ကန်စွန်းဥက ပေးတဲ့ သင့်အတွက် လိုအပ်တဲ့ ကျန်းမာရေး

31/12/2018 12:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကောင်းသောနေ့လေးဖြစ်ကြပါစေ......

ဒီနေ့ကတော့ ကန်စွမ်းဥတွေကနေ အူးလေးကြီးတို့ ဘာတွေရနိုင်မလဲဆိုတာကို လေ့လာကြည့်တာပေါ့။ အူးလေးကြီးကတော့ ကန်စွမ်းဥဆို ကြိုက်ကို ကြိုက်တာ။ စားရင် ဘာတွေရမလဲဆိုတာကို ကိုယ်တိုင်လေ့လာကြည့်တဲ့အခါ ပါဝင်တဲ့အာဟာရတွေ အဆီမပါဝင်ပဲနဲ့ ရေက (၇၇)ရာခိုင်နှုန်း၊ ကာဗွန်ဟိုက်ဒရိတ်က (၂၀.၁)ရာခိုင်နှုန်း၊  ပရိုတင်းလို့ခေါ်တဲ့အသား ဓာတ်က (၁.၆) ရာခိုင်နှုန်း နဲ့ အမျှင်ဓာတ်က (၃)ရာခိုင်နှုန်း ပါဝင်ပါတယ်။  

ကစီဓာတ်

ကစီဓာတ်လို့ခေါ်တဲ့ ကာဗွန်ဟိုက်ဒရိတ်တွေ ပါဝင်မှုက ၅၃ ရာခိုင်နှုန်းရှိပါတယ်။ အဲ့လို ကစီကိုမှ  သူတို့အခြေအနေအလိုက်ကို ပြန်ခွဲပေးရရင်တော့

• လျှင်လျှင်မြန်မြန် ကျေပျက်နိုင်တဲ့ကစီက (၈၀) ရာခိုင်နှုန်း

• ဖြည်းဖြည်းချင်း ကျေပျက်နိုင်တဲ့ ကစီက (၉)ရာခိုင်နှုန်း နဲ့

• ကျေပျက်ဖို့ ခက်တဲ့ကစီက (၁၂) ရာခိုင်နှုန်း ပါဝင်ပါတယ်။

ဘယ်လိုပါပါပါ။ ကစီ  က အူးလေးကြီးတို့အတွက် လိုအပ်နေတာက တကယ်ပါပဲနော်။ 

အမျှင်ဓာတ်တွေ

ပြုတ်စားတာဖြစ်ဖြစ် ဖုတ်စားတာဖြစ်ဖြစ် စားနေကြတဲ့ ကန်စွန်းဥ အလယ်အလတ် အရွယ်အစားလောက်ဆိုရင် အမျှင်ဓာတ်က ၃.၈ ဂရမ်တောင်ပါတာတဲ့။ အများကြီးပါပြီးတော့ ပျော်ဝင်လွယ်တဲ့ အမျှင်က (၁၅ ကနေ ၂၃ ရာခိုင်နှုန်း) ပါဝင်ပြီး မပျော်ဝင်နိုင်တဲ့ ပုံစံနဲ့ကကျတော့ (၇၇ ကနေ ၈၃ ရာခိုင်နှုန်း) ပါဝင်နေပါတယ်။ ပျော်ဝင်နိုင်တဲ့ အမျှင်တွေက ဘာတွေရနိုင်မလဲဆိုတော့ စိတ်ကျေနပ်မှုကိုရစေမယ်။ အစားအများကြီး မစားချင်တော့ဘူး။ ပြီးတော့ သွေးထဲက သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ သကြားဓာတ်ကို ဘယ်လိုထိန်းလဲဆိုတော့ သကြားနဲ့ ကစီတွေကို ဖြည်းဖြည်းလေးချေဖျက်ပေးခြင်းအားဖြင့် သွေးထဲက သကြားကို ထိန်းသိမ်းပေးခြင်းဖြစ်ပါတယ်။ 

အလွယ်တကူ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်လေးတွေကျတော့ အူလမ်းကြောင်းကျန်းမာရေးကိုကောင်း မွန်စေပါတယ်။ ဆီချိုရောဂါတွေအတွက် ကောင်းမွန်စေပါတယ်။ ကဲ ကန်စွန်းဥ ချိုတယ်ဆိုပြီး ဆီးချိုသမား စားလို့မရဘူးလို့ ဘယ်သူက ပြောလဲလို့။

ပရိုတင်း အသားဓာတ်

သက်သက်လွတ်စားတဲ့ အသားဖြစ်ထွန်းစေတဲ့ဓာတ် မရဘူးဆိုတာမှန်ရင် နွားကြီးတွေဟာ ခွေးလောက် အကောင်လေးတွေဖြစ်နေမှာပေါ့။ ကန်စွန်းဥကိုစားရင် အသားဖြစ်စေတဲ့ ဓာတ်ကိုရရှိစေပါတယ်. ပုံမှန်အနေတော် အရွယ်အစား ကန်စွန်းဥ ဆိုရင် ပရိုတင်းကို ၂ ဂရမ်လောက်ပါပါတယ်။ နည်းတယ်လို့တော့ ဆိုနိုင်ပေမဲ့ပေါ့။ သူ့ဆီမှာပါတာက တစ်ခြားပရိုတင်းနဲ့ မတူတဲ့ Sporamin လို့ ခေါ်တဲ့ ပရိုတင်းဖြစ်ပါတယ်။ သူတို့က ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပါတယ်။ အဲ့တော့ ကင်ဆာလိုရောဂါတွေကို ကာကွယ်နိုင်တာပေါ့။ ကန်စွန်းဥစားလို့ အသားလည်း အရမ်းကြီးမတိုးပဲ ရောဂါကာကွယ်နိုင်တဲ့ စွမ်းအင်ရှိတာကို တွေ့ရမှာပါ။  

ဗီတာမင်နဲ့ သတ္တုဓာတ်များ

ဗီတာမင် အေ (Vitamin A)

ဘီတာကယ်ရိုတင်းတို့ပါဝင်ပြီး သူကနေမှ ဗီတာမင်အေကို ပြောင်းလဲပေးနိုင်ပါတယ်။ ကန်စွန်းဥ (၁၀၀) ဂရမ်ကိုစားရင် တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်အေကို ရရှိပြီးသားဖြစ်သွားပါလိမ့်မယ်

ဗီတာမင် စီ (Vitamin C)

ကန်စွန်းဥက မချဉ်လို့ ဗီတာမင်စီ မပါဘူးလို့ ထင်သွားပြီလား။ အသားအရည်ကို လှပစေပြီး အေးလို့ဖြစ်တဲ့ အရေပြားပြဿနာတွေအတွက်ကောင်းပါတယ်။ 

ပိုတက်စီယမ် (Potassium)

သွေးပေါင်ချိန်ကို ထိန်းညှိပေးဖိုလိုအပ်တာဖြစ်ပါတယ်။ ပြီးတော့ နှလုံးရောဂါတွေအတွက်လည်း ကောင်းတဲ့အရာဖြစ်ပါတယ်။

မန်းဂနိစ် (Manganese) 

ခန္ဓာကိုယ်ကြီးထွားစေဖို့၊ ဖွံ့ဖြိုးစေဖို့ နဲ့ ခန္ဓာကိုယ်ဖြစ်စဉ်တွေအတွက် လိုအပ်တဲ့ အနည်းလိုအာဟာရ တွေဖြစ်ပါတယ်။ 

ဗီတာမင် ဘီစစ် (Vitamin B6)

လူတွေ စားသုံးလိုက်တဲ့ အစားအစာတွေကနေ စွမ်းအင်တွေဖြစ်အောင်လို့ ကူးပြောင်းပေးတဲ့အချိန်မှာ သူတို့ ကူညီပေးပါတယ်။ 

ဗီတာမင် အီး (Vitamin E)

အဆီတွေကို ပျော်ဝင်စေပြီးတော့ အချိန်မတိုင်ခင်အိုမင်းရင့်ရော်တာကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်ပါ။

ဗီတာမင် ဘီဖိုက် (Vitamin B5) တို့ပါဝင်ပါတယ်

ဒါအပြင်ကိုအခြားသော ဓာတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ Chlorogenic Acid လိုမျိုး၊ Anthocyanins လို ရောင်ခြည်ပစ္စည်းမျိုး၊ Coumarins လိုမျိုး သွေးခဲတာတွေ ကာကွယ်ပေးနိုင်တဲ့ အရာမျိုးတွေ ပါဝင်နေတာကြောင့် အူးလေးကြီးကတော့ ကန်စွန်းဥမှ ကန်စွန်းဥပါပဲကွယ်။

Htunn Win Kyaw

Reference;

Adda Bjarnadottir, “Sweet Potatoes 101: Nutrition Facts and Health Benefits”, MS on April 6, 2015

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်