သွေးအားကောင်းစေတယ်ဆိုတဲ့ ကညွတ်

17/10/2019 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   မြန်မာနိုင်ငံစွတ်စိုထိုင်းမိုင်းသော အရပ်ဒေသများတွင်ပေါက်ရောက်သည်။ တောင်ပေါ်ဒေသနှင့် အေးသောအရပ်ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ သဘာဝအလျောက် ပေါက်ရောက်သော်လည်း စားသုံးရန်အတွက် စိုက်ပျိုးကြသည်။

   မြန်မာ့ဆေးကျမ်းများအလိုအရ ချိုအေးသောအရသာရှိ၍ အေးသော ဂုဏ်သတ္တိရှိသည်။ သလိပ်ကိုကြေစေ၍ သွေးသည်းခြေကို နိုင်သည်။ သွေးလွန် သွေးအန်နာတို့ကို ပျောက်ကင်းစေသည်။

   အရွက်၊ အပင်၊ အစို့၊ အမြစ်၊ အသီး အားလုံး လူတို့အား အကျိုးပြုသည်။ သို့သော် အစို့အမြစ်သည် အဓိက အသုံးကျသည်။

အမြစ်အသုံးပြုပုံ

၁။ အမြစ်ကို ချက်ပြုတ်စားသောက်၍လည်းကောင်း၊ နွားနို့နှင့်အတူ နို့ထမင်းပြုလုပ်၍လည်းကောင်း စားပါက အားကိုဖြစ်စေသည်။ 

၂။ ကညွတ်မြစ်ဥအရည်ကိုကျိုချက်၍ ရသောအဆီဖြင့် အဆစ်ရောင်ခြင်း၊ ကိုက်ခြင်းနှင့် လေရောဂါတို့ကို လိမ်းကျံပေးက ပျောက်ကင်းသည်။

၃။ ကညွတ်မြစ်အရည်ကို ပျားရည်၊ နွားနို့ရည်တို့နှင့်ရော၍ သောက်ပါက ဆီးပူ၊ ဆီးအောင့်ခြင်း၊ ကိုက်ခဲခြင်းနှင့် အမျိုးမျိုးသော သည်းခြေရောဂါများ ပျောက်ကင်းစေသည်။

၄။ ၎င်းမြစ်အရည်ကို နွားနို့နှင့် အလေးချိန်တူ ရော၍သောက်ပါက ကြာရှည်စွာ စွဲကပ်နေသော ကျောက်တည်ရောဂါပျောက်ကင်းသည်။ အဆိပ်အမျိုးမျိုးသင့်သော ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်သည်။

အညွှန့်အသုံးပြုပုံ

   အညွှန့်ကို စားသုံးခြင်းဖြင့် လေကို ကြေစေသည်။ အင်အားကို ဖြည်းတင်းစေသည်။ သွေးအားကောင်းစေသဖြင့် သားဖွားပြီး မိခင်များ စားသုံးရန် အထူးသင့်လျော်သည်။ 

မြန်မာ့ဆေးဝါးပင်များ


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်