သီးနှံမျိုးစေ့တွင် စပ်မျိုး(Hybrid)၊ သဘာဝအတိုင်းဖြစ်ပေါ်လာသောမျိုး(Open Pollinated) နှင့် ၁၉၄၀ ခုနှစ်မတိုင်မီကရှိခဲ့သော မိရိုးဖလာမျိုး (Heirloom) တို့ဟူ၍ မျိုးစေ့များ ရွေးချယ်စိုက်ပျိုးမှုပုံစံရှိကြပါသည်။
မျိုးစေ့တစ်ခုချင်းစီအလိုက် ဂုဏ်သတ္တိများ၊ အရည်အသွေးများနှင့် အားနည်းချက်များမှာ...
စပ်မျိုး
စပ်မျိုးကို အပင်သက်တမ်းတိုစေဖို့၊ ရောဂါဒဏ်ခံနိုင်စေဖို့နှင့် အစေ့အရွယ်ညီညာစေဖို့ စသောရည်ရွယ်ချက်ဖြင့် မျိုးကူးစပ်ပြီး ထုတ်လုပ်ကြသည်။ စပ်မျိုးမှ ပထမသားဆက် (F1=Filial) သည် စပ်မျိုး၏ဂုဏ်သတ္တိ (Hybrid Vigour) ကို ပြသသည်။ ထိုအပင်များမှ မျိုးစေ့ကိုယူပြီး နောက်နှစ်တွင် စိုက်ပျိုးက ပထမနှစ်ကဲ့သို့ ဂုဏ်သတ္တိအစွမ်းပြလေ့မရှိချေ။ ထို့ကြောင့် စပ်မျိုးပထမသားဆက်ကိုသာ စိုက်ပျိုးရသည်။
သဘာဝအတိုင်းဖြစ်ပေါ်လာသောမျိုး
သဘာဝအတိုင်းဖြစ်ပေါ်လာသောမျိုးကို စိုက်ပျိုးသူများက ကံအားလျော်စွာ တွေ့ရှိခြင်းဖြစ်သည်။ ထိုမျိုးများသည် နေရာဒေသအမျိုးမျိုးတွင် ဖြစ်ထွန်းမှု၊ အထွက်ကောင်းမွန်မှု၊ အပင်ညီညာမှု၊ ရောဂါဒဏ်ခံနိုင်မှုစသည်တို့တွင် စပ်မျိုးပထမသားဆက်ကို မီလေ့မရှိကြချေ။ သို့ရာတွင် ထိုမျိုးမှရသောမျိုးစေ့ကို ပြန်လည်စိုက်ပျိုးပါက ယခင်ကမျိုးအတိုင်း ပြန်လည်ရရှိသည်။ ဥပမာ- ပဲမျိုးစုံဖြစ်သည်။
မိရိုးဖလာမျိုး
မိရိုးဖလာမျိုးသည် ၁၉၄၀ ခုနှစ်မတိုင်မီက သဘာဝအတိုင်းရရှိခဲ့သောမျိုးဖြစ်သည်။ ထို့ကြောင့် စပ်မျိုးပထမသားဆက်ကဲ့သို့ သန်စွမ်းမှု၊ ရောဂါဒဏ်ခံနိုင်မှု၊ ညီညာမှုမရှိနိုင်ချေ။ သို့ရာတွင် ထိုမျိုးစေ့များကို တစ်နှစ်ပြီးတစ်နှစ် စုဆောင်း၍ဆက်လက်စိုက်ပျိုးကြသည်။ အဓိကအကြောင်းမှာ အသီးပုံစံညီညာခြင်း၊ အရွယ်တူညီခြင်း၊ အရောင်တူညီခြင်း၊ အနံ့တူညီခြင်းတို့ကြောင့် ဖြစ်သည်။ ဥပမာ- ခရမ်းချဉ်သီး၊ သခွားမျိုး၊ ငရုတ်၊ ဆလပ် စသည်တို့ဖြစ်သည်။
နည်းပညာများကို ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁)” စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ