အပင်ဟော်မုန်း(Gibberellin) ကို အချိုးကျကျ သုံးတတ်ဖို့

19/03/2020 12:30 PM တွင် Ye Naing Win Ye Naing Win မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဂျစ်ဘရယ်လင်ကို အစေ့ငုပ်ခြင်း/အခက်အလက် တိုနေခြင်း /အဆစ်ကြားကျဲသေခြင်းတို့တွင် စိုက် တောင်သူများအနေဖြင့် နိုးကြားတက်ကြွစွာ အသုံးပြုခဲ့ကြသလို ဂျစ်ပရယ်လင်ကို ယခုကဲ့သို့တွင်ကျယ်စွာ အသုံးပြုခဲ့ခြင်း၏ဆိုးကျိုးကိုလည်း သိရှိရန်လိုအပ်ပါသည်။

ဂျစ်ဘရယ်လင်သည် အပင်အမျိုးအစားတစ်ခုခြင်းစီအလိုက် တိကျသေချာစွာ စနစ်တကျ မိမိတို့အနေဖြင့် လူတို့နေ့စဉ်စားသောက်ကြရပါသော သစ်သီးသစ်နှံများလို စားသုံးသီးနှံသစ်စေ့များတွင် မိမိတို့အနေဖြင့် အပင်မှလိုအပ်သည်ထက် ပိုမိုသုံးစွဲမိပါက လူသက်တမ်းအတွင်း အစာခြေမှုအားကောင်းသော လူငယ်လူလတ်ပိုင်းအရွယ် ကျော်လွန်ပြီးပါသော သက်လက်ပိုင်းအကျော် လူကြီးပိုင်းများအနေဖြင့် လူ့ကိုယ်ခန္ဓာကိုယ်တွင် အသားသီး အသားပိုများ အရေပြားအပေါ်ယံတွင် လွယ်ကူစွာထွက်ပေါ်စေခြင်း၊ ကိုယ်ခန္ဓာဆဲလ်လွှာများတည်ဆောက်မှု မူမမှန်သော အချိန်တွင်ဖြစ်ပေါ်စေသော အမြစ်ပွားနာ ခေါ်ဆိုသည့် ကင်ဆာဆဲလ်များ၏ အမြစ်ပွားများမှုကို အားပေးခြင်း အစရှိသဖြင့် သုတေသနစာတမ်းများအရ ဖတ်မှတ်သိရှိခဲ့ပြီးရသည့်အလျှောက် ဆိုးကျိုးများ မဖြစ်နိုင်စေရန်အတွက် မိမိတို့သုံးစွဲလိုက်ကြသော ဆေးပြား/ဆေးမှုန့် /ဆေးရည် တစ်ခုခြင်းစီ၏ အားနည်းချက် အားသာချက် မိမိအပင်မှလိုအပ်သည့်နှုန်းထား အပင်မှလိုအပ်သည့်အချိန် လိုအပ်သည့်ပမာဏထက် ပိုမိုသုံးစွဲခြင်းအမှုကို တိကျသေချာစွာ သိရှိရန်လိုအပ်ပါသည်။

ထိုသို့သော အကြောင်းအချက်များကြောင့် မိမိတို့အနေဖြင့် လူအများစားသုံးရန် လက်ရှိစိုက်ပျိုးထုတ်လုပ်နေကြပါကုန်သော စားသောက်ကုန် စိုက်ပျိုးရေးလုပ်ကိုင်ဆောင်ရွက်နေကြပါကုန်သော တောင်သူဦးကြီးများအနေဖြင့် ဂျစ်ဘရယ်လင်ကို မဖြစ်မနေ အသုံးပြုမည်ဟု စိတ်ဆုံးဖြတ်လိုက်ပြီးသည်နှင့်တပြိုင်နက် မိမိတို့စိုက်ပျိုး ထားရှိသည့် သီးနှံတစ်ခုခြင်းစီအလိုက် အချိန်ကိုက် အချိုးကျ အပ်ကျမတ်ကျ သိရှိနိုင်စေရန် အလိုဌာရေးသား တင်ပြလိုက်ရပါသည်။ မိမိတို့စိုက်ပျိုးထုတ်လုပ်ကြကုန်သော စားသောက်ကုန် သစ်သီးသစ်နှံ သစ်စေ့ ဟင်းသီးဟင်းရွက်များဟာ စားသုံးသူများစွာသောလူပုဂ္ဂိုလ် များအတွက် ဘေးဥပ္ပါဒ် အန္တရာယ်ကင်းစင်စေသော သစ်သီးသစ်စေ့ ဟင်းသီး ဟင်းရွက်များ ထုတ်လုပ်စိုက်ပျိုးနိုင်ကြပါစေ။

အကယ်၍ မိမိတို့အနေဖြင့် မဖြစ်မနေ ဂျစ်ဘရယ်လင်ကို အသုံးပြုခဲ့ရမယ်ဆိုခဲ့ရင်လည်းဘဲ ကျနော့်အနေနဲ့လေ့လာမိသလောက် သီးနှံတစ်ခုခြင်းစီအလိုက် ထည့်သွင်းပေးသင့်သော အချိုးနှုန်းထားများကို အောက်ပါဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

ပိုးစာသီး/သစ်တော်သီး/ချယ်ရီသီး ရေ လေးဂါလံ ဂျစ်ဘရယ်လင် ၁၂၀၀ စီစီ/ဧက( ငုပ်နေသောအဖူးများနိုးကြားစေရန် )

အာလူး/ဒေလီယာ/သစ္စာပန်းဥ ရေ တစ်လီတာတွင် ( 0.05 မီလီဂရမ် )( နားနေချိန် အပင်ပေါက်စေရန်/ ဥစိုက်များအနေဖြင့် အဆိုပါဆေးရည်အချိုးနှုန်းထားကို ဆေးရည်ဖျော်ထားသော ခွက်အတွင်းသို့ ( ၁၀မိနစ် ) သာစိမ်ပေးရန်လိုအပ်ပါသည်။ )

သရက်/လိမ္မော် /သံပုရာ ပင်များ အသီးညီညီညာညာ ခူးဆွတ်နိုင်စေရန်အတွက် ( ပန်းပွင့်ချိန်တွင် ရေလေးဂါလံလျှင် ၂၀မှ၃၀ စီစီ နှုန်းထား ဖြင့် ( အသီးမရသောနှစ်များဟု မိမိယူဆထားသောနှစ်တွင် တစ်နှစ်ခြားသာ သီးသောအပင်) ဖြန်းပက်ပေးရန်

စပျစ်အညီးညှပ်ခြင်း( အညှာတိုခြင်း ) အတွက် ရေ လေးဂါလံတွင် 1.25စီစီ ကို ဖျော်စပ်ဖြန်းပေးရန်။

ကြံ/ငရုတ်/နံနံ/နေကြာ နှင့်အရွက်စားအပင်များ ဈေးကွက်အတွင်းသို့ မပို့မှီ (၁၄)ရက်မတိုင်မှီ ကတည်းက ရေ ()ဂါလံတွင် (၃၀-၆၀)စီစီကို ဖြန်းပေးရန်။ ဆေးဖြန်းပြီး အပင်ဘယ်လောက်ကြီးကြီး ၁၄ရက်နေမှ ဈေးကွက် အတွင်း ခူးဆွတ်ပို့ဆောင်ရန်။

ဂန္နမာ/သစ္စာပန်း ပန်းခိုင်အရိုးတိုပြီး ပန်းခိုင်ရှည်စေရန်အတွက် ရေ ()ဂါလံ ကို ဆေးရည် (၃၀-၆၀)စီစီ နှုန်းထားဖြန်းပေးရန၊ အပင်သက်ငယ်လွန်းနေသော ပန်းခိုင်/ပန်းဖူး မိမိတို့အနေဖြင့်မရယူသေးသော ပျိုးသက်ငယ်များအပေါ်တွင်မူ ဆေးဖြန်းရန် မသင့်ပါ။

အသီးစသည့်မဟုတ်သော အသားယူပြီး သစ်ထုတ်လုပ်သော နှစ်ရှည်ပင်ကြီးများကိုမူ အစာကြောလွှာသို့ ဆေးရည် ၁၀ စီစီကို အခေါက်ကြောအတွင်း ထိုးသွင်းခြင်းဖြင့် အပင်တက်နှေးခြင်း ဘေးကိုင်းဖြာမှုနည်းခြင်း အတက်ညွှန့်တိုခြင်း တို့ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။( မှတ်ချက်။ ။ဓါတုဆေးရည်ဖြစ်သည့်အတွက် အသီးစား/အရွက်စား မဟုတ်သော နှစ်ရှည်အပင်များကိုသာ တိုက်ရိုက်ထိုးသွင်းစေရန် ရည်ညွှန်းကြောင်းကိုမူ အများအနေဖြင့် သိစေအပ်ပါသည်။ )

ရာသီချိန်မတူ အပင်သက်မတူသော မျိုးကူးပွားစေနိုင်ရန်အတွက် ပန်းဝတ်မှုံ ကူးလူးချိန်တွင် ( ဥပမာ- စပါး စပ်မျိုး မျိူးစေ့ ထုတ်လုပ်သောအချိန် အဖိုပင်နှင့်အမအပင်အရပ်တူညီရန် ) ကျနော်တို့ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် စပ်မျိုးစပါးများ မျိုးကူးစပ်ခါနီးလောက်ဘဲ သုံးပါတယ်။

ဒါလေးကတော့ ကျနော့်အနေနဲ့လေ့လာမိသလောက် သိတတ်သလောက်လေး လေ့လာတင်ပြရခြင်း သက်သက်သာဖြစ်ပါကြောင်း အများသိစေအပ်ပါတယ်ခင်ဗျ။

( ဓါတုဆေးများကို လိုအပ်မှသာ သုံးစွဲပါ ။ )

ကြိုးစားနေမည့်

ကျနော်

ရဲနိုင်ဝင်းပါ။

09767975835

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်