လိမ္မော်သီးနှင့်ကျန်းမာရေး

19/07/2019 15:00 PM တွင် မနှင်းဝင့်ဝါလွင် မနှင်းဝင့်ဝါလွင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လိမ္မော်သီးနှင့်ကျန်းမာရေး
       “လိမ္မော်သီး”လို့ဆိုလိုက်တာနဲ့  မသိတဲ့သူမရှိပါဘူးနော်………။
လိမ္မော်သီးဟာ အခွံခွာရုံဖြင့် အလွယ်တကူစားသုံးနိုင်သဖြင့် လူတိုင်းနီးပါး နေ့စဉ် မဟုတ်တောင် အပတ်တိုင်းတော့ စားသုံးဖြစ်ကြမည်ဟု ထင်မိပါသည်။လိမ္မော်သီးကို ကလေး၊လူကြီးမရွေးကြိုက်နှစ်သက်ကြသလို လိမ္မော်ရည် နှင့် လိမ္မော်ခွံမှလုပ်သော ရှောက်သီးဆေးပြားကိုလည်း ကြိုက်နှစ်သည်ကြမည်ဖြစ်ပါသည်။လိမ္မော်သီးကို ကြိုက်နှစ်သက်ကြသလို စားသုံးပါကရရှိနိုင်သည့် အကျိုးကျေးဇူးများစွာရှိသည်ကို အောက်တွင်ဖော်ပြလိုက်ပါသည်။
(၁) လိမ္မော်သီးသည် ရှောက်၊သံပုရာ တို့နှင့်အမျိုးအစားတူသဖြင့် ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်ပါသည်။လိမ္မော်သီးကို နေ့စဉ် ပုံမှန် ၁ လုံး (သို့) ၂ လုံး  စားသုံး ပေးပါက ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်စီဓာတ်ကို ရရှိမည်ဖြစ်သည့်အပြင် အူမကြီးကင်ဆာဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးပါသည်။
(၂) လိမ္မော်သီးကိုစားသုံးပေးပါက အအေးမိခြင်းကိုလည်း ကာကွယ်ပေး သက်သာကောင်းမွန်စေပြီး နားနှင့်ပတ်သတ်သောရောဂါများဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
(၃) တစ်နေ့ (၁)လုံး ပုံမှန်စားသုံးပေးပါက အသားအရေကိုလည်း ကောင်းမွန်စေပြီး အရေပြားတွန့်ခြင်းကိုနှေးကွေးစေကာ အရွယ်တင်နုပျိုစေပါသည်။
(၄) မဂ္ဂနီဆီယမ်ဓာတ်လည်းပါဝင်သဖြင့် သွေးဖိအားကိုလည်းထိန်းညှိပေးသည်။ သွေးတိုး (သို့) သွေးကျရောဂါရှိသူများတွက်တော့ တကယ်ကို စားသုံးပေးသင့်သည့် အသီးတစ်မျိုးပင်ဖြစ်ပါသည်။
(၅) အမျှင်ဓာတ်လည်းပါဝင်သည်။ခန္ဓာကိုယ်အတွင်းရှိသကြားဓာတ်ကိုလည်း လျော့ကျစေပါသည်။
(၆) ဗီတာမင် အေ လည်းပါဝင်သဖြင့် မျက်လုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသည်။
Reference - https://timesofindia.indiatimes.com/life-style/health-fitness/diet/why-you-should-eat-oranges/articleshow/4662391.cms

နှင်းဝင့်ဝါလွင်




      


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်