တောင်သူဦးကြီးများ စိတ်လက်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။
အာဟာရဆိုတာ လူတွေအတွက် အရေးကြီးတဲ့အခန်းကဏ္ဍထဲမှာ ဝင်နေပါတယ်။ ဆိုတော့ ငယ်ငယ်ကတည်းကသင်ရတဲ့ တြိဂံကြီးလို အာဟာရအုပ်စု (၃)စု မှာ ပရိုတင်းဆိုတဲ့ ဓာတ်။ မြန်မာလိုပြောရင်တော့ အသားဓာတ်ပေါ့။ အဲ့ဒါက မရှိမဖြစ် နေ့တိုင်းစားပေးရမယ်ဆိုတာ ပါပါတယ်။
အဲ့လိုပြောလို့ အသားနဲ့ငါးကို နေ့တိုင်းစားရမယ်လို့ မဆိုလိုပါဘူး။ အသားစားမှ အသားဓာတ်ရမှာမဟုတ်ပါဘူးလို့ပြောရင် ရှုပ်သွားမလား။ တကယ်တမ်းကျတော့ တောင်သူဦးကြီးတို့ စိုက်ပျိုးနေတဲ့ သီးနှံတွေမှာ အသားဓာတ်ပါတဲ့ အသီးအရွက်တွေ အများကြီးရှိပါတယ်။ လက်တစ်ကမ်းနားလေးတင်ပါပဲ။
လူတစ်ယောက် တစ်နေ့တာအတွက် ပရိုတင်းဘယ်လောက်လိုအပ်သလဲဆိုရင် တစ်ရက်ကို (၅၀)ဂရမ် လိုပါတယ်။ ပရိုတင်းချည်း သီးသန့်ပါ။ အများကြီးတော့မဟုတ်ပါဘူး။ ကလေးတွေဝယ်ဝယ်စားနေတဲ့ လေဖောင်းမုန့်လေးတွေဆိုရင် (၂၀) ဂရမ်ရှိပါတယ်။ ကြက်သွန်နီ အလတ် (၃) လုံးစာလောက်ပါ။ ခုဏကပြောတဲ့အတိုင်း အသီးအရွက်တွေကနေ အသားဓာတ်တွေ ရနိုင်တယ်ဆိုတာ ဘယ်လိုအသီးအရွက်တွေဖြစ်မလဲ ကြည့်ရအောင်။
ပဲလိပ်ပြာ (Lima Beans)
ဒီပဲမှာက တစ်ခွက် (၁၀၀)ဂရမ်ကိုချက်ရင် တစ်နေ့တာလုံးအတွက်လိုအပ်တဲ့ ပရိုတင်း (၁၁.၆)ဂရမ် (၂၃ ရာခိုင်နှုန်း)ကို ဖြည့်ပေးနိုင်ပါတယ်။ ကောင်းဘူးလား။ (၁၀၀)ဂရမ်ဆိုတာကလည်း ယောက်မ (၂) ကလော်စာလောက်ပဲရှိတာပါ။
ပဲပင်ပေါက်
ပဲပင်ပေါက် (၁၀၀)ဂရမ် တစ်ခွက်ကနေ ပရိုတင်းဓာတ် (၁၃.၁)ဂရမ် ပြန်ရနိုင်ပါတယ်။ ပဲပင်ပေါက်လည်း စားပေးလို့ရပါတယ်။
ပဲစိမ်း
ပဲလုံးစိမ်းလေးတွေကနေ ပရိုတင်း (၅.၄)ဂရမ်ရအောင်လို့ (၁၀၀)ဂရမ်လောက် စားပေးနိုင်ပါတယ်။
ဟင်းနုနွယ်
တစ်ခွက်ချက်ရင် (၅.၃)ဂရမ် ရပြီးတော့ (၁၀၀)ဂရမ်မှာဆိုရင် (၃)ဂရမ် ပါပါတယ်။ အဲ့ဒါကြောင့် အနောက်တိုင်းသားတွေက ဖျော်ရည်လုပ်သောက်ကြပါတယ်။ အသားဓာတ်ပြည့်တယ်ဆိုပြီးတော့ပါ။
ပြောင်းဖူး (သကြားပြောင်း)
ပြောင်းဖူးမို့လို့ဆိုပြီး အထင်မသေးကြပါနဲ့။ ပြောင်းဖူး (၁၀၀)ဂရမ်မှာ ပရိုတင်းက (၃)ဂရမ်တောင်ပါပါတယ်။ ချက်ပြီး (၁၀၀) ဂရမ်ဆိုရင် (၄.၇) ဂရမ်တောင်ပါပါတယ်။ ကလေးတွေကို အာဟာရလည်းဖြစ်အောင် ဒီလိုသီးနှံလေးတွေကို သရေစာအနေနဲ့ကျွေးတာ အကောင်းဆုံးပါပဲ။
ကညွတ်
(၁၀၀) ဂရမ်စားတိုင်း (၂.၄)ဂရမ် ပရိုတင်းတွေရမှာပါ။ ဓားပြားလေးရိုက်ပြီး ဆီနည်းနည်းနဲ့ကြော်စားရင် စားမြိန်တဲ့ အသားဓာတ်လည်းရတဲ့ ဟင်းတစ်ခွက်ပါပဲ။
မှို
(၁၀၀) ဂရမ်စားတိုင်း(၃.၆)ဂရမ်ရမယ်။ ပရိုတင်းလည်းရ မှိုလည်း ကြိုက်ကြတယ်မဟုတ်လား။
ပန်းပွင့်စိမ်း
ခုဆို ဈေးထဲမှာအလွယ်တကူရနိုင်ပါတယ်။ ဆိုတော့ ကြော်စားရင်းနဲ့ အသားဓာတ်ရနိုင်ပါတယ်။ (၁၀၀) ဂရမ်မှာအသားဓာတ်က (၂.၄) ဂရမ် ပါပါတယ်။
သူ့ချည်းပဲလားဆိုတော့ မဟုတ်သေးပါဘူး။ နောက်ထပ် ပရိုတင်းတွေရနိုင်တဲ့ အသီးအရွက်တွေကို ပြောပြရရင်တော့ အများကြီးပါပဲ။ (၁၀၀)ဂရမ်စားမိတိုင်းမှာဆိုရင် ပရိုတင်းဘယ်လောက်ရနိုင်မလဲဆိုတော့
(၁) ခရမ်းသီး - ၀.၈၂ ဂရမ်
(၂) မုန်လာဥနီ (ခါကြက်ဥ) - ၁.၁၉ ဂရမ် (အစိမ်း/အကျက်)
(၃) ငရုတ်ပွ အနီ - ၁.၄၈ ဂရမ်(အစိမ်း)
(၄) ကိုက်လန် - ၂.၄၇ ဂရမ် (ချက်ပြီး)
(၅) ဇူကီနီ - ၂.၀၅ ဂရမ် (ချက်ပြီး)
(၆) ပန်းဂေါ်ဖီ - ၂.၂၈ ဂရမ်
(၇) ထောပတ်သီး - ၃ ဂရမ်
(၈) ပန်းဂေါ်ဖီစိမ်းပင်ပေါက် - ၃.၇ ဂရမ် (ချက်ပြီး-အနည်းငယ်ခါး)
(၉) အာလူး - ၇.၈၆ ဂရမ် တို့ပါပဲ။
ဆိုတော့ ကိုယ်နေ့တိုင်းစားသောက်တဲ့ အစားအစာတွေဖြစ်ပြီး အဲ့ကနေ အသားဓာတ်လည်းရနေတယ်ဆိုရင် များများစားပြီး အားများများရှိအောင်နေသင့်တာပေါ့။ ကမ္ဘာသူ ကမ္ဘာသားများ အားများများရှိနိုင်ကြပါစေ။
Reference
https://www.myfooddata.com/articles/vegetables-high-in-protein.php
https://www.eatthis.com/vegetables-protein-content/
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ