စပါးခင်းထဲ ရေညှိတွေရှိနေတယ်ဆိုလျှင်

27/01/2021 15:00 PM တွင် Call center Call center မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

စပါးခင်းများတွင်  ရေညှိများ အလွန်များနေသဖြင့် မည်သို့ပြုလုပ်ရမည်ကို သိလိုပါသည်။ (ဦးထွန်းလှ၊ ရွှေဘိုမြို့နယ်)

    စပါးခင်းတွင် ပုလဲမြေဩဇာသုံးစွဲမှုများလျှင်လည်းကောင်း၊ မြေချဉ်လျှင်လည်းကောင်းဖြစ်တတ်ပါသည်။

  • ရေသွင်းရေထုတ်ပြုလုပ်ပေးပါ။
  • သဘာဝမြေဩဇာများ သုံးစွဲပေးပါ။
  • ထုံးဖြူးပေးပါ။
  • ကော့ပါး အောက်စီကလိုရိုက် Copper Oxichloride ကို ဆေးဖျန်းပုံးတစ်ပုံး လျှင် (၅၀) ဂရမ်ဖြင့် ဖျန်းပေးပါ။
  • တစ်ဧကကို ဒုတ္ထာ (၅)ပေါင်/(၁၀)ပေါင် (သို့) ကော့ပါးဟိုက်ဒြောဆိုက်ကို သုံးနိုင်ပါသည်။
  • ဆေးသုံးပြီးလျှင် ကန်သင်းလုံအောင်လုပ်ပေးပါ။ ရေလျှော့၍ရလျှင် ရေနည်းနည်းလျှော့ပြီးမှ ဆေးသုံးပါ။
  • မြေဩဇာသုံးလျှင်လည်း ကျောက်မှုန့်ထည့်သုံးပေးပါ။
  • Coptrol (CuSO4) အရည် (၁) လီတာလျှင် (၁) ဧကနှုန်းသုံးပါ။ ရေ ၄ လက်မလျှင် ၀.၈ လီတာ/ဧက၊ ရေ ၆လက်မလျှင် ၁.၂ လီတာ/ဧက၊ ရေ ၆ လက်မအထက် ၁.၆ လီတာ/ဧက 

Ref; ဒေါ်ဝါဝါသိန်း (ဒု-ညွှန်ကြားရေးမှူး)၊ မြေအသုံးချရေးဌာနခွဲ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်