မြန်မာနိုင်ငံ၏ စားသုံးဆီဈေးကွက်အတွင်း၌ ဓါတုဗေဒအနံ့ရော Fake Market ဆီများ လွှမ်းမိုးလျက်ရှိခြင်းကို ပပျောက်စေရန် တိကျသည့် လမ်းညွှန်ချက်နှင့်အညီ ပြတ်သားသည့် အရေးယူမှုများ ဆောင်ရွက်ပေးပါရန် ပြည် ထောင်စုအစိုးရအဖွဲ့သို့ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှ သတင်းရရှိ သည်။
" ဈေးကွက်အတွင်းမှာ တရားမဝင်ရောင်းချပြီး ထုတ်လုပ်နေတဲ့ စားသုံးဆီတွေ ကင်းရှင်းပပျောက်ဖို့အတွက် စား သုံးသူရေးရာ ဦးစီးဌာန၊ FDA နဲ့ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းရဲ့ အကြံပြုချက်တွေကို ဆောင်ရွက်စေ လိုပါတယ်။" ဟု မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဌ ဦးခင်စိုးက ပြောသည်။
Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more
Facebook page သို့သွားရန်