ဖုန်းငွေလက်ကျန် နည်းနေချိန် ဖုန်းပြန်ခေါ်ပေးဖို့ စာဘယ်လို ပို့ရမလဲ ?

27/07/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခင်တစ်ပတ်ကတော့ တောင်သူကြီးများ အွန်လိုင်းမှ ဈေးဝယ်ခြင်း ဆိုတာလေးကို ပြန်လည်မျှဝေ ပေးခဲ့ပါတယ်ခင်ဗျ။ ယခုတစ်ပတ်မှာတော့ မိမိဖုန်းကနေ စာတို မက်ဆေ့ချ် ပေးပို့တဲ့နည်းကို ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ တောင်သူဦးကြီးတွေ ခရီးသွားရင်း အပြင်သွားရင်း အရေးတကြီး ဖုန်းခေါ်ဆိုစရာ ရှိတဲ့ အချိန် ဖုန်းဘေကလည်း မကျန်တော့ဘူးဆိုရင် မိမိဆီကို ဖုန်းပြန်ခေါ်ပေးဖို့ စာတို မက်ဆေ့ချ် ပေးပို့လို့ရပါတယ် ခင်ဗျ။ လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ် ခင်ဗျ။ 

MPT       -     *222*ပို့မည့်ဖုန်းနံပါတ်# Call

Telenor   -     *1*ပို့မည့်ဖုန်းနံပါတ်# Call

Mytel      -     *521*ပို့မည့်ဖုန်းနံပါတ်# Call (Mytel အချင်းချင်းသာ) 

Ooredoo -     *122*ပို့မည့်ဖုန်းနံပါတ်# Call (Ooredoo အချင်းချင်းသာ) 

တောင်သူ ဦးကြီးတွေ အနေနဲ့ မိမိမှာ ဖုန်းဘေကလည်း ကုန်နေတယ်။ အရေးကြီးကိစ္စအတွက် ဖုန်းပြန်ခေါ်ဖို့လည်း ပြောချင်တယ်ဆိုရင်တော့ အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်း နှိပ်ကာ စာတိုလေး ပို့ပြီး ဖုန်းပြန်ခေါ်ပေးဖို့ ပြောလို့ရပါတယ် ခင်ဗျ။ ဖုန်းအသုံးပြုရာမှာ တောင်သူတွေ အားလုံး အဆင်ပြေကြပါစေ ခင်ဗျ။ နောက်တစ်ပတ် ပြန်လည် ဆုံတွေ့ပါမယ် ခင်ဗျ။  
ယခင်တစ်ပတ်က တောင်သူကြီးများ အွန်လိုင်းမှ ဈေးဝယ်ခြင်း အကြောင်းကို ပြန်လည်ဖတ်ရှု ချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

တောင်သူဦးကြီးများ အွန်လိုင်းမှ ဈေးဝယ်ခြ်င်း

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်