ငွေရေး ကြေးရေး စီမံကြမယ်(ဝင်ငွေ၊ ထွက်ငွေ ဇယား/စာရင်း)

09/07/2019 14:37 PM တွင် Mango Magazine Mango Magazine မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒေါ်ဝတ်ရည်ကတော့ ရပ်ကွက်ထဲမှာ အမျိုးသမီးဝတ် အထည်မျိုးစုံကို ရောင်းချပြီး ဝင်ငွေရှာခြင်းကြောင့် မိသားစုကို တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပံ့ပေးနေပါတယ်။ ဒေါ်ဝတ်ရည်တို့အိမ်က ၁၀ နှစ်လောက်ကြာပီဖြစ်တဲ့ တီဗီ အဟောင်းလေးဟာ သိပ်မကြာခင်က ပျက်သွားတဲ့အတွက် ဒေါ်ဝတ်ရည်တစ်ယောက် တီဗီ အသစ်တစ်လုံး ဝယ်ချင်နေပါတယ်။ ၂ သိန်းလောက်ရှိတဲ့ တီဗီဝယ်ဖို့ ငွေစုထားတာလည်း မရှိတာမို့လို့ ဘယ်လို ဝယ်ရမလဲဆိုတာ စဉ်းစားရခက်နေပါတယ်။

ဒေါ်ဝတ်ရည်ကို ကူညီနိုင်မဲ့ နည်းလမ်းတစ်ခုကို တွေ့ထားပါတယ်။ ဒါက "ဝင်ငွေ ထွက်ငွေ" ဇယားပါ။

ဒေါ်ဝတ်ရည်တို့ မိသားစုရဲ့ တစ်လစာ ဝင်ငွေ/ထွက်ငွေ အခြေအနေကို လေ့လာကြည့်ရအောင်။

ဒေါ်ဝတ်ရည်မိသားစုရဲ့ ဝင်ငွေ/ထွက်ငွေ ဇယားအရ ဝင်ငွေနဲ့ အသုံးစရိတ်ဟာ ညီမျှနေပါတယ်။ ဒါကြောင့် ဒေါ်ဝတ်ရည်တစ်ယောက် ငွေလည်း မစုနိုင်ပါဘူး။ မလိုအပ်တဲ့ အသုံးစရိတ်တွေနဲ့ အသုံးများနေတဲ့ စရိတ်တွေကို လျော့ချလိုက်မယ်ဆိုရင် ပိုက်ဆံအပို ထွက်လာနိုင်ပါတယ်။

ဒီလိုအသုံးစရိတ်တွေ လျော့ချလိုက်မယ်ဆိုရင် ပိုထွက်လာမယ့် ငွေ ၃၅၀၀ ကို ၆ လလောက်စုပြီး တီဗီ အသစ်တစ်လုံး ဝယ်နိုင်တော့မှာပါ။

မိတ်ဆွေတို့လည်း ဒေါ်ဝတ်ရည်လိုပဲ ဝင်ငွေ ထွက်ငွေစာရင်းကို သေချာ စိစစ်မယ်ဆိုရင် မိသားစုအတွက် လိုအပ်တာလေးတွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။

ထပ်ဆင့်အနေနဲ့ - သင်ချေးငွေမယူခင်မှာ မိမိအိမ်ရဲ့ ဝင်ငွေ/ထွက်ငွေ အခြေအနေကို သေသေချာချာ စစ်ဆေးကြဖို့လည်း အကြံပေးချင်ပါတယ်။

Source - mango magazine


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်