အစိမ်းရောင်လမ်းရဲ့ အဖွဲ့ - Group လုပ်ဆောင်ချက်ကို ဒီတစ်ပတ်ထဲမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ တောင်သူအချင်းချင်း တွေ့ဆုံနိုင်မယ့်နေရာ၊ ဆွေးနွေးဖလှယ်နိုင်ဖို့နေရာအဖြစ် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တောင်သူတွေ ပါဝင်လာဖို့ရည်ရွယ်ထားတာကြောင့် အခုလို အစီအစဉ်လေးတွေ လုပ်ဆောင်ဖြစ်တာဖြစ်ပါတယ်။
ဒီအစီအစဉ်မှာတော့ အဖွဲ့ထဲက တောင်သူတွေကို ဖော်ပြပါ စိုက်ပျိုးရေးစာအုပ်တွေကို လက်ဆောင်ပေးသွားမှာဖြစ်ပါသည်။ စာအုပ်ရေးသားကြတဲ့ စာရေးဆရာတွေရဲ့ လက်မှတ်တွေလည်း ပါတာမို့ တန်ဖိုးဖြတ်မရပါဘူးနော်။ စာရေးဆရာတွေကလည်း တောင်သူတွေကို လက်ဆောင်ပေးမှာမို့ ဝမ်းသာနေကြပါတယ်။
ကံစမ်းဖို့အတွက် ဘာတွေလုပ်ရမလဲ?
✅ "စိုက်မွေးအတွေ့အကြုံ မျှဝေရာ" ဆိုတာလေးကို နှိပ်ပြီး အဖွဲ့ဝင်ပါ။
အဖွဲ့ဝင်ပြီးတာနဲ့ စိုက်ပျိုးရေးစာအုပ် မဲဖောက်မယ့် စာရင်းထဲကို အလိုလိုရောက်သွားပါပြီ။ မဲကို ဒီလကုန် ဖေဖော်ဝါရီ (၂၈) ရက်နေ့မှာ မဲပေါက်သူစာရင်းကို ကြေညာပေးသွားမှာဖြစ်ပါတယ်။
App version က နောက်ဆုံးဖြစ်ဖို့လိုပါတယ်။ မရသေးရင် စဖွင့်ခါစမှာ version မြှင့်ဖို့ မေးလာရင် "တိုက်ရိုက်ရယူမယ်" ကိုနှိပ်ပြီး မြှင့်ပေးပါ။ Android ဖုန်းမှာပဲ ရပါသေးတယ်။ အသေးစိတ်သိလိုပါက အစိမ်းရောင်လမ်းကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ကွန်မန့်မှာလည်း မေးခွန်းချန်ခဲ့နိုင်ပါတယ်။
ကံကောင်းကြပါစေ။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ