တောင်သူဦးကြီးများဆီသို့ အကြံပြုနှိုးဆော်ချက်

27/12/2019 16:30 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ဆည်နှင့်ရေလှောင်တမံများတွင် လက်ကျန်ရေနည်းပါးမှုကြောင့် ဆောင်းသီးနှံနှင့် နွေသီးနှံစိုက်ပျိုးထုတ်လုပ်ရေးတွင်

ထိခိုက်မှုမဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် သီးနှံနှင့်သီးနှံပုံစံပြောင်းလဲရေးလုပ်ငန်းများ

ဆောင်ရွက်နိုင်ရေးအကြံပြုနှိုးဆော်ချက်

 ၁။ ၂၀၁၉ ခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါးခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေများရှိ ဆည်ကြီးများနှင့် ရေလှောင်တမံအချို့တို့တွင် ရေ၀င်ရောက်မှုနည်းခဲ့သဖြင့် ယမန်နှစ်များထက် လက်ကျန်ရေလှောင်ပမာဏနည်းပါးခြင်းများ ကြုံတွေ့ရလျက်ရှိပါသည်။ ထိုဆည်များ၊ ရေလှောင်တမံများ၏ အကျိုးပြုရေသောက်ဧရိယာများတွင် နှစ်စဥ်စိုက်ပျိုးနေကျဖြစ်သော ဆောင်းသီးနှံနှင့်နွေသီးနှံများအတွက် စိုက်ပျိုးရေပေးဝေနိုင်မည့် ပမာဏလျော့နည်းခြင်းနှင့် လုံးဝပေးနိုင်မှုမရှိနိုင်သည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိပါသည်။

၂။ သို့ဖြစ်၍တောင်သူလယ်သမားများအနေဖြင့် ကြိုတင်ပြင်ဆင်ရေးနှင့်သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် မိမိတို့၏ ဒေသရေမြေအခြေအနေများအပေါ်မူတည်လျက် အောက်ဖော်ပြပါလုပ်ငန်းစဥ်များကို လိုက်နာဆောင်ရွက်ကြပါရန် အကြံပြုနှိုးဆော်အပ်ပါသည်။

(က) စိုက်ပျိုးရေအလေအလွင့်မရှိအောင်အသုံးပြုခြင်း

နှစ်စဥ်ပေးဝေနေကျရေပမာဏအပြည့်အဝမရရှိနိုင်သော ဆည်နှင့်တမံရေသောက်ဧရိယာများတွင် ရရှိသောရေကို အချိန်ကိုက်ရယူလျက် ရေအလေအလွင့်ဖြစ်ပေါ်မှုမရှိအောင် သီးနှံရွေးချယ်မှုနှင့် စိုက်ပျိုးချိန်အများစု တူညီအောင်ချိန်ညှိစိုက်ပျိုးကြရန်၊

ရေအလေအလွင့်ဖြစ်ပေါ်မှုနည်းပါးသည့် ရေသွင်းနည်းလမ်းများဖြင့် စိုက်ပျိုးရေ၊ ဖြည့်စွက်ရေများကို ရယူအသုံးပြုကြရန်၊

ထိုဧရိယာများအတွင်းရှိပြီးဖြစ်သည့် ရေပိုထုတ်ကန်များ၊ မြောင်းများမှရေစုပ်စက်ဖြင့်ရေတင်ခြင်း၊ စက်ရေတွင်းများမှ ရေတင်ခြင်းများဖြင့် စိုက်ပျိုးရေ၊ ဖြည့်စွက်ရေရရှိရေးကိုလည်း ဆောင်ရွက်ကြရန်။

() ရေရရှိရေးလုပ်ငန်းအသစ်များ ဖော်ထုတ်အသုံးချခြင်း

ရေသောက်ဧရိယာအနီးပတ်ဝန်းကျင်ရှိ ရေပိုထုတ်မြောင်းများ၊ ကန်များမှ ရေများကို သင့်လျော်မည့်နည်းလမ်းများဖြင့် ပိတ်ဆို့သိုလှောင်ပြီး ရေစုပ်စက်များဖြင့် ရေတင်စိုက်ပျိုးခြင်း၊

ရေသောက်ဧရိယာအတွင်း မြေအောက်ရေရရှိနိုင်မည့်နေရာများရွေးချယ်ပြီး စက်ရေတွင်းများတူးဖော်လျက် စိုက်ပျိုးရေ၊ ဖြည့်စွက်ရေတိုးချယ့်ပေးဝေနိုင်ရေး ဆောင်ရွက်ခြင်း။

() လက်ကျန်အစိုဓာတ်များစွာရှိသောဧရိယာများတွင် ချက်ချင်းထွန်ယက်စိုက်ပျိုးခြင်း

မိုးစပါးရိတ်သိမ်းပြီးလျှင်ပြီးချင်း ရိုးပြတ်များကို ထွန်စက်ဖြင့် ချက်ချင်းထွန်ယက်ခုတ်ဖြတ်လျက် သက်တမ်းတိုပဲမျိုးများ စိုက်ပျိုးခြင်း။

() ရေလိုက်ကြဲစနစ်ဖြင့် သီးကြိုသီးနှံများ စိုက်ပျိုးခြင်း

မိုးစပါးအောင်ရေထုတ်ပြီးချိန်တွင် ရေလိုက်ကြဲစနစ်ဖြင့် ဆောင်းသီးနှံများအား သီးကြိုစိုက်စနစ်ဖြင့် ကြဲပတ်စိုက်ပျိုးခြင်း

() မိုးစပါးရိတ်သိမ်းချိန်တွင် အစိုဓာတ်ကျန်ရှိနေသေးသောစိုက်ခင်းများတွင် ရိတ်ပြီးလျှင်ပြီးခြင်း ကုလားပဲ၊ မတ်ပဲ၊ ပဲချဥ်ပေါင်၊ နေကြာစသည့် သီးနှံများ ချက်ချင်းစိုက်ပျိုးခြင်း

() ဆည်ရေအလုံအလောက်ပေးသွင်းနိုင်ခြင်းမရှိသည့် ဧရိယာများတွင်သီးလှည့်စနစ်ဖြင့် သီးနှံပြောင်းလဲစိုက်ပျိုးခြင်း

ထိုဧရိယာများတွင် နှစ်စဥ်စိုက်ပျိုးနေကျ နွေစပါးသီးနှံအစား ရေလိုအပ်ချက်နည်းပါးသည့် အခြားသောပဲမျိုးစုံ၊ ဆီထွက်နှင့်ဟင်းသီးဟင်းရွက်သီးနှံများကို မိမိတို့၏ ဒေသအခြေအနေအပေါ်မူတည်၍ ပြောင်းလဲစိုက်ပျိုးခြင်း။

() နှစ်စဥ်စိုက်ပျိုးနေသောသီးနှံများအတွက် သက်တမ်းတိုသည့်မျိုးများ ရွေးချယ်ပြောင်းလဲစိုက်ပျိုးခြင်း

() ဆည်ရေလုံးဝပေးသွင်းနိုင်ခြင်းမရှိသည့်အပြင် ရေရရှိရေးလုပ်ငန်းများဆောင်ရွက်နိုင်ခြင်းမရှိသည့် ဧရိယာများတွင် မိုးစပါးအပြီး ထယ်ရေးပြင်ဆင်ထားပြီး သကင်္ြန်မိုးကျသည်နှင့် မိုးကြိုနှမ်း၊ မိုးကြိုပဲတီစိမ်း သို့မဟုတ် မိုးကြိုချည်မျှင်ရှည်ဝါများစိုက်ပျိုးခြင်း

၃။ တောင်သူလယ်သမားများအနေဖြင့် မိမိတို့ဒေသအတွင်း ဆောင်းသီးနှံနှင့်နွေသီးနှံစိုက်ပျိုးထုတ်လုပ်ရေးတွင် ထိခိုက်မှုမဖြစ်ပေါ်စေရေးအတွက်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် သီးနှံနှင့်သီးနှံပုံစံပြောင်းလဲရေးလုပ်ငန်းများ

ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာနှင့် အကူအညီများလိုအပ်ပါက နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးများသို့ အချိန်မီ ဆက်သွယ်ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်