လျှော်ဖြူအစေးထွက်နှုန်းနည်းသွားခဲ့ရင်......

28/12/2020 10:45 AM တွင် Call center Call center မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

လျှော်ဖြူအစေးထွက်နှုန်း ယခင်နှစ်ကထက် အထွက်နှုန်းလျော့နည်းသွား၍ မည်သို့ပြုလုပ်ရမည်ကို သိလိုပါသည်။

    ပင်စည်အခုံး (အကုံး) ရှိသောနေရာတွင် ဓါးဖြင့် အစေးထုတ်မိလျှင် အစေးထွက်နှုန်းနည်းလာနိုင်ခြင်း၊ ပင်စည်အား အစေးဖြတ်ထားပြီး (၂) ပတ် (၃) ပတ်သားအကြာတွင် အခေါက်နှင့် အသားကြားရှိ ကျီးပေါင်းခေါ် အသားနုလွှာ ကောင်းစွာဖြစ်ပေါ်လာပြီးသည်အထိ ဓါးဖြင့် ပါးပါးရှပ်ပြီးလှီးပေးခြင်းအားဖြင့် အစေးကြောများပွင့်လာပြီး (၁) ပတ်ခြား (၁ - ၂) ကြိမ် ပြုလုပ်ပေးခြင်းဖြင့် မန်းနပ်သွားမှ အစေးများ နေ့စဉ်ထွက်ရှိလာနိုင်ခြင်း၊ အစေးထွက်ရှိရန် လက်ရှိလုပ်ကိုင်နေကြသော ဓါးထစ်အစေးထုတ်နည်းတွင် ပင်စည်ကို ဒဏ်ရာကြီးစွာရရှိပြီး ကြိမ်ဖန်များစွာ လိုအပ်သည်ထက် အတိုင်းအဆမရှိ အစေးထုတ်ယူခြင်းကြောင့် အစေးထွက်အားနည်းခြင်း၊ အစေးထွက်ရှိမှုသည် မိုးရေချိန် အနည်းအများပေါ်တွင်မူတည်၍ မိုးများလျှင် အစေးထွက်အားကောင်းပြီး မိုးနည်းလျှင် အစေးထွက်နည်းနိုင်ခြင်း၊ အစေးမပြတ်ထွက်ရန် အပင်၏အခြေအနေပေါ်တွင်မူတည်ပြီး လိုအပ်သလို မန်းပြင်ပေးရပါသည်။ မန်းပြင်သူ၏ နားလည်ကျွမ်းကျင်မှုနှင့် သက်ဆိုင်ပါကြောင်း၊ အစေးထွက်နှုန်း ပိုမိုကောင်းမွန်စေရန် မိမိစိုက်ခင်းအား အစာနှင့်ရေကို လိုအပ်သလို ဖြည့်ဆည်းပံ့ပိုးပေးရပြီး ပုံမှန်ထိန်းသိမ်းပြုစုပေးပါက အစေးထွက်အား ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်