ကြက်ဥနှင့် ကျန်းမာရေး

11/05/2020 17:00 PM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကြက်ဥသည် အာဟာရဓာတ် အလွန်ပြည့်ဝပြီး ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်၊ အဆီနှင့်အခြားမရှိမဖြစ် လိုအပ်သောဓာတ်များပါဝင်နေပါသည်။ Vitamin-A, Vitamin-D, Vitamin-B12, Vitamin-B6, Vitamin-B2, Vitamin-K, Vitamin-E, Selenium, Phosphorus, Calcium, Zinc နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်အားလုံးနီးပါး ပါဝင်နေပါသည်။

အရွယ်တော်ကြက်ဥတစ်လုံးတွင် ကယ်လိုရီ ၇၈၊ ပရိုတိန်း ၆ ဂရမ်နှင့် ကောင်းမွန်တဲ့ အဆီဓာတ်()ဂရမ် ပေးစွမ်းနိုင်ပါသည်။ ကြက်ဥစားပေးခြင်းဖြင့်-

၁။ မျက်စိကျန်းမာရေးကောင်းမွန်စေခြင်း။

၂။ သွေးခဲနှုန်း၊ နှလုံးရောဂါဖြစ်ပွားနှုန်းနှင့် လေဖြတ်ရောဂါတို့ကို လျှော့ချပေးနိုင်ခြင်း။

၃။ အဆုတ်အားကောင်းမွန်ခြင်း။

၄။ ရင်သားကင်ဆာကို ကာကွယ်ပေးခြင်း။

၅။ အသားအရေလှပစေခြင်း။

၆။ ဆံပင်သားပိုမိုတောက်ပစေခြင်း။

၇။ အရိုးနှင့်ကြွက်သားများကိုသန်မာစေပြီး အရိုးပွခြင်းကိုကာကွယ်ပေးခြင်း။

၈။ မှတ်ဉာဏ်အားကောင်းမွန်ခြင်း။

၉။ အယ်ဇိုင်းမားနှင့် စိတ်ဖောက်ပြန်မှု ရောဂါကို ကာကွယ်ပေးခြင်း။

၁၀။ လက်သည်းများ သန်စွမ်းတောက်ပခြင်း။

၁၁။ ဝမ်းမှန်ခြင်း စသည့်အကျိုးကျေးဇူးများရရှိလာနိုင်ပါသည်။

ကြက်ဥကိုစားလျှင် ဆိမ့်ဆိမ့်လေးနှင့် အရသာရှိပြီး အားရှိကြသည်ကို လူတိုင်းသိထားကြပြီး ဖြစ်ပါသည်။ ကြက်ဥတွင် Protein ဓာတ်အပြည့်အဝပါဝင်သောကြောင့် နံလန်ထလူနာများ၊ သွေးအားနည်းသူများလည်း စားပေးသင့်သည်ဟု သိရပါသည်။

ထို့ပြင်ကြက်ဥများမှာ ယခုခေတ်ပေါ်ရောဂါ Covid-19 ကို တစ်နည်းတစ်ဖုံနဲ့ ကာကွယ်ကုသနိုင်တယ်ဆိုတာ ပညာရှင်တွေသိခဲ့ကြတာ သိပ်မကြာသေးပါ။ ကြက်ဥမှာပါတဲ့ အကာဟာ အဆုတ်ကြွက်သားတွေကို အားကောင်းစေပြီး ကြက်ဥအနှစ်မှာ အသက်ရှူပြွန်ကို သန့်စင်စေတယ်လို့လည်း ဆိုကြပါသည်။ Covid-19 ကုသပေးနေသည့် ဆရာဝန်များမှာလည်း လူနာကိုတစ်နေ့လျှင် ကြက်ဥပြုတ်()လုံးနှင့် ဂျင်းပြုတ်ရည်တို့ဖြင့်တွဲပြီး ကုသကြသည်ဟုလည်းကြားသိရပါသည်။ ထို့ကြောင့်လည်း Covid-19 ရောဂါကို ကာကွယ်ဖို့အတွက် ကြက်ဥပြုတ်မှာအထောက်အကူပြု ကာကွယ်ဆေးတစ်ခွက်လို ဖြစ်နေပါပြီ။

သို့သော်ကြက်ဥကို ပြုတ်ပြီးစားရမှာဖြစ်ပြီး Half fried ကြော်စားခြင်း၊ မကျက်တကျက်ပြုတ်စားခြင်း၊ မွှေကြော်ကြော်စားခြင်းများထက် ကြက်ဥကိုအလုံးလိုက်ကျက်သည်အထိပြုတ်မှသာ ကြက်ဥကပေးသည့် အာဟာရဓာတ်ကို အပြည့်အဝရမှာဖြစ်သည်ဟု သိရပါသည်။ ထို့ပြင် ကြက်ဥပြုတ်ကိုလှီးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးတို့တွင် ဆီ၊ ဆားလေးထည့်ပြီး သုပ်စားပါကလည်း ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ/နီ တို့ရဲ့ Probiotic ဓာတ်တွေပါ ပေါင်းသွားသည့်အတွက် အရသာလည်းရှိ Covid-19 တိုက်ဖျက်ဖို့အတွက် ပိုကောင်းတဲ့ ဆေးတစ်ခွက်လည်းဖြစ်သွားပါကြောင်း သိရပါသည်။

ကြက်ဥကြိုက်ပြီး ကိုလက်စထရော မတက်စေချင်လျှင် အကာချည်း စားနိုင်ပါသည်။ အကာမှာ ကြက်ဥရဲ့ Protein ဓာတ် ၅၀% နှင့်ရေဓာတ် ပါရှိကြပါသည်။ အနှစ်မှာသာ ကိုလက်စထရောအားလုံ့းနဲ့ အာဟာရဓာတ်အားလုံးပါရှိနေတာဖြစ်ပါသည်။ သို့ပါသောကြောင့် ခေတ်ပေါ် Covid-19 ရောဂါကို ကာကွယ်ဖို့ ကိုယ်ခံအားကောင်းပြီး အားရှိနေစေရန်အတွက် ကြက်ဥကို တစ်နေ့ ()လုံး (သို့) () လုံးပြုတ်စားသင့်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ (ငါး/ဦးစီး)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်