ချောင်းခြောက်ဆိုးနေရင် ဘာတွေစားပေးရမလဲ

23/07/2021 11:30 AM တွင် Ixora Home Garden -ပုံဏ္ဍရိပ်ဥယျာဉ်ခြံ Ixora Home Garden -ပုံဏ္ဍရိပ်ဥယျာဉ်ခြံ မှ ရေးသား

    အအေးမိလို့ပဲဖြစ်ဖြစ် သာမာန်တုပ်ကွေးဖြစ်လို့ပဲဖြစ်ဖြစ် ချောင်းဆိုးတာက ကျန်နေခဲ့တတ်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ချောင်းခြောက်ဆိုးတာက စိတ်ရှုပ်စရာကောင်းလှပါတယ်။ ဒါ့အပြင် ချောင်းခြောက်ဆိုးခြင်းက ကိုဗစ်ရောဂါရဲ့ လက္ခဏာတစ်ခုထဲမှာပါဝင်တာမို့ ဂရုစိုက်ဖို့လိုပါတယ်။ ချောင်းဆိုးတဲ့အခါ တံတောင်နဲ့ မျက်နှာကို အုပ်ဆိုးတာမျိုး၊ ကိုယ်သောက်တဲ့ရေခွက်တွေ၊ ဇွန်းတွေကို သီးသန့်ထားတာမျိုးနဲ့လည်း အတူနေတဲ့မိသားစုကို ဂရုစိုက်ပေးပါ။ အစားစားရင်း ကုသလို့ရအောင် ချောင်းခြောက်ဆိုးတာကို သက်သာစေမယ့် အစားအစာလေးတွေကိုဖော်ပြပေးလိုက်ရပါတယ်။

၁။ မီသနော ငုံဆေးပြား

    ပူရှိန်းငုံဆေးပြားလေးတွေကလည်း လည်ချောင်းတစ်ဝိုက်ကို ချောမွေ့သွားစေပြီး ချောင်းခြောက်ကို သက်သာစေပါတယ်။

၂။ အစိုဓာတ်ပေးစက်

    အိမ်ထဲမှာ ပူနေတယ်ဆိုရင်လည်း လေထုကပါ စိုထိုင်းဆတွေနည်းပါတယ်။ ဒီလိုလေထုမှာနေရရင်လည်း ချောင်းခြောက်ဆိုးတာမျိုးတွေ ခံစားရပါတယ်။ ဒါကြောင့် လေထုကို ရေငွေ့ရအောင်လုပ်ပေးထားနိုင်ပါတယ်။ 

၃။ စွပ်ပြုတ်၊ လက်ဖက်ရည်၊ ရေနွေးကြမ်း ပူပူ

    ခုလိုအချိန်မှာ စွပ်ပြုတ်ပူပူ၊ ရေနွေးကြမ်းပူပူလေးတွေကို မှုတ်သောက်ခြင်းက ချောင်းခြောက်ဆိုးတာကို သက်သာနိုင်တဲ့အပြင် သင့်ခန္ဓာကိုယ်ကိုလည်း ရေဓာတ်ပြည့်ဝစေပါတယ်။ လည်ချောင်းမှာဖြစ်နေတဲ့ ထိခိုက်မှုတွေ ပြန်သက်သာဖို့လည်း အကူအညီပေးပါတယ်။

၄။ အခိုးအငွေ့တွေကို ရှောင်ပါ

    ဆေးလိပ်ငွေ့၊ မီးခိုးငွေ့၊ ရေမွှေး၊ ပန်းဝတ်မှုန်၊ သန့်ရှင်းရေးပစ္စည်းများ၊ တိရိစ္ဆာန်အမွှေးအမျှင်များ ဒါတွေကလည်း ချောင်းခြောက်ဆိုးနေတဲ့သူတွေ ရှောင်ရှားသင့်တဲ့အရာပါ။ ဒါတွေက သင့်ကို မြန်မြန်သက်သာစေဖို့ ကြာစေပါတယ်။

၅။ ပျားရည်

    ပျားရည်က ရောင်ရမ်းစေတာကို သက်သာတဲ့အစွမ်းရှိပါတယ်။ ချွဲတွေကိုရှင်းလင်းစေပြီး လည်ချောင်းကို ရှင်းစေပါတယ်။ ရေနွေးပူပူလေးထဲ ပျားရည်နဲ့ သံပုရာလေးနဲ့ထည့်၊ ပူပူလေးကို မှုတ်သောက်ခြင်းက ချောင်းခြောက်ဆိုးခြင်းအတွက် ဆေးတစ်ခွက်ပါ။

၆။ ဆားရည်

    ဆားရည်နွေးနွေးလေးနဲ့ စက္ကန့် ၃၀ လောက်ခေါင်းမော့ပြီး အာလုပ်ကျင်းပါ။ မျိုတော့ မချမိပါစေနဲ့နော်။

၇။ ဟင်းခတ်အမွှေးအကြိုင်ပင်များ

    ဟင်းခတ်အမွေးအကြိုင်ပင်တွေက ကိုယ်ခံစွမ်းအားမြှင့်တင်ပေးရုံသာမကပဲ လည်ချောင်းထဲက ရောင်ရမ်းမှုတွေကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် ဟင်းချက်တဲ့အခါ ကိုယ်ကြိုက်တတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ချက်စားပါနော်။ ချောင်းခြောက်ဆိုးခြင်းအတွက်လည်း ကောင်းပါတယ်။

၈။ ဗီတာမင်အစုံ

    ဒါကတော့ ဒီကာလမှာ အထွေအထူးပြောစရာမလိုဘဲ သိကြမှာပါ။ ဗီတာမင်အစုံရအောင် အရောင်စုံ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားပေးပါ။

၉။ အရည်များများသောက်ပါ

    ချောင်းခြောက်ဆိုးတာနဲ့ ဖျားနာတုပ်ကွေးတွေက အတူယှဉ်တွဲနေတာမို့ ကိုယ့်ကိုကိုယ် ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်နေပါ။ လည်ချောင်းကို အခြောက်မခံပါနဲ့။ ရေများများသောက်ပါ။ ရေအပြင် သဘာဝအသီးဖျော်ရည်တွေလည်း လုပ်သောက်နိုင်ပါတယ်။

၁၀။ Bromelain

    နာနတ်သီးမှာတွေ့ရတဲ့ အင်ဇိုင်းတစ်မျိုးကို ဆိုလိုတာပါ။ ဒီဓာတ်က ချောင်းခြောက်ဆိုးခြင်းအတွက် အထူးကောင်းမွန်စေပါတယ်။ ချွဲသလိပ်တွေကို ချေဖျက်ပေးတဲ့ အစွမ်းလည်းရှိပါတယ်။ ဒါကြောင့် နာနတ်သီးစားပေးခြင်းက ချောင်းခြောက်ဆိုးခြင်းကို သက်သာစေမှာပါ။

၁၁။ Probiotics

    Probiotics ဆိုတာကတော့ ကျန်းမာစေတဲ့ ဘက်တီးရီးယားလေးတွေပါ။ ကျွန်မတို့တွေနဲ့ သိပ်ပြီး ရင်းနှီးကျွမ်းဝင်မရှိပေမယ့် အပင်တွေနဲ့ ယှဉ်ပြောရရင် EM လို အရာပါ။ ဆေးဆိုင်တွေမှာရောင်းချကြပါတယ်။

    ချောင်းခြောက်ဆိုးတာက ခုလိုအချိန်မှာ အနည်းနဲ့အများ စိတ်ရှုပ်ရတာမို့ ဒီလို အိမ်တွင်း အစားအစာလေးတွေနဲ့ ကုသတာကလည်း တစ်ဖက်တစ်လမ်းက သက်သာရာရစေမှာပါ။ အရာရာက တန်ဆေးလွန်ဘေးဆိုတာလည်းရှိတာမို့ ဂရုတစိုက် နေထိုင်စားသောက်ကြရင်း ရောဂါကပ်ဆိုးကြီးကို ကျော်လွှားနိုင်ကြပါစေ။

ref:https://www.healthline.com/health/how-to-get-rid-of-dry-cough#home-remedies


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်