စိန်နားကပ်ပန်းနှင့် ဆေးဖက်ဝင်ပုံ

04/11/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိန်နားကပ်ပန်းကို အင်္ဂလိပ်အမည် Blood flower လို့ခေါ်ပါတယ်။ Blood flower လို့ ဘာကြောင့်ခေါ်မှန်းမသိပေမယ့် သွေးလိုရဲရဲနီသော ပွင့်ချပ်များအလယ်ကနေ အဝါရောင်ဝတ်ဆံအုံ ထွက်နေပုံက ထူးခြားသော ပန်းအလှကိုပေးစေတယ်။ သွေးအရောင်ရှိတဲ့ပန်း bloodflower or blood flower ဆိုတဲ့အမည်နဲ့ လိုက်ဖက်လှတယ်၊ လိပ်ပြာလေးတွေ သွေးဆောင်နိုင်တာကြောင့်လည်း Mexican butterfly လို့လည်း ခေါ်သေးတယ်။ မြန်မာအမည်ကတော့ ရွှေတကုန်းပန်း လို့ ခေါ်တယ်။ အပင်ကထွက်တဲ့ အဆိပ် နို့စေး (poisonous milky sap) တွေကြောင့် မျက်စိကို ထိခိုက်နိုင်တယ်။ 

ဒီအပင်လေးတွေက အေးမြသောတောင်တန်းတွေမှာ အလှပင်အနေနဲ့ စိုက်ကြတယ်။ ဒါပေမဲ့ ဒီအပင်လေးဟာ ပူပြင်းခြောက်သွေ့သောရာသီကိုလည်းနှစ်သက်ပါတယ်။ ရာသီဥတုကြောင့်ထင်ပါရဲ့ တောင်ပေါ်က ပန်းတွေက အရောင် သွေးအရောင်နဲ့ ပိုတူတယ်၊ ပိုပြီးကြီးပြီး ပိုလှတယ်။ 

ဆေးဝင်တဲ့အပင်

အပင်ကနွယ်သာကီအပင်နဲ့ဆင်လှပါတယ်။ အပင်ကိုချိုးဖဲ့ရင် ပင်စည် အရွက်က နို့စေးအဖြူတွေထွက်ပါတယ်။ ပန်းခိုင်က ကြားထွက် umbelliform ပုံစံပါ၊ ပန်းပွင့်များက အနီရောင်သန်းပြီး လိင်စုံပွင့်တွေပါ၊ ပန်းပွင့်က လှလွန်းတော့ စိန်နားကပ် ခေါ်သလို ပန်းတိမ်ငိုလည်း ခေါ်ကြတယ်၊ ပွင့်ဖတ် ပွင့်ချပ် ၅ ခုစီပါပြီး  အနီရောင်ပါ ပွင့်ဖတ်တွေက reflex ဖြစ်နေပုံကထူးခြားလှတယ်။ ပွင့်ချပ်ကတော့ လိမ္မော်ရောင် နဲ့ အဝါရောင်ရင့်ရင့်ပါ၊ 

ဒီအပင်လေးဟာ  သာမာန်အလှစိုက်အပင်ဖြစ်သလို တိုင်းရင်းဆေး၀င်ပင်တစ်ပင်လည်းဖြစ်လို့နေပြန်တယ်၊ "ရှင်နာဂသိန်"ဆေးကျမ်းတွင် သူ့ကို "ရွှေတကုန်းပင်" ခေါ်ပြီး အမြစ်နဲ့ အပွင့်ကို ဆေးဖက်၀င်သည်လို့ဖော်ပြထားပါတယ်။ အပင်၏ ဂုဏ်နှင့်စွမ်းရည်တွင် အမြစ်သည်အန်စေတတ်၏ သွေးယိုစီးခြင်းကိုရပ်စေ၏ သုံးဆောင်ခြင်းဖြင့်သွေးကြောကြီးများတွန့်ရှုံ့စေ၏ ပွင့်လင်းစေ၏ နှလုံးကို ကျေးဇူးပြု၏ ။ သင့်ရုံစားလျှင် အစာအိမ်နှင့် အသည်းကို အားပေး၏။ သည်းခြေရည်ကို စီးဆင်းစေ၏။ ချွေးကိုထွက်စေ၏။ သလိပ်ကိုနိုင်နင်းစေ၏ ။ လွန်စွာစားလျှင် အော့အန်စေ၏။ ပိုးများကိုဖျက်စီးတတ်၏။ ဓာတ်သက်စေ၏။ 

ဆေးမြစ်ကို သွေးအန်သွေးကျများရပ်တန့်ရန်အသုံးပြု၏။ အရွက် အပွင့်ကျိတ်ပြီး သွေးစိမ်းထွက်သောနေရာများကို လိမ်းပေးခြင်းဖြင့် သွေးထွက်ရပ်ကာ အသားနု အမြန်တက်၏။ အမြစ်ကိုသွေးလိမ်းသော် သောက်သော် သလိပ်ပျော်စေ၏...ဟု ဖော်ပြထာပြီး ဆေးအသုံးပြုပုံများအသေးစိတ်ဖော်ပြထားသောကြောင့် တိုင်းရင်းဆေးဝါးတွင် လွန်စွာတန်ဖိုးကြီးလှသော အပင်ဖြစ်ပါသည်။

References- Wikipedia

ကိုသက်နိုင်ဦး

ဟုမ္မလင်း


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်