ကျန်းမာရေးအတွက် ကြက်သွန်ဖြူရဲ့အကျိုးပြုပုံ

15/10/2021 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပြီး ရှေးယခင်ကတည်းက တစ်ကမ္ဘာလုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြုကြပါသလို ချက်ပြုတ်စားသောက်ကြပါတယ်။

    ကြက်သွန်ဖြူ ပုံမှန်စားသုံးနေသူတစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ်တကူကူးစက်နိုင်တဲ့ရောဂါများကို တားဆီးကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့မှာ အခြားသော ကျန်းမာရေးအကျိုးကျေးဇူးများလည်း ရှိနေပါသေးတယ်။

  • သွေးကြောအဆီပိတ်မှုကို ကာကွယ်ခြင်း။
  • ကိုလက်စ်ထရော လျော့ချပေးခြင်း။
  • လေးဘက်နာ ဂေါက်ရောဂါကို ကုသနိုင်ခြင်း။
  • သွေးဖိအားလျော့ချပေးခြင်း (သွေးတိုးဖြစ်နိုင်ချေကျဆင်း)
  • အအေးမိ အဖျားပျောက်ကင်းစေခြင်း။
  • အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်းစေခြင်း။
  • အဆုတ်နှင့် ဆက်စပ်ရောဂါကို ပျောက်ကင်းစေခြင်း။
  • ပြည်တည်နာကို ကျက်စေခြင်း။
  • ဆီးလမ်းကြောင်းမှတစ်ဆင့် ကူးစက်သောရောဂါများအား ပျောက်ကင်းစေခြင်း။
  • ဝမ်းတွင်းအစာချေဖျက်မှုလုပ်ငန်းအား မြန်ဆန်စေခြင်း။
  • ကင်ဆာရောဂါအများစုကို မဖြစ်စေရန် ကာကွယ်ပေးခြင်း။
  • ဓာတုဆေး အဆိပ်တို့ကို ပြေစေခြင်း။
  • သွေးမခဲစေရန် တားဆီးကာကွယ်ပေးခြင်း။
  • အစားစာချင်စိတ်ဖြစ်ပေါ်စေခြင်း။
  • အင်းဆက်နှင် ပိုးကောင်ကိုက်ဒဏ်ရာများအား ကုသနိုင်ခြင်း။
  • မျက်စိအတွင်းတိမ်ကို ကုသနိုင်ခြင်း။
  • ဆီးချိုရောဂါ ကုသပေးခြင်း။
  • အဆစ်ရောင်ရောဂါများအား ကုသပေးခြင်း။
  • သွားကိုက်ရောဂါအား ပျောက်ကင်းစေခြင်း။
  • ဝက်ခြံပျောက်ကင်းစေခြင်း။
  • ကိုယ်ခံအားတိုးစေခြင်း။

Ref : medic-facts

Source - My Food Myanmar


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်