မကွေးဒေသအနီးတစ်ဝိုက်က နှမ်းစိုက်တောင်သူတွေနဲ့ ဖြန့်ဖြူးထုတ်လုပ်ရောင်းချသူ၊ စားသုံးသူများအတွက် သတင်းကောင်း

17/05/2021 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    မကွေးတိုင်းဒေသကြီးရဲ့ အဓိကထွက်ကုန်တစ်ခုဖြစ်တဲ့ နှမ်းသီးနှံနဲ့ပတ်သက်သမျှ ဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ ဖြည့်ဆည်းပေးဖို့အတွက် MySFA ရှိပါတယ်။ မကွေးမြို့နယ်မှာဖွင့်လှစ်ထားတဲ့ မြန်မာ့နှမ်းစိုက်တောင်သူများအသင်း - MySFA ရဲ့ နှမ်းကုန်ချောထုတ်စက်ရုံမှာ ရယူနိုင်မယ့်ဝန်ဆောင်မှုတွေကတော့ - 

“တောင်သူများအတွက်”   စိုက်ပျိုးချိန်အမီ မိမိတို့မြေယာတွေကို အကောင်းဆုံးပြုပြင်နိုင်ဖို့ အတွက် ထွန်စက်ဝန်ဆောင်မှုနဲ့ နှမ်းရိတ်သိမ်းချိန်မှာ အဆင်ပြေဆုံးဖြစ်စေဖို့ နှမ်းရိတ်စက်ဝန်ဆောင်မှုတို့အပြင် သွင်းအားစုတွေဝယ်ယူတဲ့အခါမှာဖြစ်ဖြစ်၊ သီးနှံတွေ ရောင်းချတဲ့အခါပဲဖြစ်ဖြစ် သယ်ယူပို့ဆောင်ရေးအဆင်ပြေစေမယ့် ကုန်ကားအငှားဝန်ဆောင်မှုကိုလည်း ရရှိနိုင်မှာပါ။

“နှမ်းတောင်သူတွေနဲ့ နှမ်းသီးနှံစေ့၊ မျိုးစေ့ ဖြန့်ဖြူးထုတ်လုပ်ရောင်းချသူတွေအတွက်” အရည်အသွေးကောင်းထုတ်ကုန်တွေ ရောင်းချနိုင်ဖို့အတွက်လည်း အရေးကြီးတဲ့ တန်ဖိုးမြှင့်ထုတ်ကုန် (Value added) ဝန်ဆောင်မှုအနေနဲ့ နှမ်းမျိုးစေ့သန့်စင်စက်၊ အရောင်ခွဲစက်စတဲ့ အဆင့်မြင့်ခေတ်မီစက်တွေကို အသုံးပြုပြီးတော့ လူကြီးမင်းတို့ရဲ့ နှမ်းသီးနှံစေ့၊ မျိုးစေ့များအတွက်  အရောအနှောကင်းစင်အောင် အကောင်းဆုံးခွဲခြားသန့်စင်ပေးတဲ့ ဝန်ဆောင်မှုကိုလည်း ရယူနိုင်ပါတယ်။ 

“နှမ်းသီးနှံစေ့နဲ့ မျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေ” ရဲ့ထုတ်ကုန်တွေကို လုံခြုံစိတ်ချစွာ သိုလှောင်နိုင်ဖို့အတွက်လည်း သီးသန့်ဝန်ဆောင်မှုအဖြစ် MySFA ရဲ့ သိုလှောင်ရုံမှာ အရည်အသွေးမပျက် စနစ်တကျသိမ်းဆည်းမှုတွေနဲ့ လူကြီးမင်းတို့ရဲ့ ထုတ်ကုန်များကို ထိန်းသိမ်းပေးမယ့်ဝန်ဆောင်မှုကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ 

အရောအနှောကင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ နှမ်းဆီကောင်းကောင်းကိုမှ ရယူလိုတဲ့ “စားသုံးသူမိဘပြည်သူများအတွက်” တော့ အထူးဝန်ဆောင်မှုအနေနဲ့ GAP နှမ်းစိုက်တောင်သူတွေနဲ့ချိတ်ဆက်ပြီး နှမ်းကုန်ကြမ်းကနေ နှမ်းဆီရရှိတဲ့အထိ ဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှုကို ရရှိနိုင်မှာလည်းဖြစ်ပါတယ်။  မိမိတို့ယာကထွက်တဲ့နှမ်းကို ဆီကြိတ်ယူလိုတဲ့ တောင်သူတွေအတွက်လည်း MySFA က ဝန်ဆောင်မှုပေးဦးမှာပါ။

    ဒီဝန်ဆောင်မှုတွေကို ရယူဖို့အတွက်ဆိုရင်တော့ ဖုန်းနံပါတ် 09-40165 939709-76076 8886 တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာလိုသူများအနေနဲ့ မြန်မာ့နှမ်းစိုက်တောင်သူများအသင်း MySFA တည်ရှိရာ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဂွေးတောက်စမ်းကျေးရွာကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။

MySFA ၏ ယခုကြော်ငြာအစီအစဉ်ကို GIZ-SAFI ပရောဂျက်မှ ပံ့ပိုးကူညီပါသည်။ 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်