မြိုင်လက္ခဏာစစ်ဆေးခြင်း (Heat detection)

25/08/2020 12:30 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

    မြန်မာနိုင်ငံရဲ့ နို့စားနွားမွေးမြူရေးလုပ်ငန်းမှာ သားအောင်/ သားပေါက်နှုန်းကို ထိခိုက်စေသည့် အကြောင်းအရင်းများတွင် မြိုင်စစ်ဆေးရာတွင် ကာလလွဲချော်နေခြင်းသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။

    မြိုင်ကာလ(၁) ကြိမ် လွတ်သွားပါက နွားမသားမွေးပြီး နို့ထုတ်လုပ်ဖို့အတွက် နောက်ထပ် ၃ ပတ် (၂၁ ရက်) ထပ်စောင့်ရပါမည်။ ဒါကြောင့် မြိုင်ကာလ (၁) ကြိမ် လွတ်သွားတိုင်း နွားနို့ဝင်ငွေရဖို့ (၂၁ ရက်) နောက်ကျသွားမှာဖြစ်ပါတယ်။ 

    တွက်ချက်ကြည့်ပါက နွားနို့ဖိုးဝင်ငွေ အများကြီးဆုံးရှုံးပါသည်။ အောက်ပါဇယားမှာ အကျဉ်းချုပ်တွက်ပြထားပါတယ်။

၁ ရက်နွားနို့ပိဿာချိန်ပေါင်း ၇ ပိဿာ

မြိုင်ကာလ ၁ ကြိမ်လွတ်သွားတိုင်း ထပ်စောင့်ရမည့် ရက်ပေါင်း ၂၁ ရက်

စုစုပေါင်းဆုံးရှုံးရမည့် နို့ပိဿာချိန်ပေါင်း ၂၁ ရက် x ၇ ပိဿာ = ၁၄၇ ပိဿာ

နွားနို့ စျေးနှုန်း ၁၀၀၀ ကျပ်

မြိုင်ကာလ၁ကြိမ်လွတ်သွားတိုင်း စုစုပေါင်းဆုံးရှုံးရမည့်ပမာဏ = ၁၄၇ ပိဿာ x ၁၀၀၀ = ၁၄၇၀၀၀ ကျပ်

    ဒါကြောင့် မွေးမြူသူများအတွက် အရေးပါသော မြိုင်လက္ခဏာစစ်ဆေးခြင်းအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

    နွားမတစ်ကောင် သားတောင်းနေစဉ်(မြိုင်ကာလ)တွင် ပုံမှန်အမူရာများ ပြောင်းလဲသွားတတ်သည်။ မြိုင်လက္ခဏာများအနေဖြင့် စိတ်ပိုကြမ်းလာခြင်း၊ အော်ခြင်း၊ တစ်ခါတရံ အမတန်ဆာမှ အကျိအချွဲများကျခြင်း၊ အခြားတစ်ကောင်ပေါ်သို့ ကျော်ခွခြင်း၊ သူ့အပေါ်သို့ ကျော်ခွခြင်းကို ငြိမ်ခံနေခြင်း၊ နို့ထွက်နှုန်း ရုတ်တရက်ကျခြင်း၊ သို့သော် အချို့မှာ အပြုမူ၊ အမူရာ အနည်းငယ်ပြောင်းလဲလာခြင်း စသည့်လက္ခဏာများတွေ့ရသည်။

    အဓိက တွေ့ရသောလက္ခဏာမှာ နွားမသည် သူ့အပေါ်သို့ အခြားနွားများမှကျော်ခွခြင်းကိုငြိမ်ခံနေခြင်းဖြစ်သည်။ * သို့သော် ကြိုးမချည်ဘဲလွှတ်မွေးထားသော နွားများတွင်သာ တွေ့ရပါသည်။

    ဒီလိုလက္ခဏာတွေတွေ့ရတာဟာ နွားမရဲ့ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းပြောင်းလဲလာခြင်းကြောင့် ဖြစ်ပါတယ်။ နိုညှစ်သမားတစ်ဦးတည်းသာ နေ့စဉ်နိုညှစ်ခြင်း၊ ပင်တိုင်အလုပ်သမားထားရှိပါက ၂၁ ရက်ခြား ၁ ကြိမ် နွားမတစ်ကောင်ချင်းစီ၏ အပြုမူ၊ အမူရာများ ပြောင်းလဲလာခြင်းကို တွေ့ရနိုင်ပါသည်။

    ✍️ မှတ်တမ်းကောင်းကောင်းထားရှိခြင်းကလည်း အထောက်ကူဖြစ်စေပါတယ်။ နွားမတစ်ကောင်မြိုင်ပြသည်ဟုယူဆ၍ သားတင်ပြီးပါက ၎င်းရက်စွဲကို မှတ်သားထားသင့်သည်။ ထိုနေ့မှ ၂၁ ရက်မြောက်ရက်တွင် နွားမသည် မြိုင်ပြန်ပြသလားဆိုတာကို အာရုံထား၍ စောင့်ကြည့်နိုင်သည်။

    နွားမတစ်ကောင် မြိုင်လက္ခဏာပြသည့် ကြာချိန်မှာ ၈ နာရီခန့်သာရှိပြီး ညပိုင်းအချိန်မှာသာ အဓိကတွေ့ရတတ်သည်။ ညအိပ်ယာဝင်ခါနီး ၁ ကြိမ်နှင့် နံနက်အစောပိုင်း ၁ ကြိမ် ပုံမှန်စစ်ဆေးလျှင် မြိုင်လက္ခဏာပြနေသော နွားမများကို တွေ့ရနိုင်ပါသည်။

    *အချို့မွေးမြူသူများသည် ခြံအလုပ်သမားတွေကို မြိုင်လက္ခဏာပြနေသော နွားမများကို ရှာဖွေနိုင်ပါက ဆုကြေးပေးလေ့ရှိပြီး အလုပ်သမား၏ မြိုင်စစ်ဆေးခြင်းကို စိတ်ဝင်စားလာအောင် ဆုကြေးဖြင့် ဆွဲဆောင်ထားကြသည်။

    မြိုင်လက္ခဏာပြနေသော နွားမများကို စစ်ဆေးတွေ့ရှိပြီး သားတင်နိုင်ပါက သင့်အတွက် ကျပ် ၁၄၇၀၀၀ ဝင်ငွေပိုရလာစေမည့်အပြင် အလုပ်သမားများမှ မိမိနွားမများကို အလေးထားစောင့်ကြည့်မှု ပိုစေမှာဖြစ်ပါတယ်။

    နွားမရဲ့ မြိုင်လက္ခဏာကို တွေ့ရပြီးနောက် နေ့တစ်ဝက်(၁၂ နာရီ) တွင် သားတင်နိုင်ပါက အကောင်းဆုံးဖြစ်ပါသည်။ တစ်ခါတရံမှာ ကိုယ်တွေ့ရတဲ့မြိုင်လက္ခဏာများဟာ မြိုင်ကာလ၏ နောက်ပိုင်းလက္ခဏာဖြစ်နေတာကို သေချာမသိဘဲ နောက်ထပ် ၁၂ နာရီ ထပ်စောင့်လျှင် သားတင်ဖို့အချိန် နောက်ကျသွားပါသည်။

    ဒါကြောင့် မြိုင်လက္ခဏာတွေကို သေချာသိထားဖို့ အရေးကြီးပါတယ်။ ယေဘုယျအားဖြင့် မနက်ပိုင်းမှာ မြိုင်လက္ခဏာတွေ့ရပါက တိရစ္ဆာန်ဆေးကုဆရာဝန်ကို နေ့လည်လာဖို့ အကြောင်းကြားရမှာဖြစ်ပါတယ်။ အကယ်၍ နေ့လည်ပိုင်းမှာ မြိုင်လက္ခဏာတွေ့ရပါက နောက်တစ်နေ့နံနက်လာဖို့ အကြောင်းကြားရမှာဖြစ်ပါတယ်။

    မွေးမြူသူများအနေဖြင့် သားစပ်မှတ်တမ်းများ စနစ်တကျထားရှိပြီး မိမိကိုယ်တိုင်သာမက ခြံဝန်ထမ်းများကိုပါ မြိုင်လက္ခဏာစစ်ဆေးခြင်း သိရှိအောင် ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။

Source _ MDEP

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်