နာနတ်သီးနှင့်ကျန်းမာရေး

17/09/2020 19:00 PM တွင် လင်းလင်းထွန်း လင်းလင်းထွန်း မှ ရေးသား

ရာသီပေါ်သီးနှံဖြစ်တဲ့ နာနတ်သီးတွင်ပါဝင်သော အာဟာရဓာတ်များနှင့် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပုံကိုတင်ပြလိုက်ပါတယ်။ နာနတ်သီးဟာ အပူပိုင်းဒေသရဲ့သီးနှံတစ်ခုဖြစ်ပြီး ဗီတာမင်၊ အင်ဇိုင်းနှင့် အန်ဒီအောက်စီဒန့်စတဲ့ဓာတ်တွေပါဝင်ပါတယ်။ ၎င်းဓာတ်တွေဟာ ကိုယ်ခံအားကို တိုးမြှင့်ပေးခြင်း၊ အရိုးများကိုသန်မာစေခြင်းနှင့် အစာမကြေရောဂါများကို ပျောက်ကင်းစေခြင်းစတဲ့ အကျိုးကျေးဇူးများစွာရရှိစေပါတယ်။ နာနတ်သီးဟာ ကယ်လိုရီပါဝင်မှုလည်းနည်းပါးပါတယ်။ 

နာနတ်သီးဟာ ဗီတာမင်စီနှင့် မန်းဂနိဓာတ်တို့မြင့်မားစွာပါဝင်ပါတယ်။ မန်းဂနိဓာတ်မြင့်မားစွာပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဘတ်တီးရီးယားများကိုသေစေနိုင်ပါတယ်။ Thiamin,Vitamin A,B တို့လည်းကြွယ်ဝစွာ ပါဝင်ပါတယ်။ နာနတ်သီးဖျော်ရည်တစ်ခွက်တွင်  ကယ်လိုရီ ၇၄ သာပါဝင်ပါတယ်။နာနတ်သီးတွင် အဆီဓာတ်နှင့် ကိုလက်ထရောတို့ပါဝင်မှုမရှိခြင်း၊ ဆိုဒီယမ်ပါဝင်မှုနည်းပါးပါတယ်။ 

ကျန်းမာရေးအတွက်အကျိုးပြုပုံ

နာနတ်သီးတွင် ဗီတာမင်စီနှင့် ရေတွင်ပျော်ဝင်နိုင်သောအာဟာရဓာတ်များစွာပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များပျက်စီးမှုကိုကာကွယ်ပေးနိုင်ပါတယ်။ 

၁။အရိုးအဆစ်များသန်မာခြင်း

နာနတ်သီးတွင် မန်းဂနိဓာတ်ကြွယ်ဝစွာပါဝင်ခြင်းကြောင့် ပုံမှန်စားသုံးခြင်းအားဖြင့် အရိုးများသန်မာစေရန် ကူညီပေးနိုင်ပါတယ်။ မန်းဂနိဓာတ်တွင် ဇင့်၊ ကော့ပါးနှင့် ကယ်လ်စီရမ်တို့ပါဝင်ခြင်းကြောင့် အရိုးများကိုသန်မာစေခြင်း ဖြစ်ပါတယ်။ 

၂။သွားများကိုသန်မာစေခြင်း

နာနတ်သီးတွင် ကယ်လ်စီရမ်ဓာတ်ပါဝင်ခြင်းကြောင့် သွားဖုံးများကိုသန်မာစေပြီးသွားဖုံးတွင်အနာဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း

နာနတ်သီးကိုပုံမှန်စားသုံးခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်မှုကိုကြိုတင်ကာကွယ်နိုင်ပါတယ်။ နာနတ်သီးဖျော်ရည်ဟာ ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးပြီးခန္ဓာကိုယ်နုပျိုစေတဲ့ အကောင်းဆုံးသီးနှံတစ်ခုဖြစ်ပါတယ်။ နာနတ်သီးဟာ အခြားသောရောဂါများကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ 

၄။အစာချေရာတွင်ကူညီပေးခြင်း

နာနတ်သီးဖျော်ရည်ကိုသောက်ခြင်းအားဖြင့် ဗိုက်အောင့်၊ ဗိုက်နာခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ နာနတ်သီးတွင် bromelain, ဗီတာမင် စီနှင့် အမျှင်ဓာတ်တို့ပါဝင်ခြင်းကြောင့် အစာချေရာတွင်ကူညီပေးနိုင်ပါတယ်။

၅။အမြင်အာရုံကိုကောင်းမွန်စေခြင်း

သက်ကြီးရွယ်အိုများအနေဖြင့် နာနတ်သီးကိုပုံမှန်စားခြင်းအားဖြင့် အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ ဗီတာမင်စီနှင့် အန်ဒီအောက်စီဒန့်ဓာတ် များစွာပါဝင်ခြင်းကြောင့် အမြင်အာရုံကောင်းမွန်စေရန်ကူညီပေးနိုင်ခြင်း ဖြစ်ပါတယ်။

၆။သွေးခဲခြင်းကိုလျော့ကျစေခြင်း

နာနတ်သီးတွင်   bromelain ပါဝင်ခြင်းကြောင့် သွေးခဲခြင်းကိုလျော့ချပေး နိုင်ပါတယ်။ ဒါကြောင့် နာနတ်သီးဟာ သရေစာအဖြစ်စားသုံးခြင်းဖြင့် ကျန်းမာရေးကိုကောင်းမွန်စေနိုင်တဲ့သီးနှံတစ်ခုဖြစ်ပါတယ်။ 

၇။သွေးတိုးရောဂါကိုကာကွယ်ပေးခြင်း

နာနတ်သီးတွင် ပိုတက်စီယမ်ဓာတ်မြင့်မားစွာပါဝင်ပြီး ဆိုဒီယမ်ဓာတ်ပါဝင်မှုနည်းပါးခြင်းကြောင့် သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ နာနတ်သီးကိုပုံမှန်စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို သဘာဝနည်းဖြင့်ကာကွယ်နိုင်ပါတယ်။

နာနတ်သီးဟာ ကျန်းမာရေးကိုများစွာအထောက်အကူပြုရုံသာမက အလှအပအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဗီတာမင်စီဓာတ်ပါဝင်ခြင်းကြောင့် ဦးရေပြားကိုကျန်းမာစေပြီး ဆံသားသန်စွမ်းစေရန်ကူညီပေးနိုင်ပါတယ်။ ဝက်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်စတဲ့ အရေပြားရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ ပျို့အန်ခြင်း၊ ဂေါက်ရောဂါနှင့် အခြားသောရောဂါများကိုလည်းနာနတ်သီးစားသုံးခြင်းအားဖြင့်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်ကိုကာကွယ်ရန် မိမိအိမ်မှာနေခြင်းဖြင့် ကျန်းမားရေးအတွက် အထောက်အကူပြုနိုင်တဲ့ အစားအစာများကို စားသုံးရန် အကြံပြုရေးသားလိုက်ပါတယ်။

လင်းလင်းထွန်း 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်