သင်္ဘောသီး အသီးကြီးကြီးရအောင် မြေဩဇာဘယ်လိုကျွေးမလဲ

29/01/2021 15:00 PM တွင် Call center Call center မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

သင်္ဘောသီးအသီးကြီးထွားအောင်ပြုလုပ်ရမည့်နည်းလမ်းများကို သိလိုပါသည်။ (အောင်မျိုး၊ Facebook )

    သင်္ဘောပျိုးပင်မှစိုက်ခင်းသို့ရွေ့ပြောင်းစိုက်ပြီး အမြစ်စတင်စွဲချိန်မှစ၍ ခြောက်လသားတွင် (၁) ကြိမ်၊ စိုက်ကျင်း (၁) ကျင်းကို နွားချေးဆွေး (၁) တောင်းခန့်ကျွေးရပါသည်။ တစ်ချိန်တည်း (၁) ဧကလျှင် ယူရီးယား (၁၂) ပေါင်၊ တီစူပါ (၂၄၀) ပေါင်၊ ပိုတက်ရှ် (၂၄၀) ပေါင်နှုန်း ကျွေးရပါသည်။

    မြေဩဇာကျွေးရာတွင် အမြစ်ဆင်းသည့် အကွာအဝေးအထိအနှံ့ကြဲပက်ပေးရပါသည်။ အမြစ်သည်အပင်အမြင့်ထက် ပိုရှည်ပါသည်။ မြေဩဇာကျွေးချိန်တွင် ရေဝအောင်လောင်းပေးရန် လိုအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်