ကင်းပုံသီးရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

10/12/2021 13:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ကင်းပုံသီးဆိုတာ အလေ့ကျပေါက်ရောက်လေ့ရှိတဲ့ နွယ်ပင်တစ်မျိုးဖြစ်ပါတယ်။ ကင်းပုံသီးဟာ အနည်းငယ် ခါးသပ်သပ်အရသာရှိပြီး ၎င်းကို ပြုတ်တို့ပြီးစားကြသလို ကြော်စားလို့လည်းရပါတယ်။

တစ်ချို့ကတော့ ဟင်းချိုအနေနဲ့လည်း ချက်သောက်ကြပါတယ်။ ကင်းပုံသီးကို မြို့မှာနေထိုင်တဲ့သူတွေဆိုရင်လည်း ဈေးမှာ အလွယ်တကူ ဝယ်ယူနိုင်သလို ကျေးရွာတွေမှာဆိုရင်တော့ ခြံစည်းရိုးတွေမှာ အလေ့ကျ ပေါက်ရောက်လေ့ရှိတာကြောင့် အလွယ်တကူစားသုံးနိုင်ကြပါတယ်။

ကင်းပုံသီးမှာ အဓိကအားဖြင့် မျိုးစိတ် ၃ မျိုးရှိပါတယ်။ ကင်းပုံသီးကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာဆိုရင်လည်း ၎င်းတို့ရဲ့ ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်ကြတာ တွေ့ရပါတယ်။ ယခုဆောင်းပါးမှာတော့ ကင်းပုံသီးစားခြင်းအားဖြင့်ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ကင်ပုံသီးကို ဘာကြောင့်စားသင့်တာလဲ?

ကင်းပုံသီးမှာ ဘီတာကယ်ရိုတင်းလို့ခေါ်တဲ့ လိမ္မော်ရောင်ခြယ်ဆဲလ်တွေ ပါဝင်ပါတယ်။ ဘီတာကယ်ရိုတင်းမှာဆိုရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီး ၎င်းတို့ဟာ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဆဲလ်များပျက်စီးမှုကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါ့အပြင် ကင်းပုံသီးမှာ အပင်ကိုအခြေခံတဲ့ ဓာတုပစ္စည်းတွေပါဝင်ပြီး ၎င်းတို့ဟာ နှလုံးကျန်းမာရေး၊ ပန်းနာရင်ကျပ်၊ ဆီးပူညောင်းကျရောဂါ နဲ့ ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ကိုလည်း လျော့နည်းအောင် ကူညီပေးနိုင်ပါသေးတယ်။ ဒါ့အပြင် ကင်းပုံသီးမှာ အမျှင်ဓာတ်၊ ဗီတာမင် ဘီနဲ့ သံဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်တာတွေနဲ့ သွေးတွင်း သကြားဓာတ်များနေတာတွေကိုလျော့နည်းသက်သာစေပါတယ်။

ဆီးချိုရောဂါ ကာကွယ်ပေးခြင်း

ကင်းပုံသီးဟာ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ကင်းပုံသီးစားခြင်းအားဖြင့် သွေးတွင်းသကြားဓာတ်ကို သိသာစွာ ကျဆင်းစေနိုင်ပါတယ်။ ကင်းပုံသီးမှာဆိုရင် Glucose-6-phosphate dehydrogenase  ဆိုတဲ့ ဓာတ်ကို ဟန့်တားနိုင်တဲ့ ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ ဒါ့ကြောင့် ကင်းပုံသီး၊ ကင်းပုံဟင်းခါးရွက်နဲ့ ကင်းပုံသီး ဟင်းရည်တို့ကို စားသောက်ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အစာခြေဖျက်မှု ကောင်းစေခြင်း

ကင်းပုံသီးစားခြင်းအားဖြင့် ဝမ်းချုပ်ခြင်းကဲ့သို့ ခန္ဓာကိုယ်တွင်း အစာခြေဖျက်မှုဆိုင်ရာ ပြဿနာများကိုလည်း လျော့နည်းသက်သာစေပါတယ်။ ကင်းပုံသီးဟာ အမျှင်ဓာတ်တွေပါဝင်နေတာကြောင့် အစာခြေဖျက်မှုကို အထောက်အကူပြုပြီး အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဓာတ်မတည့်မှုကို ကာကွယ်ပေးခြင်း

ကင်းပုံသီးကို အချို့သော တိုင်းရင်းရိုးရာ ဆေးကုသတဲ့နေရာတွေမှာလည်း အသုံးပြုကြပါတယ်။ ကင်းပုံသီးမှာ အယ်ကာလွိုက်၊ ဖလေဗိုနွိုက်၊ စတီရိုရွိုက်နဲ့ ဂလိုင်ကိုဆိုဒ် စတဲ့ဓာတ်တွေပါဝင်ပြီး ပန်းနာရင်ကျပ်၊ လည်ချောင်းနာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနဲ့ အချို့သော ဓာတ်မတည့်မှုများကို ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်ခြင်း

ကင်းပုံသီးမှာ ဘီတာကယ်ရိုတင်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ ဒါ့ကြောင့် မကြာခဏ စားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကင်းပုံသီးစားသုံးပေးခြင်းဟာ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဆဲလ်များနဲ့ DNA (ဒီအင်န်အေ) များအား ပျက်စီးခြင်းမှကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေတာကြောင့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။

Source- https://www.medindia.net/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်