ငါးစမွေးဖို့ရည်ရွယ်၊ နေရာရွေးချယ်မယ်

12/03/2019 14:35 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငါးမွေးချင်တယ်။ သို့သော်၊ ဘယ်လိုမြေမျိုးမှာ ငါးမွေးရမလဲ မသိလို့ပါ....ဆိုပြီး၊ ခဏခဏ ဖုန်းဆက်မေးမြန်းလာတဲ့ ငါးမွေးမြူရေးစိတ်ပါဝင်စားသူများအတွက် ငါးမွေးမြူရေးဆိုင်ရာ ပညာရှင်ကြီးတွေဆီက သိရှိရတဲ့ အချက်အလက်တွေထဲကမှ ငါးမွေးဖို့နေရာ ရွေးချယ်ရမယ့် နည်းလမ်းလေးတွေကို ကောက်နှုတ် ဖော်ပြပေးလိုက်ပါတယ်နော်။

နံပါတ်(၁) အနေနဲ့ - 

ငါးမွေးမယ့်သူဟာ မိမိရဲ့အိမ်အနီးအနား၊ သွားလို့လာလို့ လွယ်ကူမယ့်နေရာမျိုးမှာ မြေလွတ်၊ မြေရိုင်း ရှိမရှိ လေ့လာရှာဖွေရပါမယ်။

ဘာဖြစ်လို့ အိမ်နဲ့နီးစပ်ရာ မြေနေရာကို ရှာခိုင်းတာလဲ ဆိုရင် အိမ်နဲ့နီးနီးနားနားမှာ ငါးကန်ရှိနေတော့ ငါးတွေကို ကျန်းမာအောင်၊ အသေအပျောက် နည်းပါးအောင် အချိန်အားသရွေ့ စောင့်ရှောက်ပေးနိုင်တာကြောင့်ပါ။

သတိပြုရမှာကတော့ အဲ့ဒီမြေလွတ်မြေရိုင်းဟာ တခြားသီးနှံ စိုက်ပျိုးနေတဲ့နေရာမျိုးတော့ မဖြစ်စေရပါဘူး။

နံပါတ်(၂)အနေနဲ့  သိရှိရမှာကတော့ -

မြေဟာ ပြေပြစ်ပြီး၊ လျှောစောက်ရှိတဲ့ မြေအမျိုးအစားဆိုရင် ပိုကောင်းတယ်ဆိုတာပါပဲ။

ဘာဖြစ်လို့လည်းဆိုတော့ ငါးမွေးတဲ့မြေနေရာဟာ မြေတအားနိမ့်ကျနေတာမျိုး ဖြစ်နေရင်၊ မိုးရာသီမှာ ရေကြီး၊ ရေလျှံနိုင်တာကြောင့် ငါးတွေ ဆုံးရှုံးသွားနိုင်တာကြောင့်ပါ။

နောက်ထပ် သိထားရမယ့် အချက်တစ်ချက်ကတော့ - ငါးရဲ့ရှင်သန်ကြီးထွားမှုအတွက် ငါးမွေးမြူမယ့်မြေနေရာဟာ တောင်ကုန်းမြေ၊ လှေကားထစ်မြေမျိုးလည်း မဖြစ်ရပါဘူးတဲ့ရှင်။

နံပါတ်(၃) သိထားရမှာကတော့ - 

ငါးတွေဟာ ရွံ့စေးမြေကို ကြိုက်နှစ်သက်ပါတယ်။ သဲမြေ၊ သဲနှုန်းမြေတွေမှာ ငါးမမွေးမြူသင့်ပါဘူး။ ဂဝံမြေအမျိုးအစားဆိုရင်တော့ ငါးလုံးဝ(လုံးဝ) ကို မမွေးမြူသင့်ပဲ ရှောင်ကြဉ်သင့်ပါတယ်တဲ့နော်။

နံပါတ်(၄) အချက်ကတော့ - 

ငါးကန်တူးမယ့်နေရာဟာ ရေသွင်းရေထုတ်ပြုလုပ်ဖို့ အဆင်ပြေတဲ့နေရာမျိုးဖြစ်ရပါမယ်။ မိုးရေကို အားပြုပြီး၊ ငါးမွေးတာမျိုးမလုပ်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် - အကြောင်းအမျိုးမျိုးကြောင့် ရေရရှိမှု နည်းပါးပြီး၊ ငါးတွေ သေဆုံးမသွားအောင်လို့ပါ။ 

? ငါးမွေးမြူရင်း စီးပွားတိုးတက်ပါစေရှင်။

နန်းထက်ထက်ချစ်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်