ပေါင်းစည်းလယ်ယာ

18/12/2020 11:45 AM တွင် Call center Call center မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ပေါင်းစည်းလယ်ယာကို မည်သည့်အမျိုးအစားများနှင့် ပေါင်းစပ်တည်ထောင်လျှင် အကျိုးကျေးဇူးများရနိုင်ပါသလဲ သိလိုပါသည်။

     ပေါင်းစည်းလယ်ယာဆိုသည်မှာ မြေဧရိယာတစ်ခုထဲတွင် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း တွဲဖက်လုပ်ကိုင်ခြင်းဖြစ်သည်။ တွဲဖက်လုပ်ကိုင်ခြင်းဖြင့် ရလာနိုင်သည့် အကျိုးကျေးဇူးများမှာ

၁။ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သော သွင်းအားစုများကို အလေအလွင့်မရှိ အကျိုးရှိစွာ အပြန်အလှန်အသုံးချနိုင်ခြင်း

၂။ ဓာတုသွင်းအားစုများကို အသုံးပြုမှုနည်းခြင်းနှင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိခြင်း

၃။ တစ်နေရာထဲတွင် ဈေးကွက်လိုအပ်ချက်ကို ထိန်းညှိထုတ်လုပ်နိုင်ခြင်းကြောင့် အကျိုးအမြတ်များခြင်း

၄။ နိုင်ငံတကာဈေးကွက်သို့ Organic food များ ယှဉ်ပြိုင်ထုတ်လုပ်နိုင်ခြင်း

၅။ အချိန်၊ လုပ်အား၊ အရင်းအနှီးတို့ကို ကျစ်ကျစ်လစ်လစ်နှင့် အကျိုးထိမိစွာ အသုံးချနိုင်ခြင်းတို့ဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာန - call center 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်