ဆီးချိုသမားတွေအတွက် သင့်တော်သည့်အပြင် ပြောင်းဖူးမွှေးရဲ့ အကျိုးကျေးဇူးတွေ

08/11/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆီးချိုသမားတွေအတွက် သင့်တော်သည့်အပြင် ပြောင်းဖူးမွှေးရဲ့ အကျိုးကျေးဇူးတွေ

ပြောင်းဖူးစားတိုင်း ပြောင်းဖူးမွှေးကို စားဖို့ မတွေးမိပါဘူး။ စာဖတ်သူတို့ကော ပြောင်းဖူးမွှေးကို လွင့်ပစ်တတ်လား။ ဒါဆိုရင်တော့ ပြောင်းဖူးမွှေးရဲ့အကျိုးကျေးဇူးတွေကို ဖတ်ကြည့်လိုက်ပါနော်။

၁။ ကျောက်ကပ်ကျောက်တည်မှု

ပြောင်းဖူးမွေးဟာ ကျောက်ကပ်ကျောက်တည်မှု ဖြစ်ပွားတာကို ကာကွယ်ပေးပါတယ်။

၂။ သွေးခဲခြင်း

ပြောင်းဖူးမွေးမှာ ဗီတာမင် K ကြွယ်၀စွာပါ၀င်လို့ သွေးခဲတာတွေအတွက် အထူးကောင်းမွန်ပါတယ်။

၃။ သွေးတွင်းသကြားဓါတ်

ပြောင်းဖူးမွေးဟာ သွေးတွင်းသကြားဓါတ်ကိ ထိန်းချုပ်ပေးနိုင်ပါတယ်။ သရက်ရွက်အတွင်းမျာ ပျက်ဆီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး အင်ဆူလင်ပမာဏကိုမြင့်တက်စေသောကြောင့် ဆီးချိုသမားတွေ စားသုံးသင့်ပါတယ်။

၄။ ကိုလက်စထရော
ခန္ဓာကိုယ်အတွင်းမှာ မလိုအပ်တဲ့ ကိုလက်စတရောတွေကို ဖယ်ရှားပေးပါတယ်။ ကိုလက်စထရောပမာဏများတာဟာ နှလုံးရောဂါဖြစ်နိုင်ပါတယ်။

၅။ ပြောင်းဖူးမွေးကို ဘယ်လိုစားမလဲ

ပြောင်းဖူးမွေးကို ဒီအတိုင်းစားလို့မရပါဘူး။ ရေနွေးဆူဆူတည်ပြီး ပြောင်းဖူးမွေးအနည်းငယ်ထည့်လိုက်ပါ။ ပြီးရင်အေးအောင်ထားပါ။ သံပယိုသီးကို အရည်ညှစ်ပြီး အဲဒီထဲထည့်ပါ။

နောက်တစ်နည်းကတော့

ပြောင်းဖူးမွေးကို ရေအပြည့်ထည့်ထားတဲ့ ခရားထဲထည့်ပြီး နေရောင်ခြည်တိုက်ရိုက်ရတဲ့နေရာမှာ တစ်နေ့လောက်ထားပါ။ ပြီးရင်ပျားရည်အနည်းငယ် ထည့်ပြီးသောက်သုံးပါ။ အမွေးကိုတော့ ဒီအတိုင်း မစားပါနဲ့။ ရေဆစ်ပြီး ရေကိုသာသောက်ပါ။
Source - MY FOOD


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်