ချေးငွေမယူခင်မှာ ဒါလေးတွေ ကိုယ့်ကိုကိုယ်ပြန်မေးပါ။

27/11/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

ချေးငွေမယူခင်မှာ ဒါလေးတွေ ကိုယ့်ကိုကိုယ် ပြန်မေးသင့်ပါတယ်။

() ဘာကြောင့်ငွေချေးမှာလဲ။

အိမ်ဝယ်ဖို့ ပညာရေးရှေ့ဆက်ဖို့ယူတယ်ဆိုရင် ရေရှည် ဝင်ငွေတွေ ပိုင်ဆိုင်မှုတွေ ပိုပြီးဖွံ့ဖြိုးတိုးတက်လာနိုင်ပါတယ်။ သို့သော်လဲ အပျော်ခရီးသွားမို့ နောက်ဆုံး ထွက်တဲ့ ဖုန်းဝယ်ဖို့တွေအတွက်ဆိုရင်သေချာပြန်စဉ်းစားလိုက်ပါ။ အနုတ်လက္ခဏာ အကျိုးဆက်များပေါ်လာနိုင်လို့ပါ။

() ဘယ်လောက်ယူချေးသင့်သလဲ။

ယူတဲ့ချေးငွေရဲ့အတိုးရောအရင်းကိုပါ ကိုယ့်ရဲ့ပုံမှန်လက်ရှိအခြေအနေကို မထိခိုက်စေပဲ ပြန်ဆပ်နိုင်မှာလား။ ရိုးရှင်းစွာစိတ်ထဲကနေ တွက်ချက်လိုက်ပါ။ ပြန်မဆပ်နိုင်တဲ့ချေးငွေတွေကို တခြားတစ်နေရာကလှည့်ပြီး ပြန်ဆပ်နေမှာလား။ အဲဒါက တစ်ချိန်ကြရင် အရမ်းပြသာနာရှိလာနိုင်တဲ့ လုပ်ငန်းစဉ်ဆိုတာ သတိထားပါ။ ချေးငွေယူရင် ပြန်ဆပ်ရမယ့် အရစ်ကျနေ့လစာရင်းဇယားအရင် အသေးစိတ်ဖတ်ပါ။ သေချာနားလည်ပြီးမှ ယူပါ။

() ချေးတဲ့အတွက် ဘယ်လောက်ကျမှာလဲ။

ဘယ်သူကမှတော်ရုံတန်ရုံပြောရမယ်ဆိုရင် အလကားပိုက်ဆံချေးပေးမှာ မဟုတ်ပါဘူး။ ချေးပေးသူကအရင် စွန့်စားမှုတွေယူပြီး ငွေပမာဏတစ်ခုလွဲပေးလိုက်တယ်။ ချေးတဲ့သူဘက်ကလဲ အကျိုးအမြတ်ရဖို့ ကြည့်မှာပါ။ ဘာမှပြန်မဆပ်ဘူး။ ပြန်ဆပ်တာနောက်ကျတယ်။ ပြီးတော့ အလကားယူနေတာမဟုက်ဘူးလို့ ချေးငွေယူသူကပြောနေလို့မရပါဘူး။ ချေးငွေယူတဲ့သူကလဲ ပြန်တွက်ပါ။ မယူခင်မှာ ဘယ်လောက်အတိုးပေးရမှာလဲ။ ဝန်ဆောင်ခဘယ်လောက်လဲ။ နောက်ကျကြေးဒဏ်ကြေးတွေ ဘယ်လိုမျိူးဥပဒေတွေ ရှိလဲလေ့လာပါ။ တန်မတန် လုံးဝစဉ်းစားပါ။ ချေးငွေအမျိုးအစား လုပ်ငန်းအချင်းချင်း နှိုင်းယှဥ်ပါ။ လောပြီး ယူရင် အမှားတွေ နောက်မှာပါလာပါလိမ့်မယ်။

() မချေးပဲနဲ့ရော တခြားဟာတွေ ဘာလုပ်နိုင်သေးလဲ။

ချေးငွေယူတာကိုနောက်ဆုံးရွေးချယ်မှုဆုံးဖြတ်မှု အနေနဲ့ပဲ ပြုလုပ်ပါ။ တခြားလုပ်ဆောင်မှုတွေ ပြုလုပ်ပြီး ဆက်လက်နိုင်ဖို့တွေးပါ။ တကယ်မလိုအပ်ရင် ဘယ်သူကချေးပေးပေး မယူပါနဲ့။ ဘယ်သူ့ဆီကိုမှကြွေးမြီမတင်ပဲ စုဆောင်းထားပြီးဝယ်တာ ပိုကောင်းပါတယ်။

Source – Mother Finance

 

 

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်