မျိုးရင်း ။ ။ Mimosaceae (ဆူးဖြူမျိုးရင်း)
မြန်မာနိုင်ငံအနှံ့အပြား၌ ပေါက်ရောက်ပြီး အမြဲစိမ်းသစ်တောများ၌ အများဆုံးတွေ့ရသည်။
မြန်မာဆေးကျမ်းများအလိုအရ ကင်ပွန်းပွင့်သည် ချို၏။ အေး၏။ လေသလိပ် သည်းခြေကို နိုင်သည်။ ကင်ပွန်းရွက်သည် ပူ၏။ ချဉ်၏။ အပူကြောင့်ဖြစ်သော အခိုး အကင်းကို ငြိမ်းစေ၏။ ဝမ်းရပ်ခြင်းကို ပြုတတ်၏။ ကင်ပွန်းသီးသည် ခါး၏။ အေး၏။ အစာကို ကြေညက်စေ၍ ဝမ်းကို သက်စေသည်။
အသုံးပြုပုံ -
အသီး
အသီးသည် လေအောင့်ရောဂါ၊ သွေးနှင့်ဆိုင်သော ရောဂါ၊ အဖြူကွက်ပေါ်သော ရောဂါ၊ အစာအိမ်ရောဂါနှင့် ဝမ်းချုပ်ခြင်းကို ပျောက်စေသည်။
၂။ အသီးနှင့် အရွက်ပြုတ်ရည်ကို ဝမ်းပျော့ဆေးရည်အဖြစ် သုံးသည်။
၃။ အသီးပြုတ်ရည်နှင့် ခေါင်းလျှော်ပေးခြင်းဖြင့် ဆံပင်သန်စေသည်။
၄။ အသီးကို ကြိတ်၍ အရေပြားရောဂါကို လိမ်းပေးလျှင် ပျောက်သည်။
၅။ အသီးများကို မြွေဆိပ်ကုဆေး ဖော်စပ်ရာ၌လည်း သုံးသည်။
၆။ စိန်နှင့်သံပုရာ စားမိသူအား ကင်ပွန်းသီးကိုကျိုပြီး လက်ဖက်ရည်ပန်ကန်တစ်လုံးခန့် တိုက်ပေးသော် စားထားသော စိန်နှင့်သံပုရာများ ပြန်အန်ထွက်စေသည်။
အရွက်
၁။ အရွက် ရေနွေးဖျော်ရည်ကို ငှက်ဖျားရောဂါအတွက် သုံးသည်။ ဝမ်းဗိုက် လေပွခြင်းအတွက် ၎င်းအရည်ကို သောက်ခြင်းဖြင့် ဝမ်းပျော့ပျော့သွား၍ ပျောက်စေသည်။
၂။ အရွက်နုကလေးများကို ငရုတ်ကောင်းရည်တွင် စိမ်၍ ဆား၊ မန်ကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး အသည်းရောင် အသားဝါရောဂါ၊ သည်းခြေရောဂါ စသည်တို့အတွက် တိုက်ကျွေးပါက သက်သာစေသည်။
၃။ အရွက်နုများကို ညသိပ်စိမ်ပြီးသောက်သော် အဖျဉ်းရောဂါပျောက်စေသည်။
၄။ အရွက်နုများကို ကြိတ်၍ အသည်းရောင်သော နေရာများ၌ လိမ်းကျံပေးက သက်သာစေသည်။
မြန်မာ့ဆေးဝါးပင်များ
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်