ဒေသကြက်အတွက် ကြက်အစာစပ်နည်း

16/09/2021 11:00 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဒေသကြက် ကြက်အစာစပ်ရာတွင် -

၁။ သဘာဝအစာများ

၂။ အစာစိမ်း

၃။ ကြက်ကလေး ကျွေးနိုင်သောစပ်စာ 

၄။ ကြက်ကြီး ကျွေးနိုင်သောစပ်စာ  

၅။ ကြက်ကလေး နှင့် ကြက်ကြီး အထိ ကျွေးနိုင်သောစပ်စာ ဟူ၍ ရှိကြပါသည်။ 

သဘာဝအစာများ (အချို့)

ဒေသကြက် အတွက် သဘာဝအစာများ မှာ

ဆန်ကွဲ၊ ပြောင်း၊ ဖွဲနု၊ ပွိုင့်၊ ပဲဖတ်၊ နှမ်းဖတ်၊ ငါးခြောက်မှုန့်၊ ပုစွန်ဖွဲ၊ ခရုခွံ နှင့်  ဗီတာမင် ဖြည့်စွက်စာများအား သင့်တော်သလို အချိုးကျ ကျွေးမွေးသင့်ပါသည်။ 

အစာစိမ်း(အချို့)

အစာစိမ်းအတွက်  ရေမှော်၊ ကန်စွန်းရွက်၊ ဗေဒါ၊ ငှက်ပျောပင်၊ ပင်စိမ်း၊ ဘောစကိုင်းရွက် တို့ကိုပါ ကျွေးမွေးသင့်ပါသည်။ 

ကြက်ကလေး ကျွေးနိုင်သောစပ်စာ 

ဆန်ကွဲ- ၃၅%

ပြောင်း -၂၀%

ပဲဖတ် နှင့်

နှမ်းဖတ် -၂၀%

ဖွဲနု နှင့် 

ဂျုံ ဖွဲ - ၁၅%

နေကြာ/ အုန်း - ၅%

ငါးမှုန့် - ၅%

ကြက်ကြီး ကျွေးနိုင်သောစပ်စာ 

ဆန်ကွဲ- ၂၀ %

ပြောင်း -၃၅ %

ပဲဖတ် နှင့် 

နှမ်းဖတ် -၂၀%

ဖွဲနု နှင့် 

ဂျုံ မှုန့် -၁၅ %

နေကြာ/ အုန်း- ၅ %

ငါးမှုန့် သို့

ပုစွန်ဖွဲ-၅ %

ကြက်ကလေးမှ ကြက်ကြီး အထိ ကျွေးနိုင်သောစပ်စာ

ဆန်ကွဲ-၃၀%

ပွိုင့် -၂၀%

ပြောင်း -၂၀%

ပဲဖတ်၊ နှမ်းဖတ် -၂၀%

ငါးခြောက်မှုန့် သို့ ပုစွန်ဖွဲ- ၁၀%

ဒေသကြက် အစာနှုန်း

၁ ရက်-၇ ရက် =၃ ဂရမ်

၈ ရက်-၁၄ရက် =၉ ဂရမ်

၁၅ရက်-၂၁ရက် =၁၅ ဂရမ် 

၂၂ရက်-၂၈ရက် =၂၀ ဂရမ်

၂၉ရက်-၃၅ရက် =၂၇ ဂရမ်

၃၆ရက်-၄၂ရက် =၃၄ ဂရမ်

၄၃ရက်-၄၉ရက် =၄၂ ဂရမ်

၅၀ရက်-၅၆ရက် =၅၀ ဂရမ်

၅၇ရက်-၆၃ရက် =၅၈ ဂရမ်

၆၄ရက်-၇၀ရက် =၆၆ ဂရမ်

၇၁ရက်-၇၇ရက် =၇၄ ဂရမ်

၇၈ရက်- ၈၄ရက် =၈၃ ဂရမ်

၈၅ရက်-၉၁ရက် =၉၀ ဂရမ် တို့ဖြစ်ကြသည်။

၁၀၀၀ ဂရမ် = ၁ကီလို

၁ ကီလို = ၆၂ ကျပ်သား

ကိုးကား- အေဘယ် ဒေသကြက် မွေးမြူရေး ခြံ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်