family မျိုးရင်း - Clupeidae
Genus မျိုးစု - Tenualosa
Species(1)မျိုးစိတ်-၁-Tenualo sailisha
Species(2)မျိုးစိတ်-၂-Tenualosatoli တို့ဖြစ်ကြသည်။
ငါးသလောက်ငါးကို အရိုးနူးပေါင်းစားခြင်း၊ ငါးသလောက်ကင်၊ ငါးသလောက်ကြော်၊ ငါးသလောက်အစပ်ဟင်း၊ ငါးသလောက်သုပ် စသဖြင့် ပြုလုပ်၍စားသုံးကြသည်။
Source - AQUADAPT-Myanmar
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ