ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေး

14/01/2020 14:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးမြေတွေက ရှားပါလာလို့ ဘယ်လိုစိုက်ပျိုးရမလဲဆိုတာကို စဉ်းစားကြံဆနေရင်းနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေး (Sustainable Agriculture) ဆိုတာကို လုပ်ဆောင်ဖို့ တည်ဆောက်လာကြပါတယ်။ အဲ့လို လုပ်ဆောင်ပြီးတော့ လူတွေရဲ့ စားနပ်ရိက္ခာကို ဖူလုံအောင်အတွက် လူထုသန်းပေါင်းများစွာက ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးစနစ်ကိုဖော်ဆောင်လာခဲ့ကြပါတယ်။ 

ခုတော့ အဲ့လို ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးဆိုတာ ဖြစ်လာဖို့အတွက် လုပ်ဆောင်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ အဲ့အချက်တွေကို တစ်ချက်လေ့လာကြည့်ရအောင်။

(၁) တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေအားလုံးရဲ့ (၄၀) ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးလုပ်ငန်းထဲမှာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ 

(၂) ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးလုပ်ငန်းဆိုတာကတော့ အဓိက အပိုင်း (၃) ပိုင်းပါဝင်ပါတယ်။ ပတ်ဝန်းကျင်ကျန်းမာရေး၊ စီးပွားရေးအရ အကျိုးအမြတ်ရရှိမှုနဲ့ လူမှုစီးပွားဆိုင်ရာ မျှခြေနဲ့ ပိုင်ဆိုင်မှုတို့ပဲဖြစ်ပါတယ်၊ 

(၃)ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးလုပ်ငန်းဟာဆိုရင်  အရင်းအမြစ်တွေ တိုက်စားခံရခြင်း၊ သစ်တောပြုန်းတီးခြင်း၊ ရှားပါးခြင်း၊ မြေနဲ့ ရေတွေမှာ  ပျော်ဝင်ရောနှောခြင်း၊ ဇီဝမျိုးကွဲတွေ ဆုံးရှုံးရခြင်း၊ အလုပ်သမား ရှားပါးခြင်းနဲ့ မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းတွေ ပျောက်ကွယ်ခြင်း စတဲ့ပြဿနာတွေအတွက် ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တဲ့ စိုက်ပျိုးရေးလမ်းတစ်သွယ်ဖြစ်ပါတယ်။ 

(၄) ရေရှည်တည်တံ့ခိုင်မြဲတဲ့  စိုက်ပျိုးရေးလုပ်ငန်းလို့ဆိုလိုက်ရင် ကြီးမားကျယ်ပြန့်တဲ့ နည်းပညာတွေပါပါတယ်။ အော်ဂဲနစ်စိုက်ပျိုးနည်း၊ သွင်းအားစုကို လျော့ချနိုင်တဲ့စိုက်ပျိုးနည်း စတဲ့ စိုက်ပျိုးရေးနည်းလမ်းတွေ အများကြီးပါဝင်ပါတယ်။

(၅) ဒီလိုစိုက်ပျိုးရေးမှာဆိုရင် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပိုးသတ်ဆေးတွေကို မသုံးရသလောက် လျော့ချဖို့ရည်ရွယ်ပြီးတော့ သီးနှံမျိုးစုံကို သွင်းရေနဲ့ စိုက်ပျိုးမဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။

(၆) ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးလုပ်ငန်းထဲက တစ်ခုဖြစ်တဲ့ အော်ဂဲနစ်စိုက်ပျိုးနည်းဆိုရင်လည်း သာမာန်ထက် အလုပ်သမားလိုအပ်ချက် (၂)ဆခွဲလောက်များပေမဲ့လို့ ပြန်ရမဲ့အကျိုးအမြတ်က (၁၀) ဆ တက်လာပါတယ်။ 

(၇) မြေသားရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါတယ်။ မြေဖုံးသီးနှံတွေ စိုက်တယ်။ သစ်စိမ်းမြေသြဇာတွေ ထည့်ပေးတယ်။ သဘာဝမြေသြဇာလိုမျိုး နွားချေး မြေဆွေးတွေနဲ့ မြေကိုပြုပြင်တယ်။ စတဲ့နည်းလမ်းတွေနဲ့ မြေသားကို ထိန်းသိမ်းပြုပြင်ကြပါတယ်။ 

(၈) ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးလုပ်ငန်းရဲ့ ရည်ရွယ်ချက်ကတော့ သွင်းအားစု နည်းနည်းပဲသုံးပြီး အန္တရာယ်ရှိတဲ့ သွင်းအားစုတွေမသုံးရပဲ၊ ဇီဝစနစ်ကို မထိခိုက်တဲ့ စိုက်ပျိူးရေးစနစ်ကို ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။

(၉) ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးစနစ်ကနေ ရည်ရွယ်ထားတဲ့ ပန်းတိုင်ကြီး (၄) ခုရှိပါတယ်။ 

  • လူတွေ စားနပ်ရိက္ခာဖူလုံဖို့၊ နဲ့ ဇီဝလောင်စာဖြည့်တင်းဖို့
  • ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးတွေ တိုးတက်ကောင်းမွန်လာဖို့ 
  • စီးပွားရေးဆိုင်ရာ လမ်းကြောင်းတွေကို ဖော်ထုတ်နိုင်ပြီး ရေရှည်တည်တံ့နိုင်ဖို့
  • တောင်သူလယ်သမားတွေ၊ လယ်ယာလုပ်သားတွေနဲ့ လယ်ယာလုပ်ငန်းခွင်တွင်းမှာ လုပ်ကိုင်နေကြတဲ့ဘဝတွေ တိုးတက်ကောင်းမွန်လာဖို့ ရည်ရွယ်ပါတယ်။

အဲ့လိုဆို လူမှုဘဝတိုးတက်ကောင်းမွန်ဖို့အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ စိုက်ပျိုးရေးလုပ်ငန်းတွေကို တီထွင်ဖန်တီးကြံဆဖို့ အသင့်ဖြစ်ပြီလား ခင်ဗျာ....။

ထွန်းဝင်းကျော်

https://www.dosomething.org/us/facts/11-facts-about-sustainable-agriculture


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်