အိန္ဒိယက မြန်မာမတ်ပဲ ပြန်လည်ဝယ်ယူသဖြင့် မတ်ပဲဈေးနှုန်းများ ခုန်တက်

10/05/2018 13:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အိန္ဒိယနိုင်ငံက မြန်မာမတ်ပဲနဲ့ ပဲတီစိမ်း တန်ချိန် ၃ သိန်း ဝယ်ယူမယ်လို့ ကြေညာလိုက်တာကြောင့် ပြည်တွင်း ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်မှာ မတ်ပဲဈေးနှုန်းတွေ ပြန်တက်လာပြီး အရောင်းအ ဝယ် ပြန်ဖြစ်နေပါတယ်။

ပြည်တွင်းက လက်ကျန်မတ်ပဲတွေဟာ အရင်က တစ်တန်ကိုကျပ် သုံးသိန်းရှစ်သောင်း ရှိရာကနေ တစ် တန်ကို လေးသိန်းခွဲအထိ ဒီကနေ့မှာ ပေါက်ဈေးဖြစ်လာတာပါ။

အိန္ဒိယဘက်က တရားဝင် ဘယ်အချိန်မှာ ဘယ်သူက ဘယ်လောက် ဝယ်ယူခွင့်ရမယ် ဆိုတာကို မထုတ်ပြန်သေးတာကြောင့် ကုန်သည်တွေအနေနဲ့ စောင့်ကြည့်နေတဲ့ အခြေအနေမှာပဲ ရှိနေတာပါ။

မြန်မာတစ်နိုင်ငံလုံးက ကုန်သည်တွေဆီမှာတော့ မတ်ပဲလက်ကျန် တန်ချိန် ငါးသိန်း အထက်ရှိနေပေမယ့်  မတ်ပဲစိုက် တောင်သူတွေ လက်ထဲမှာတော့ ပဲလက်ကျန် နည်းပါးနေပါတယ်။

ပဲတီစိမ်းဈေးကတော့ တခြားနိုင်ငံတွေရဲ့ ဝယ်လက်ကြောင့် ပုံမှန်ဈေးပဲ ရှိပါတယ်။ မတ်ပဲဟာ အိန္ဒိယရဲ့ အခြေခံလူတန်းစားတွေရဲ့ အဓိကစားသောက်ကုန် ဖြစ်ပြီးတော့ တစ်ကမ္ဘာလုံးမှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့မှာပဲ အဓိက စိုက်ပျိုးတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာပြည်ကနေ မတ်ပဲ ဝယ်ယူတင်သွင်းမှုကို ၂၀၁၇ သြဂုတ်ကနေ ၂၀၁၈ မတ်လကုန်အထိ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၄ ရက်နေ့က မြန်မာ စီးပွားကူးသန်း အမြဲတမ်းအတွင်းဝန်နဲ့ အိန္ဒိယနိုင်ငံက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီးနောက် မတ်ပဲ တန်ချိန် ၃ သိန်း မြန်မာပြည်ကနေ ပြန်လည် ဝယ်ယူသွားဖို့ တရားဝင်ကြေညာတာလို့ ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပဲမျိုးစုံကို ပြည်ပဈေးကွက်တွေကို တစ်ပတ် တန်ချိန် ထောင်ဂဏန်း ပေးပို့နေတယ်လို့ သိရပါတယ်။

Source - DVB

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်