မျိုးစေ့ငုတ်ခြင်းအကြောင်း တစေ့တစောင်း

15/09/2020 12:30 PM တွင် ပြည့်ဖြိုးသော် ပြည့်ဖြိုးသော် မှ ရေးသား

    အားလုံးပဲမင်္ဂလာပါ။ ဒီတစ်ခေါက်ရဲ့ ဆောင်းပါးမှာတော့ စိုက်ပျိုးရေးလောကရဲ့ ပင်ရင်းကွင်းဆက်ဖြစ်တဲ့ မျိုးစေ့များရဲ့အရေးကြီးပုံနဲ့ မျိုးစေ့ဆိုင်ရာ ငုတ်လျှိုးခြင်းဖြစ်စဉ်ကို ရေးသားဖေါ်ပြသွားပါ့မယ်။

မျိုးစေ့ငုတ်တယ်ဆိုတာ?

    မျိုးစေ့ကနေ အပင်ပေါက်ရင် အခြေအနေများစွာရှိနေပေမယ့် အပင်ပေါက်မလာနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ မျိုးစေ့ငုတ်ခြင်းမှာ နားနေသည့်အဆင့်၊ မူလအစေ့ငုတ်ခြင်း၊ ထပ်ဆင့်အစေ့ငုတ်ခြင်းနဲ့ အချိန်လွန်အစေ့ငုတ်ခြင်းတို့ ပါဝင်နေပါတယ်။ 

    မျိုးစေ့တစ်စေ့ဟာ နားနေတဲ့အဆင့်ဆိုတာရှိပါတယ်။ ပတ်၀န်းကျင်ရဲ့ လွှမ်းမိုးမှုကြောင့် အပင်ပေါက်ဖို့မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာ မျိုးစေ့ငုတ်လျှိုးခြင်း ဖြစ်ပေါ်ပါတယ်။ အဓိကဖြစ်ပေါ်ရခြင်းကတော့ လုံလောက်တဲ့အစိုဓာတ် မရရှိခြင်းဘဲဖြစ်ပါတယ်။ အဲ့အခြေအနေကနေ ပြန်လည်လွတ်မြောက်ရန် လုံလောက်တဲ့အပူချိန်နဲ့ အောက်ဆီဂျင်ရရှိဖို့ရန် လိုအပ်ပါတယ်။ သဘာ၀အတိုင်းငုတ်လျိူးတာကတော့ မိခင်အပင်ရဲ့ မျိုးရိုးဗီဇလက္ခဏာများမှာ အစေ့ငုတ်စေနိုင်တဲ့အကြောင်းအရာများ ပါ၀င်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ထပ်ဆင့်အစေ့ငုတ်ခြင်းဆိုတာကတော့ မျိုးစေ့ကို မိမိရဲ့ ထိန်းသိမ်းမှုအားနည်းချက်များကြောင့် မျိုးစေ့ငုတ်ခြင်း ဖြစ်ပေါ်လာရတာမျိုးလည်းရှိပါတယ်။ ဥပမာ -ရေစိမ့်၀င်မှုများတာမျိုး အပူချိန်အလွန်မြင့်မားတာမျိုးတွေကြောင့် ကြုံတွေ့ရတတ်ပါတယ်။

မျိုးစေ့ငုတ်ခြင်းကြောင့်

 ‌   မျိုးစေ့ထိန်းသိမ်းခြင်းလုပ်ငန်းမှာ များစွာအထောက်အကူပြုစေနိုင်ပါတယ်။ ဒါ့အပြင် အပင်အလေ့ကျပေါက်ခြင်းကိုလည်း ဟန့်တားနိုင်တဲ့အတွက် အချို့သော နှစ်ရှည်ပင်မျိုးများအတွက် အပင်သားခွဲရခြင်းလုပ်ငန်းမှာ အနှောက်အယှက်ဖြစ်ခြင်းကို ဟန့်တားစေနိုင်ပါတယ်။ အချို့သောစားကျက်များမှာ အလေ့ကျပေါက်ခြင်းကိုဖြစ်စေတဲ့ အားသာချက်များပဲဖြစ်ပါတယ်။

    အားလုံးသိကြတဲ့အတိုင်း မျိုးစေ့ငုတ်ခြင်းကြောင့် စီးပွားဖြစ်စိုက်ပျိုးခြင်းလုပ်ငန်းမှာ များစွာ အနှောက်အယှက်ဖြစ်စေပါတယ်။ မျိုးစေ့မကောင်းတာကြောင့် အပင်ပေါက်နှုန်းကျဆင်းတတ်သလို မျိုးစေ့ငုတ်လျိုးခြင်းကြောင့် လိုအပ်သော အပင်ဦးရေပမာဏ မရရှိခြင်းများလည်း ကြုံတွေ့ရနိုင်ပါတယ်။

မျိုးစေ့ငုတ်ခြင်းပြသနာကို ဘယ်လိုကုစားကြမလဲ?

၁။ ဓာတုဆေးများအသုံးပြု၍ဖယ်ရှားခြင်း

၂။ အစေ့ခွံကို ပွန်းပဲ့ ဒဏ်ရာပေးခြင်း

၃။ ယမ်းစိမ်းကိုအသုံးပြု၍ ဖယ်ရှားခြင်း

၄။ အအေးခံခြင်း 

၅။ ရေစိမ်ခြင်း/အပူချိန်အမြင့်တွင် သိုလှောင်ခြင်း

၆။ ဟော်မုန်းများအသုံးပြုခြင်း 

၇။ အခြားသောနည်းလမ်းများအသုံးပြုခြင်းတို့ ပါ၀င်ပါတယ်။

     သို့ရာတွင် မျိုးစေ့ရဲ့ ဗီဇလက္ခဏာညံ့ဖျင်းမှုကြောင့် အစေ့မှ အပင်မပေါက်ခြင်းများလည်းရှိသလို အစေ့တွင်းစာကုန်ခမ်းသွားမှုကြောင့် အပင်မပေါက်တော့တာမျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် မျိုးစေ့ရဲ့ ရုပ်သွင်ပြင်လက္ခဏာကြောင့် မျိုးစေ့မပေါက်နိုင်ခြင်းမျိုးလည်း ဖြစ်နိုင်တဲ့အတွက် အခွံမာအစေ့အဆံများမှာဆိုရင် မျိုးစေ့ကို ဒဏ်ရာပေးပြီး အပင်ပေါက်လာစေရန် လုပ်ဆောင်နိုင်ပါတယ်။ အထက်ဖေါ်ပြပါတွေကို လိုက်နာပြီး ဆောင်ရွက်မယ်ဆိုရင် မျိုးစေ့ငုတ်ခြင်းပြသနာကို ထိုက်သင့်သလောက်

    ဖြေရှင်းနိုင်မယ်လို့ စာရေးသူအနေနဲ့ ယုံကြည်မိပါတယ်။ မျိုးစေ့ငုတ်ခြင်းဆိုင်ရာ ဗဟုသုတကို ရန်ကုန်-မျိုးစေ့သုတေသနရဲ့ ကောက်နုတ်ချက်အချို့ကို ကိုးကား၍ ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ တောင်သူဦးကြီးများ အကျိုးစီးပွားဖြစ်ထွန်းကြပါစေလို့ ဆန္ဒပြုလျှက်။

ပြည့်ဖြိုးသော် (B.Agr.Sc )

Soil and Water Science

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်