မျိုးဝက်မများ နို့ထွက်နည်းခြင်း အကြောင်းရင်းများနှင့် ကာကွယ်နည်းများ

23/11/2021 13:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဝက်မ နို့အုံ မဖွံ့ဖြိုးခြင်း၊ နို့မထွက်ခြင်း၊ နို့ထွက်နည်းခြင်းသည်...

- မျိုး၀က်မတွေမှာ ဖြစ်ပွားတတ်ပါသည်။

- ၀က်မဒန်းတွေမှာလည်း နို့အုံ မဖွံ့ဖြိုးတာ မကြာခဏတွေ့ရတတ်ပါသည်။

ရောဂါဖြစ်စေသော အကြောင်းအရင်းများမှာ 

- ဟော်မုန်းဓါတ် မညီမျှခြင်း၊

- အစာအရည်အသွေး ညံ့ဖျင်းခြင်း၊

- အစာစားနည်းခြင်း၊

- မျိုးရိုးလိုက်ခြင်း၊

- အ၀လွန်ခြင်း၊

- သံကိုက်ခြင်း၊

- ဝဲရောဂါထခြင်း၊

- နာတာရှည် ရောဂါရှိခြင်း၊

- မှိုပါသော အစာများ စားမိခြင်း၊

- သောက်ရေ ပြတ်လတ်ခြင်း၊ မလုံလောက်ခြင်း တို့ကြောင့် ဖြစ်ပွားတတ်ပါသည်။

ရောဂါလက္ခဏာမှာ 

နို့အုံ မဖွံ့ဖြိုးခြင်း၊ နို့မထွက်ခြင်း၊ နို့ထွက်နည်းခြင်း။

ကုသခြင်း

ကုသလို့ မရ၊ မကုသသင့်ပေ။ မျိုး၀က်အဖြစ် မမွေးသင့်ပါ။ အသားတိုးမွေး​ပြီး ရောင်းပါ။

ကာကွယ်ခြင်း

- အစာကောင်းကျွေးရန်

- သောက်ရေ အလုံလောက်ထားရှိပေးရန်၊ 

- သံချပေးရန်၊

- နို့ပြဿနာရှိဖူးသော ၀က်မှပေါက်သော ၀က်များအား မျိုး၀က်အဖြစ် မမွေးမြူသင့်ပေ။

Ref, Dr.Pig ၏ “ဝက်မ နို့အုံမဖွံ့ဖြိုးခြင်း၊နို့ထွက်နည်းခြင်း “အကြောင်းမှ ကောက်နှုတ်ဖော်ပြပါသည်။

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်