လူသိနည်းသော နနွင်းနက်နှင့် ယင်း၏အသုံးဝင်ပုံများ

10/12/2020 19:00 PM တွင် Nyan Thant Zin Nyan Thant Zin မှ ရေးသား

         နနွင်းကို ဟင်းပွဲများနှင့်အခြားသော အဖျော်ယမကာများတွင်အသုံးပြုကြသည့်အပြင် ကျန်းမာရေးအကျိုးကျေးဇူးများလည်းရရှိနိုင်သည့်အတွက် ကမ္ဘာအနှံ့လူသိများလှပါသည်။ ကျွန်ုပ်တို့မြင်တွေ့နေကျနနွင်းကို ချက်ပြုတ်ရာနှင့်ဆေးဝါးကုသမှုများ၌အသုံးပြုရသောကြောင့် ရင်းနှီးပြီးဖြစ်သော်လည်း နနွင်းနက်ကိုမူ လူသိနည်းလှပါသည်။ နနွင်းဝါနှင့်ပုံစံတူနနွင်းနက်ကို အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းနှင့် အခြားသောပြည်နယ်များတွင် တွေ့ရပါသည်။ နနွင်းနက်၏သိပ္ပံအမည်မှာ Curcuma caesia ဖြစ်ပြီး Black Zedoary ဟုလည်းခေါ်ဝေါ်ကြပါသည်။ နနွင်းနက်ပင်သည် နှစ်ရှည်ခံသစ်ပျော့ပင်မျိုးဖြစ်ပြီး အနီရောင်အနားသတ်များပါသောအဝါနုရောင်ပန်းပွင့် ပွင့်ပါသည်။

         နနွင်းနက်ကိုစိုက်ပျိုးရာတွင် ပုံမှန်နနွင်းကိုစိုက်ပျိုးသည့်အတိုင်းစိုက်ပျိုးနိုင်ပြီး အမှုန့်ပုံစံ နနွင်းခဲပုံစံအဖြစ်အသုံးပြုနိုင်ပါသည်။ Madhya Pradeshပြည်ထောင်စုရှိလူမျိုးစုများသည် နနွင်းနက်ကိုကျက်သရေအဆောင်အဖြစ် သတ်မှတ်ထားကြပါသည်။ နနွင်းနက်ကိုဆောင်ထားခြင်းဖြင့် အစာရေစာပေါကြွယ်ဝစေပြီး ငတ်မွတ်ဆင်းရဲမှုဘေးမှကင်းဝေးစေသည်ဟုအယူရှိပါသည်။ ထို့ပြင်နနွင်းနက်တွင်အမွှေးဂလင်းများပါရှိသောကြောင့် အမွှေးရနံ့ကိုလည်းရရှိစေနိုင်ပါသည်။ 

ဆေးဖက်ဝင်ပုံများ

         Manipurနှင့်အခြားသောပြည်နယ်များတွင် နနွင်းနက်၏ကြိတ်ဖတ်ဖြင့် မြွေကိုက်သည့်ဒဏ်ရာများ၊ ကင်းမြီးကောက်ကိုက်သည့် ဒဏ်ရာများကို ကုသလေ့ရှိပါသည်။ ထို့ပြင်နနွင်းနက်မှရသည့်သတ္တုရည်(နနွင်းနက်ကိုကြိတ်လိုက်လို့ရရှိတဲ့အရည်)ကို ဝမ်းကိုက်ခြင်း၊ အူလမ်းကြောင်းဆိုင်ရာရောဂါများကိုကုသခြင်းများတွင် အသုံးပြုပါသည်။ ထို့အပြင်သွေးထွက်လွန်ခြင်းများကိုကာကွယ်နိုင်ခြင်း၊ အနာကျက်မြန်စေခြင်း စသောအစွမ်းသတ္တိများရှိသောကြောင့် အနာများကုသရာတွင် လွန်စွာအသုံးများပါသည်။

          နနွင်းနက်ကြိတ်ဖတ်ကို မီးလောင်ဒဏ်ရာများပေါ်တွင်အုံပေးခြင်းဖြင့် အရည်ကြည်ဖုထခြင်းများကိုသက်သာစေနိုင်ပါသည်။ အဆစ်အမြစ်ကိုက်ခြင်းများကိုလည်း နနွင်းနက်ဖြင့် ကြပ်ထုပ်စည်း၍ကုသနိုင်ပါသည်။ နနွင်းနက်တွင် အင်တီအောက်စီးဒင့် (antioxidant) များပေါကြွယ်ဝသည့်အပြင် မှိုများကိုဆန့်ကျင်သောသတ္တိများပါရှိသောကြောင့် ခန္ဓာကိုယ်ရောင်ရမ်းခြင်းများ ၊ အခြားသောပြင်ပရောဂါများကိုတိုက်ထုတ်ပေးနိုင်စွမ်းရှိပါသည်။ အစရှိသော အစွမ်းသတ္တိများကြောင့် နနွင်းနက်သည် ‌ဆေးဝါးကုသရာ၌လွန်စွာအကျိုးကျေးဇူးများနေရခြင်းဖြစ်ပါသည်။

Source- https://food.ndtv.com/food-drinks/black-turmeric-curcuma-caesia-did-you-know-yellow-haldi-has-a-blackish-blue-cousin-2007537

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်