နာနာတ်သီးနှင့် ကျန်းမာရေးအကျိုးကျေးဇူး (၇) ချက်

21/03/2019 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နာနာတ်သီးဟာဆိုရင် သူ့မှာပါဝင်တဲ့ အာဟာရတွေကြောင့် လူတွေကို အကျိုးကျေးဇူးပြုတဲ့ ကျန်းမာရေးဆိုင်ရာ အချက် (၇) ချက်ရှိပါတယ်။ သူမှာ ပါဝင်တာကတော့ Bromelain (ဘရိုမီလင်း)၊ ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိတ်၊ သကြား နဲ့ ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ရော၊ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ရော ပါဝင်နေတာကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ပြီး အဖြေတွေရထားပါတယ်။ 

ကဲ (၇) ချက်တောင်ဆိုတော့ တစ်ချက်ချင်းစီ လေ့လာကြည့်ကြတာပေါ့။ 

(၁) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတယ်။ ကဲ.......ရောဂါဖိစီးမှုတွေ ရှိနေရင်တော့ နာနတ်သီးကိုသာ စားကြပါနော်။ ရောဂါကို ကာကွယ်ဆန့်ကျင်ပေးတဲ့ ဓာတ်တွေပါတယ်။ အဲ့တော့ ဘယ်လိုနေနေ စားသင့်တဲ့ အစားအစာထဲ ပါသွားပါပြီ။

(၂) သွေးဖြူဥတွေကို တိုးတက်ကောင်းမွန်စေပြီးတော့ နှာခေါင်းပိုင်းဆိုင်ရာ လမ်းကြောင်းတွေကို ကောင်းမွန်စေပါတယ်။ ဗီတာမင်စီ ပါလို့ပါ။ အဲ့တော့ တော်ရုံ နေမကောင်းဖြစ်တာလောက်ကတော့ နာနတ်သီးပေါ့။

(၃) အစာကြေလွယ်စေတယ်။ ကိုယ်စားလိုက်တဲ့ အစားအစာတွေမှာပါတဲ့ ပရိုတင်းတွေကို ကြေညက်လာစေတာမို့ အစာမကြေတတ်တဲ့သူတွေ စားလို့ရပါတယ်။

(၄) ကင်ဆာရောဂါကို ကာကွယ်ပေးတယ်။ ပါးစပ်၊ လည်ချောင်းလမ်းကြောင်းတွေမှာဆိုရင် နာနတ်သီးက တိုက်ရိုက်ကို ကာကွယ်ပေးတာပါ။ 

(၅) ဖောရောင်တာတွေကို သက်သာစေပါတယ်။ ထိခိုက်တာတွေ ဒဏ်ရာတွေကို မြန်မြန်ပျောက်စေပါတယ်။ 

(၆) နာနတ်သီးက အဆစ်အမြစ် ကိုက်ခဲနာကျင်တာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ 

(၇) ခွဲစိတ်ပြီးခါစ အနာတွေ ပြန်ကျက်ဖို့ ချုပ်ရိုးတွေ အသားကျဖို့ဆိုရင် နာနတ်သီးက ကူညီနိုင်ပါတယ်။ 

ကဲ ဒါဆိုရင်တော့ နာနတ်သီးကို စားပေးရင်တော့ ရမဲ့အကျိုးကျေးဇူးတွေကို သိသွားပြီဆိုတော့ နာနတ်သီးစားတိုင်း ပျော်ပျော်ကြီး စားနိုင်ကြပါစေနော်။ 

ထွန်းဝင်းကျော်

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်