အဝါ၊ အပြာ ပြီးတော့ ဒီတစ်ခါလာမှာက အဖြူရောင်ထောက်ချောက်ပါ။
လိုအပ်သော ပစ္စည်းများ
အဖြူရောင် ပလတ်စတစ် ကဒ်ပြား ၁.၅ ပေ x ၁ပေ
ကြာရှည်ခံသော ကော်
တိုင်
ကြိုး
ပြုလုပ်ပုံ ။ ။ အဖြူရောင် ပလတ်စတစ်ကဒ်ပြားပေါ်တွင် ကော်သုတ်၊ ကဒ်ပြားကို တိုင်မှာချည် တောင်မြောက်ဦးစားပေး ထောင်ထားလိုက်ပါ။
ကျိုင်းများ၊ လိပ်ခုံးကျိုင်း၊ ခွေးလှေးကျိုင်းများ၊ ကြမ်းပိုးအုပ်စုပိုးများ လာရောက်ကပ်နေပါလိမ့်မယ်။ တစ်ဧကတွင် ကဒ်ပြား ၆ - ၁၅ ခု ထောင်ပေးပါက ဆေးဖျန်းမှု လျော့ချနိုင်ပါလိမ့်မယ်။ ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် သစ်သီးဝလံစိုက်ခင်းများတွင် အသုံးပြုနိုင်ပါတယ်။
ကဒ်ပြားကို ရေနွေးတွင်စိမ်ပြီး သန့်ရှင်းကာ အကြိမ်ဖန်များစွာ အသုံးပြုနိုင်ပါတယ်။
ခန့်ဇော်ထက်
CPP Fertilizer Company ကြော်ငြာ
စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ
တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်
Khant Zaw Htet
Greenovator