ပျော်စရာပဟေဠိ(၄၉) အဖြေမှန်

18/11/2020 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဗုဒ္ဓဟူးနေ့လေးပါဗျို့

အဖြေမှန်လေးနဲ့အတူ ဆုရရှိသွားသူတွေကို ကြေညာလိုက်ပါပြီ..

လက်ချားလို့ခေါ်ကြတဲ့ ဘိုရွန် ကို ပန်းပွင့်ချိန်ကနေ အသီးကင်းဝင်ချိန်ထိ ကျွေးရမှာ ဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ.. 

အသီးအပွင့်တွေတင်ဖို့ အသီးအောင်ဖို့ ကူညီပေးပါလိမ့်မယ်နော်။ ပဲသီးနှံတွေ စိုက်နေကြပြီမို့  ဒီတစ်ပတ်ရဲ့ အဖြေလေးက ဆုမရလည်း ကောင်းကောင်းအသုံးချလို့ရပါတယ်။

ဆုရရှိသွားသူတွေကတော့ 

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးက ko htet (၄၀၀၀ ကျပ်)

မကွေးတိုင်း ဒေသကြီး ရေစကြိုက ဝေလင်းဦး (၃၀၀၀ ကျပ်)

ဖေ့ဘုတ်အကောင့်ပိုင်ရှင် ညီမလေး Nay Zar Win တို့ပဲဖြစ်ပါတယ်။

ဆုရရှိသွားသူတွေကို နေ့လည် (၂)နာရီနဲ့ (၃)နာရီအတွင်းမှာ ဆက်သွယ်ပေးသွားပါမယ်နော်

ဖြေဆိုကြတဲ့ သူအားလုံးလည်း ဆုမရတောင် ဗဟုသုတွေရသွားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ညမှာ ပဟေဠိ အသစ်လေးနဲ့ပြန်လာခဲ့မှာမို့ စောင့်နေကြပါအုံးဗျို့....

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်