ကန္တာရထဲက စပျစ်ဝိုင်ဖန်တီးသူ

31/12/2018 13:08 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

မိဘ လက်ငုတ်လက်ရင်း စိုက်ပျိုးရေးတွင် ကိုဇော်မင်းခိုင် အထူး စိတ်ဝင်စားခဲ့သည်က  စပျစ်စိုက်ပျိုးရေးဖြစ်ပြီး သူ့စိတ် ကစပျစ် စိုက်ပျိုးမှုအောင်မြင်ဖြစ် မြောက် ရေးအပေါ်တွင်သာအာရုံ ထား လေ့လာခဲ့သည်။ဇာတိကျေး ရွာသူနှင့်အိမ်ထောင်ကျခဲ့ပြီး မ ကွေးမြို့သို့ ပြောင်းရွှေ့လာချိန် တွင် စပျစ်စိုက်ပျိုးမှုမရှိသည့် မ ကွေးမြို့၌ ကိုယ်ပိုင်အိပ်မက်ကို အကောင်အထည်ဖော်ခဲ့သည်။

စပျစ်ပင်၏ သဘောတရား၊ ကြိုက်တတ်သည့် မြေခံရေခံ၊ မြေ သြဇာ၊အာဟာရ၊ ရာသီဥတုကစ ၍အသေးစိတ် လေ့လာခဲ့သည်။ စပျစ်စိုက်ပျိုးရေးနှင့် ပတ်သက် သည့် စာအုပ်တွေဖတ်သည်။ အပူူပိုင်းဒေသ၌ စပျစ်ခြံကြီးတစ် ခြံ စိုက်ပျိုးနိုင်ရေးကသာသူ၏ စိတ်အာရုံတွင်စိုးမိုးနေခဲ့သည်။

‘‘များသောအားဖြင့် လူတွေ က စပျစ်ပင်ဆိုတာ တောင်ပေါ် ဒေသတွေမှာပဲ ပေါက်တယ်လို့ ထင်ကြတယ်။ တကယ်တမ်းကျ စပျစ်ပင်က နွယ်မျိုးပါ။ ရာသီဥတု ပူတာ၊ အေးတာကို လုံးဝမ ကြောက်ပါဘူး။ တော်ရုံလေမုန် တိုင်းကိုတောင် မကြောက်ပါ ဘူး’’ ဟု အသက် (၃၉) နှစ်အရွယ် ကိုဇော်မင်းခိုင်ကဆိုသည်။

အသေးစိတ်ဖတ်ရန် နှိပ်ပါ...


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်