၁။ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ လက် အောက်ရှိ ထုံးဘို၊ ရိတ်သိမ်းချိန်လွန်နည်းပညာ သင်တန်းကျောင်းတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၏ ရိတ်သိမ်းချိန်လွန်နည်းပညာ၊ ရိတ်သိမ်းချိန်လွန် ဇီဝကမ္မဗေဒ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း နည်းပညာ၊ ရွေးချယ်ခြင်းနှင့် အတန်းအစားခွဲခြားခြင်းနည်းပညာ၊ ထုပ်ပိုးခြင်းနည်းပညာ၊ သိုလှောင်ခြင်းနည်းပညာ၊ အော်ဂဲနစ်နည်းပညာ၊ အစားအစာများ ပြုပြင်မွမ်းမံခြင်းနည်းပညာ၊ ဈေးကွက်စီးပွားရေးနည်းပညာ ဘာသာ ရပ်များအား ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပါ၍ တောင်သူများ၊ ပွဲစားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်သူများ၊ ရောင်းချသူများ၊ စိတ်ပါဝင်စားသူ မည်သူမဆို ကြိုတင်စာရင်းပေးသွင်း တက်ရောက်နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။ (သင်တန်းကြေး အခမဲ့ ဖြစ်ပါသည်။)
၂။ အောက်ဖော်ပြပါ သင်တန်းနေ့ရက်များအတွက် ဆက်သွယ်စုံစမ်းစာရင်းပေးသွင်း နိုင်ပါသည်။
သင်တန်းဖွင့်လှစ်မည့်ရက်စွဲ-
➢ (၂၅.၆.၂၀၁၉) မှ (၂၇.၆.၂၀၁၉) ထိ
➢ (၂၄.၇.၂၀၁၉) မှ (၂၆.၇.၂၀၁၉) ထိ
➢ (၂၇.၈.၂၀၁၉) မှ (၂၉.၈.၂၀၁၉) ထိ
➢ (၂၄.၉.၂၀၁၉) မှ (၂၆.၉.၂၀၁၉) ထိ
ဆက်သွယ်ရန်ဖုန်း- ၀၉-၅၃၂၂၅၄၅၊ ၀၉-၄၃၀၆၀၆၉၂၊ ၀၉-၄၄၃၀၆၀၆၉၂၊ ၀၉-၃၃၈၅၀၅၉၄၊ ၀၉- ၉၆၅၂၄၅၀၉၆၊ ၀၉-၄၂၂၂၉၈၀၆၁
Source - စိုက်ပျိုးရေးဦးစီးဌာန
East West Seed Myanmar ကြော်ငြာ

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ