ကဏန်းစားသုံးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ

25/11/2019 11:30 AM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။ ကဏန်းတစ်ကောင်တွင် အသားနည်းနည်းသာပါသော်လည်း အသားဓါတ်(Protein)များ ကြွယ်ဝလှပေသည်။ ထိုအသားဓါတ်မှာ အရည်အသွေးမြင့်မားပြီး အမဲသား၊ ဆိတ်သားတို့ကဲ့သို့ အကြောတွေ မပါဝင်သဖြင့် အစာကြေလွယ်ပြီး အသက်အရွယ်မရွေး စားသုံးနိုင်ပါသည်။ 

၂။ ကဏန်းတွင် ဗီတာမင်ဓါတ်(Vitamin) နှင့် သတ္တုဓါတ်(Mineral)များစွာပါဝင်ပြီး အဆီဓါတ်နည်းကာ Omega- 3 ပါဝင်ပါသည်။ ပါဝင်သည့် Omega- 3 သည် အသီးနှံ၊ ဆီတွေမှာ ပါဝင်တတ်သည့် သာမန် Omega- 3 မဟုတ်ဘဲ Long-chain Omega- 3 ဖြစ်သောကြောင့် ကျန်းမာရေးကို အထောက်အကူပြုပြီး စိတ်လှုပ်ရှားမှုပြင်းခြင်းကို တားဆီးပေးခြင်း၊ ကဏန်း (၁၀၀) ဂရမ်တွင် တစ်နေ့တာလိုအပ်သည့် Omega- 3 သုံးပုံတစ်ပုံ ပါဝင်သည်ဟု သိရပါသည်။ 

၃။ ကဏန်းတွင် Selenium ဓါတ်ပါဝင်ပြီး Selenium ဓါတ်မှာ ခန္ဓာကိုယ်ခုခံအားစနစ်မှာ အရေးပါသည့်နေရာမှ ပါဝင်ပြီး ဆဲလ်၊ တစ်သျူးတွေ ထိခိုက်ခြင်းမှ အကာအကွယ်ပေးပါသည်။ ကဏန်းမှာပါဝင်သည့် Selenium ပမာဏမှာ အမဲသားတွင်ပါဝင်တာထက် (၁၂) ဆပိုများသည်ဟု သိရပါသည်။ 

၄။ ကဏန်းတွင် ဗီတာမင် ဘီ-တူး လည်းပါဝင်သောကြောင့်  ဗီတာမင် ဘီ-တူး မှာ သွေးနီဥတွေ ထုတ်လွှတ်ဖို့အတွက် အရေးပါပြီး အရေပြား၊ မျက်လုံးနှင့် အာရုံကြောများအတွက် လိုအပ်သည့် သက်စောင့်ဓါတ်တစ်မျိုးလည်းဖြစ်ပါသည်။ 

၅။ ကဏန်းတွင် ကြေးနီ (Copper) ဓါတ်နှင့် ဖော့စ်ဖရိတ်စ်ဓါတ် (Phosphate) လည်း ပါဝင်ပြီး ကြေးနီးဓါတ်မှာ သွေးနီဥဖွဲ့စည်းတည်ဆောက်ပုံအတွက် အရေးပါပြီး ဖော့စ်ဖရိတ်စ်ဓါတ်မှာ ကျောက်ကပ်လုပ်ငန်းစဥ်၊ နှလုံးကြွက်သားနှင့် အစာခြေစနစ်အတွက် များများလိုအပ်သည့် ဓါတ်တစ်မျိုးဖြစ်ပါသည်။ 

ကဏန်းစားသုံးခြင်းဖြင့် ထိုကဲ့သို့ ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိမှာဖြစ်ပါသည်။ ကဏန်းတွင်မှ ပြာသိုလကဏန်းသည် အကောင်းဆုံးဖြစ်သည်ဟုသိရပြီး ပြာသိုလမိုက်ညကဏန်းဆိုပါက အကောင်ကြီးကာ အဆီ၊ ဥများ၏။ အသားပြည့်၏။ အသားပေါ၍ အချိန်စီးပြီး ရောင်းပန်းလှသည်ဟု သိရပါသည်။ ကဏန်းအသားမှာ အလွန်ချိုပြီး နူးညံ့သောကြောင့် လူကြိုက်များလှပြီး ကဏန်းမာရော ကဏန်းပျော့ပါ ဈေးကောင်းကြပါသည်။ 

သို့ပါသောကြောင့် အခွံမာရေနေသတ္တဝါ ကဏန်းများမှာ လူသားများအတွက် ကျန်းမာရေး အထောက်အကူလည်းပြု၊ အရသာလည်း ထူးခြားကောင်းမွန်၊ ပြည်တွင်းသာမက နိုင်ငံခြားဈေးကွက်ပါ တင်ပို့နေရပြီး နှစ်စဥ် နိုင်ငံခြားဝင်ငွေရရှိစေသော ရေထွက်ကုန် ကဏန်းများအကြောင်းကို လေ့လာမိသမျှ ရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးလုပ်ငန်းဦးစီးဌာန)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်