ဥ,ဥနှုန်းနှင့် ဈေးကွက်ကောင်းမွန်သော်လည်း ဘဲစာဖိုးဈေးတက်နေ

28/06/2021 15:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ပြည်တွင်းရှိ ဘဲမွေးမြူရေးလုပ်ငန်းများတွင် ဥစားဘဲမွေးမြူသူများအနေဖြင့် ဘဲဥဥနှုန်းကောင်းမွန်ပြီး ဈေးကွက်ဝယ်လိုအားရှိနေသော်လည်း အစာဖိုးများ ဈေးတက်နေသည့် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

အခုလက်ရှိမှာ ဘဲဥဈေးကွက်ကတော့ မဆိုးဘူး။ ဘဲဥ ဥနှုန်းကလည်း ကောင်းပါတယ်။ အစာဈေးတွေတော့ ကြီးနေတယ်။ အသင့်စား အစာတောင့်တွေကတော့ (ထုတ်လုပ်တဲ့နိုင်ငံ/ထုတ်လုပ်တဲ့ကုမ္ပဏီ/တံဆိပ်) အများကြီး ရှိနေတာပဲ။ ကိုယ်မွေးမြူတဲ့နေရာနဲ့ နီးစပ်ရာ ဝယ်လို့လွယ်တာကိုပဲ အဓိကထားသုံးကြတာပါ။ ဘဲစာက နေ့စဉ်ကျွေးရပါတယ်။ တစ်နေ့ ဘယ်နှကြိမ်ကျွေးပေးရမလဲ ဆိုတာကတော့ ကိုယ်ကျွေးတဲ့အစာအမျိုးအစားပေါ်လည်း မူတည်ပါတယ်။

ဟု မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်မှ ဘဲမွေးမြူရေးလုပ်ကိုင်သူ ကိုအောင်ကိုဦး က ပြောသည်။

    ဘဲစာကျွေးမွေးရာတွင် အသင့်ကျွေးစာနှင့် ရောစပ်ကျွေးစာဟူ၍ (၂) မျိုးရှိပြီး၊ အသင့်ကျွေးစာကို ဝယ်ယူကျွေးမွေးပါက အစာဖိုးအားဖြင့် တစ်ပိဿာလျှင် ငွေ (၁၀၀၀) ကျပ်ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။

ကျွန်တော်ကတော့ ရောစပ်စာပဲ ကျွေးပါတယ်။ ရောစပ်စာနဲ့ ကျွေးမွေးမယ်ဆိုရင် အစာဖိုး တစ်ပိဿာကို ရှစ်ရာကျပ်လောက်ပဲ ကုန်ကျတယ်။ ကိုယ့်နိုင်ငံအနေနဲ့က ကုန်ကြမ်းအလွယ်တကူ ဝယ်ရနေတာပဲဆိုတော့ ရောစပ်စာကျွေးမွေးရတာ အဆင်ပြေပါတယ်။ အစာဝယ် အစာစပ်ရတာလေးပဲ အလုပ်ကရှိတာလေ။  ရာသီပေါ်  မိမိဒေသထွက် ကုန်ကြမ်းကို ဈေးအသင့်အတင့်နဲ့ရရင်တော့ ရောစပ်စာကျွေးတာက သင့်တော်တယ်။ ကုန်ကြမ်းဝယ်ရခက်ခဲပြီး ဈေးကြီးတဲ့အရပ်ဒေသက ဘဲမွေးမြူသူဆိုရင်တော့ အသင့်ကျွေးစာကို ကျွေးသင့်ပါတယ်။ တချို့ဒေသတွေက မလွယ်ကူကြဘူး။ လမ်းပန်းဆက်သွယ်ရေးတို့ ကုန်ကြမ်းမထွက်တာတို့ ရှိနိုင်တာပေါ့။

ဟု ကိုအောင်ကိုဦးက ဆက်လက်ပြောသည်။

    ရောစပ်စာ ကျွေးမွေးရာတွင် ထည့်သွင်းရသည့် အစာကုန်ကြမ်းများမှာ ဆန်ကွဲ(ဇကွဲ)၊ ဖွဲနု၊ ပြောင်း စသည့်တို့ဖြစ်ပြီး ရာသီပေါ်ကုန်ကြမ်းများကို ကုန်ကြမ်းဈေးအတက်အကျအလိုက် ချိန်ဆကျွေးမွေးသင့်ကြောင်း သိရသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်