သြဇာသီးကပေးတဲ့ ကျန်းမာရေးအကျိုး (၁၀) မျိုး

17/10/2021 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

    သြဇာသီးဆိုတာ အရသာအားဖြင့်ချိုမြပြီး လက်ရှိကာလမှာလည်း ရာသီပေါ်သီးနှံဖြစ်တဲ့အတွက် စားသုံးပေးသင့်တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း သင့်တင့်တာကြောင့် အလွယ်တကူဝယ်ယူစားသုံးနိုင်ပါတယ်။ ဒါကြောင့် ယခုဆောင်းပါးလေးမှာတော့ သြဇာသီးစားသုံးပေးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းစေခြင်း 

    သြဇာသီးမှာဆိုရင် ဗီတာမင် B6 ပါဝင်ပြီး လေပြွန်ရောင်ရမ်းခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီအသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါ၀င်နေတာကြောင့်  အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်ခံအားစနစ် ကောင်းမွန်လာအောင်လည်း ကူညီပေးပါတယ်။

၂။ သွေးတိုးခြင်းအား ကာကွယ်ပေးနိုင်ခြင်း 

    အစာအာဟာရမမျှတခြင်းနဲ့ စိတ်ဖိစီးမှုများ‌ကြောင့်ဖြစ်တတ်တဲ့ သွေးတိုးခြင်းကိုလည်း သြဇာသီးက အထိုက်အလျောက်ကာကွယ်ပေးနိုင်ပါတယ်။ သြဇာသီးမှာဆိုရင် ပိုတက်စီယမ်ဓာတ်ပါဝင်နေပြီး ၎င်းဓာတ်ဟာ နှလုံးကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ထက်ကို ပိုများတဲ့ပမာဏဟာ သြဇာသီးမှာပါဝင်နေတာဖြစ်ပါတယ်။ ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေဟာဆိုရင် ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးပြီး သွေးဖိအားကိုလည်း ကျဆင်းစေပါတယ်။ 

၃။ နှလုံးကျန်းမာရေးအတွက် ကောင်းစေခြင်း 

    သြဇာသီးတစ်လုံးဟာ ခန္ဓာကိုယ်မှ နေ့စဉ်မဂ္ဂနီဆီယမ်လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းကို ပေးစွမ်းနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ဟာ နှလုံးကြွက်သားများ ဖြေလျှော့ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ဟာ သွေးဖိအားကို ထိန်းညှိပေးထားတဲ့အတွက် နှလုံးကြွက်သားတွေကိုလည်း ဖြေလျော့စေပြီး နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုစေတာပဲဖြစ်ပါတယ်။ 

၄။ ကိုလက်စရော ကျဆင်းစေခြင်း 

    ယနေ့ခေတ် အစားအသောက်ပုံစံများနဲ့ အထိုင်များသောနေထိုင်မှုပုံစံများကြောင့် လူအများစုဟာ  ကိုလက်စထရောပမာဏ မြင့်လေ့ရှိပြီး ၎င်းဟာ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် B3 ချို့တဲ့ခြင်းဟာ ဆိုးရွားတဲ့ကိုလက်စရောများကို တိုးလာစေပါတယ်။ Niacin လို့ခေါ်တဲ့ဓာတ်ဟာဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ ကိုလက်စရောပမာဏ ၂၀ ရာခိုင်နှုန်းကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါနဲ့ ပတ်သတ်တာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။  

၅။ အစာခြေဖျက်နိုင်စွမ်း ကောင်းစေခြင်း 

    သြဇာသီးမှာဆိုရင် အစာခြေစနစ်အတွက် အရေးကြီးတဲ့ ကော့ပါးဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်ခြင်းနဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို လျော့နည်း သက်သာစေပါတယ်။ 

၆။ သွေးအားနည်းမှုကို ကာကွယ်ပေးနိုင်ခြင်း 

     ခန္ဓာကိုယ်ထဲမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သွေးအားနည်းခြင်းကိုလည်း သြဇာသီးက ကာကွယ်ပေးနိုင်ပါတယ်။ သွေးအားနည်းခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့လက္ခဏာများမှာ ကွဲပြားနိုင်ပြီး အများစုဟာ မကြာခဏခေါင်းမူးခြင်းနဲ့ နာတာရှည်ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် သြဇာသီးဟာ သံဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။

၇။ ကင်ဆာရောဂါ ကာကွယ်ပေးနိုင်ခြင်း 

    သြဇာသီးမှာဆိုရင် ကင်ဆာရောဂါကို ဆန့်ကျင်ပေးတဲ့ဓာတ်တွေ ပါဝင်နေပါတယ်။ သြဇာသီးမှာပါဝင်တဲ့  acetogenin (အဆီတိုဂျန်နင်) နှင့် alkaloids (အယ်ကာလွိုက်) ဓာတ်တွေဟာဆိုရင် ကင်ဆာ အကျိတ်ဆဲလ်များရဲ့ ကြီးထွားမှုကိုတားဆီးပေးနိုင်ပါတယ်။ 

၈။ ကိုယ်ဝန်ဆောင်မိခင်များရဲ့ ကျန်းမာရေးကို အထောက်အကူပြုခြင်း 

    သြဇာသီးဟာ Folic (ဖောလစ်အက်စစ်) ဓာတ်ကြွယ်ဝစွာပါဝင်နေပြီး ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးအထောက်အကူပြုပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အာရုံကြောစနစ်ချို့ယွင်းခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်းတွေကို အခွင့်အလမ်းနည်းစေပါတယ်။ သင်္ဘောသီးနဲ့ ထောပတ်သီးတွေမှာဆိုရင်လည်း ဖောလစ်အက်စစ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေလို့ စားသုံးပေးသင့်ပါတယ်။ 

၉။ အဆစ်အမြစ်နာကျင်မှုများကို သက်သာစေခြင်း 

    သြဇာပင်ရဲ့ အရွက်ပြုတ်ရည်ဟာ အဆစ်အမြစ်နာကျင်ခြင်းများကိုလည်း သက်သာစေတယ်လို့ သိရပါတယ်။ ၎င်းမှာ မဂ္ဂနီဆီယမ်ဓာတ်ပါဝင်ပြီး ဒူလာနဲ့ အဆစ်နာမှုများကြောင့် ဖြစ်ပေါ်တဲ့ ရောင်ရမ်းမှုများကို လျော့နည်းသက်သာစေပါတယ်။ 

၁၀။ ဆံပင်နှင့် အသားအရေအတွက် ကောင်းစေခြင်း 

    သြဇာသီးမှာဆိုရင် ဗီတာမင်A နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါ၀င်တဲ့အတွက် တစ်သျှူးများကို ပြန်လည်တည်ဆောက်ပေးပြီး အသားအရေကို တောက်ပစေပါတယ်။ ဗီတာမင်အေဟာ ပရိုတင်းဓာတ်များနဲ့ ပေါင်းစပ်ကာ အရွတ်များနဲ့ ကြွက်သားများသန်မာစေရန် ခန္ဓာကိုယ်မှာ အလုပ်လုပ်ပေးပါတယ်။ ၎င်းဟာ collagen (ကော်လဂျင်) ထုတ်လုပ်မှုကိုကူညီပေးပြီး အသားအရေနဲ့ ဆံပင်တို့ကို ကျန်းမာသန်စွမ်းစေပါတယ်။ 

Source  - https://www.healthbenefitstimes.com/sugar-apple/


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်