ငန်းသည် Anatidaeမျိုးရင်းတွင် ပါဝင်ပြီး ထိုမျိုးရင်းတွင် ဘဲငန်းနှင့် ဘဲတို့လည်း အပါအဝင်ဖြစ်သည်။ ငန်းသည် ဝမ်းဘဲ၊ စက္ကဝက် စသည်တို့နှင့်အတူ "Anseriformes” မျိုးစဥ်တွင် ပါဝင်သည်၊
ငန်းတို့တွင် တင့်တယ်ရှည်လျားသော လည်ပင်းရှိကြသည်။ များသောအားဖြင့် ငန်းတို့၏ အမွှေးအတောင်မှာ ဆွတ်ဆွတ်ဖြူ၍နေသည်။ ဦးခေါင်းတွင် အနက်ရောင်လည်းရှိ၏။ ကမ္ဘာပေါ်ရှိ ဩစတေးလျတိုက်တွင် ငန်းအနက်များကို ထူးခြားစွာ တွေ့ရတတ်ပါသည်။
ငန်းတို့၏ အသံသည် ကျယ်လောင်၍ တံပိုးမှုတ်သံနှင့် ခပ်ဆင်ဆင်တူကြ၏။ ငန်းတို့၏ ထူးခြားချက်မှာ ငန်းဖိုနှင့် ငန်းမတို့သည် အများအားဖြင့် တစ်ဘဝတာလုံးအတွက် ပေါင်းဖက်ကြသည်။ သို့သော် တစ်ခါတစ်ရံတွင်မူ အမများမှာ ဥများမအောင်မြင်သောအခါတွင် အဖိုနှင့်အမ မပေါင်းဖက်ဘဲ ရှိတတ်ကြသည်။ ငန်းမသည် ဥတစ်ကြိမ် ဥလျှင်(၃-၈)လုံးထိ ဥ တတ်ကြပါသည်။ အသိုက်မှာ ညစ်ပတ်နေသော ကျူပင်၊ ရေညှိပင်စသည်တို့ဖြင့် ရှုပ်ထွေးလျက်ရှိသည်။ ငန်းမများ ဥများဥနေစဥ် ငန်းဖိုက ဥများကို ကာကွယ်စောင့်ရှောက်ပေးသည်။ ငန်းသည် အများအားဖြင့် သစ်ဥသစ်ဖုကိုသာ စားတတ်၏။ သို့သော် တစ်ခါတလေ အခြားပိုးမွှားနှင့် ပက်ကျိတို့ကိုလည်း စားတတ်ကြသည်။
ငန်းအမျိုးအစား(၈)မျိုးခန့်ရှိကြပြီး ငွေငန်းဖြူ၊ ငန်းညို၊ ငန်းပုတ်၊ ခြင်္သေ့ခေါင်းပန်း စသဖြင့် ရှိကြပါသည်။
ထိုငန်းအမျိုးအစားများတွင်မှ ခြင်္သေ့ခေါင်းပန်းမှာ တရုတ်နိုင်ငံ၏ အကြီးဆုံး အသားစားငန်းအမျိုးအစား တစ်မျိုးဖြစ်ပါသည်။ ထိုငန်းအမျိုးအစားမှာ ကြီးထွားနှုန်းမြန်ခြင်း၊ ကျွေးစာကြမ်းစားသုံးနိုင်ခြင်း၊ အသားနှင့် ဥ(၂)မျိုးလုံး စားသုံးနိုင်ခြင်းတို့ကြောင့် မွေးမြူသူများအတွက် ကောင်းမွန်သော စီးပွားရေးအမြတ်အစွန်းကို ရရှိစေနိုင်ပါသည်။
ငန်းမွေးမြူသူများအနေဖြင့် ငန်းမျိုးကောင်း၊ မျိုးသန့် ငန်းကို ရွေးချယ်ဝယ်ယူမည်ဆိုပါက အောက်ပါအချက်များကို သိထားရပါမည်။
၁။ ငန်းမျိုးကောင်း/မျိုးသန့်ရွေးချယ်ရာတွင် -
(က) အမွေးပွခြင်း၊ အသံအောင်ခြင်း၊ ဖျတ်လတ်ခြင်း၊ ချောမွေ့ခြင်း၊ သန့်ရှင့်းခြင်း၊ မြူးကြွခြင်း၊ လှဲကျလျှင် လျင်မြန်စွာ ပြန်လည်ထနိုင်ခြင်း၊ ဝမ်းဗိုက်အပိုင်းပျော့အိခြင်း၊ စအိုပေါက်တွင် စွန့်ပစ်အညစ်အကြေးများကပ်မှု မရှိခြင်းတို့ ဖြစ်ပါသည်။
၂။ မွေးမြူမှု သိပ်သည်းဆ
၁ စတုရန်းမီတာလျှင် (၁)ပတ်သားအရွယ် ငန်းပေါက်(၂၀ – ၂၅) ကောင်အထိ မွေးမြူနိုင်ပြီး (၂)ပတ်သားအရွယ် ငန်းပေါက် (၁၅ – ၂၀) ကောင်အထိ (သို့) (၃)ပတ်အရွက် ငန်းပေါက်(၁၀)ကောင် မွေးမြူနိုင်ပါသည်။
၃။ မွေးမြူအပူချိန်
ဆောင်းရာသီတွင် အပူချိန်နိမ့်ခြင်းကြောင့် ငန်းပေါက်များအား အပူထိန်းခန်းတွင် မွေးမြူသွားရမည်ဖြစ်ပြီး အောက်တွင် အခင်းခင်းပေးရမည်ဖြစ်ကာ ငန်းပေါက်များ မြေဆီလွှာဖြင့် တိုက်ရိုတ်ထိတွေ့ခြင်းမရှိစေရန် သတိထားရမည်ဖြစ်သည်။
မွေးမြူရန်အသင့်တော်ဆုံးသော အပူချိန်မှာ (၂၄ – ၃၀) ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး အပူချိန်သင့်လျော်မှသာ ငန်းပေါက်များ ပုံမှန်ကြီးထွားနိုင်မည်ဖြစ်သည်။
၄။ မွေးမြူရန် သင့်လျော်မည့်အစိုဓါတ်
ခြံတွင် မွေးမြူရန်အတွက် အသင့်လျော်ဆုံးသော အစိုဓါတ်မှာ (၆၀ – ၇၀)%ဖြစ်ပြိး အစိုဓါတ်ထိန်းညှိပါက အောက်ခံအခင်းကို မကြာခဏ လဲလှယ်ပေးရမည်ဖြစ်ပြီး စွန့်ပစ်အညစ်အကြေးများကို အမြဲတမ်းရှင်းလင်းပေးကာ မြေဆီလွှာနှင့် ခြံတွင် ခြောက်သွေ့နေရန်အတွက် ထိန်းသိမ်းထားရမည် ဖြစ်သည်။
၅။ ရေထဲလွှတ်ပေးခြင်းနှင့် လွှတ်ကျောင်းခြင်း
ရေထဲလွှတ်ပေးခြင်းကို သာမန်အားဖြင့် (၇ -၁၀)ရက်သားအရွယ်မှ စတင်ခြင်းဖြစ်ပြီး ရာသီဥတုအေးပါက (၂)ပတ်ပြီးနောက် ငန်းပေါက်အား ရေတိမ်ထဲတွင် ဆော့ကစားစေနိုင်မည်ဖြစ်သည်။
ပထမအကြိမ်ရေထဲဆော့ကစားခြင်းအား (၆-၈)မိနစ်ခန့်ကြာလျှင်ရပြီ ဖြစ်သည်။ နောက်ပိုင်းတွင် ရေထဲလွှတ်ပေးချိန်နှင့် နက်ရှိုင်းမှုကို တိုးချဲ့မြှင့်တင်သွားရမည်ဖြစ်သည်။
ဦးဇော်(dof)
မှီငြမ်း - www.cnhnb.com မှ ကောက်နှုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ