ဆောင်းရာသီစာတည်သီးနှင့် ကျန်းမာရေး

28/11/2021 13:00 PM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား

    တည်သီးမှာ ရနံ့မွှေးမွှေးလေးနဲ့ အရသာချိုပြီး ဆောင်းဦးပေါက်မှာပေါ်တဲ့ ဆောင်းရာသီစာ ဆေးဖက်ဝင် အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။

    တည်သီးတွင် Vitamin-A , Beta- carotene , Lutein , Lycopene , Vitamin-b Complex , Copper စတဲ့ ဓာတ်တွေအပြင် အန်တီအောက်စီဒန့်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

    ထိုကဲ့သို့ အကျိုးပြုဓါတ်တွေများပြားလှတဲ့ တည်သီး၏ ကျန်းမာရေးကောင်းကျိုးများမှာ -

၁။ လိပ်ခေါင်းမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်

    တည်သီးမှာ လိပ်ခေါင်းကာကွယ်ပေးတဲ့ အာနိသင်ရှိပြီး လိပ်ခေါင်းကြောင့် စအိုမှ သွေးကျတာကိုလည်း သက်သာစေနိုင်ပါတယ်။ ကာကွယ်ဖို့ရော၊ ကုသဖို့ပါ စားပေးသင့်ပါတယ်။

၂။ အစာခြေစနစ်ကို ကျန်းမာစေတယ်

    အမျှင်ဓာတ်ကြွယ်ဝမှုက အစာခြေစနစ်ကို အထောက်အကူပြုပေးပါတယ်။ အူနံရံတွေကို အာဟာရစုပ်ယူမှုကောင်းစေသလို ဝမ်းမှန်စေနိုင်ပါတယ်။ အူမကြီးကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးပြီး ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဆီးချိုအတွက်ကောင်းတယ်

    တည်သီးက ချိုတယ်ဆိုပေမယ့် ဆီးချိုရှိသူတွေနဲ့ သင့်တော်ပါတယ်။ အဆာခံနိုင်စေပြီး သွေးတွင်းသကြားဓာတ်မတက်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

၄။ သွေးတိုးသက်သာစေတယ်

     ဆိုဒီယမ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားသုံးတာက သွေးတိုးဖြစ်စေရတဲ့ အဓိကအကြောင်းအရင်းပါ။ တည်သီးမှာတော့ ဆိုဒီယမ်ပါဝင်မှုနည်းသလို ပိုတက်ဆီယမ်ပါဝင်မှုက သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။

၅။ ကိုယ်ခံအားကောင်းစေတယ်

     ဗီတာမင်-စီ ပါဝင်မှုက ကိုယ်ခံအားကို အကောင်းဆုံးမြှင့်တင်ပေးပါတယ်။  အအေးမိဖျားနာ၊ တုပ်ကွေး စတာတွေကနေကာကွယ်ဖို့ဖြစ်ဖြစ် ပန်းနာရင်ကြပ်၊ တီဘီတို့လိုမျိုး ရောဂါတွေကို ခုခံတိုက်ထုတ်ဖို့ပဲဖြစ်ဖြစ် တည်သီးကို စားလို့ရပါတယ်။

၆။ ကင်ဆာသက်သာစေတယ်

    ကင်ဆာဝေဒနာခံစားနေရသူတွေအနေနဲ့လည်း ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ဖို့နဲ့ ထပ်ပွားမလာစေဖို့အတွက် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ တည်သီးကို စားပေးလို့ရပါတယ်။ ကင်ဆာကာကွယ်ဖို့လည်း စားပေးလို့ရပါတယ်။

၇။ အမြင်အာရုံကောင်းစေတယ်

    ဗီတာမင်-အေ ကြွယ်ဝစွာပါဝင်နေတဲ့ တည်သီးက အမြင်အာရုံကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

၈။ သွေးအားကောင်းစေတယ်

    ကော့ပါးပါဝင်နေတာကြောင့် သံဓာတ်စုပ်ယူမှု အားကောင်းစေပြီး  သွေးနီဥဆဲလ်တွေကိုဖြစ်ပေါ်စေပါတယ်။ သွေးအားနည်းရောဂါမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

၉။ ကြို့ထိုးတာကို သက်သာစေနိုင်ပါတယ်

    ကြို့ထိုးသက်သာချင်သူတွေအနေနဲ့လည်း တည်သီးစားပေးလို့ရပါတယ်။

၁၀။ အသည်းကျန်းမာစေနိုင်တယ်

    ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝနေတာကြောင့်  ကိုယ်တွင်းကအဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးပြီး ဆဲလ်တွေထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသည်းကိုထိခိုက်စေတဲ့ အဆိပ်အတောက်တွေကိုလည်း အကောင်းဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

၁၁။ ကိုယ်တွင်းက ပိုလျှံနေတဲ့ရေတွေကို ဖယ်ရှားပေးနိုင်ပါတယ်

    တည်သီးက ဆီးရွှင်စေနိုင်ပြီး ကျောက်ကပ်မှာပိုနေတဲ့အရည်တွေနဲ့ အရေပြားအောက်မှာ ခိုအောင်းနေတဲ့ ရေပိုတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ပိုလျှံနေတဲ့ရေတွေကိုသာ ဆီးကနေတဆင့် ဖယ်ရှားပေးတာဖြစ်ပြီး ကိုယ်တွင်းကသတ္တုဓာတ်တွေကို လျော့ကျစေတာမျိုးတော့ မရှိပါဘူး။

၁၂။ အင်အားပြည့်စေတယ်

    ပိုတက်ဆီယမ်နဲ့ သကြားဓာတ်ပါဝင်နေမှုက ခန္ဓာကိုယ်ကိုအကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ခြေကုန်လက်ပမ်းကျတာ၊ ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးအနေဖြင့်-

- ဆိုဒီယမ်ဓာတ်နည်းလို့  သွေးပေါင်ကိုကျစေပါတယ်။ ဒါ့ကြောင့် သွေးပေါင်ကျနေချိန် တည်သီးကို ရှောင်သင့်ပါတယ်။

- တည်သီးမှာ  ဖရူးတို့စ်ဓာတ်များပါဝင်ပါတယ်။ တည်သီးကို အလွန်အကျွံစားခြင်းဖြင့် အသည်းအဆီဖုံးခြင်းဖြစ်နိုင်လို့ ချင့်ချိန်ပြီး စားသင့်ပါတယ်။

သတိပြုရန်အနေဖြင့်

- တည်သီးကို ၃ နှစ်အောက်ကလေးများကို မကျွေးသင့်ပါ။ ကလေးအစာအိမ်မှာ ကျောက်တည်စေနိုင်လို့ ဖြစ်ပါတယ်။

- ရာသီဥတုအခြေအနေနဲ့ မကိုက်ညီပါက  ကလေးအသက်ရှူမဝဖြစ်ကာ (ကိုယ်ခံအားမကောင်းချိန်) တွင် သတိလစ်ခြင်း၊ သတိပြန်လည်မလာခြင်းများဖြစ်ပွားကာ အသက်ဆုံးရှုံးနိုင်ပါတယ်။

- ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ တည်သီးစားပြီးပါက နွားနို့၊ ကဏန်း၊ စိမ်းစားဥ၊ ပဲနို့၊ ပဲပြားတို့ကို စားပါက ဝမ်းတွင်းရှိကလီစာများ ပျက်စီးတတ်ကြောင်း ဖတ်မှတ်လေ့လာခဲ့ရဖူးပါတယ်။

ပင်လယ်ပြာ(ငါးဦးစီး)

မှီငြမ်း-ကျန်းမာရေးဗဟုသုတစာစောင်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်