အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးမှာ သီးနှံတွေ ရောင်းဝယ်ကြမယ်

16/07/2021 20:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အစိမ်းရောင်လမ်းရဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ 'ဈေးတန်းကြီး' နဲ့ မိတ်ဆက်ပေးပါရစေ။

ဈေးတန်းကြီး ဆိုတာကတော့ တောင်သူတွေရဲ့ စိုက်ခင်းကနေ ထွက်ရှိတဲ့ သီးနှံတွေကို ဝယ်လက်တွေနဲ့ တိုက်ရိုက် ချိတ်ဆက်နိုင်အောင်၊ ကုန်သည်တွေအနေနဲ့လည်း အစိမ်းရောင်လမ်းဆော့ဝဲလ်ထဲမှာ ပို့စ်တင်ပြီး တောင်သူတွေဆီကနေ သီးနှံတွေဝယ်ယူနိုင်အောင် ရိုးရှင်းစွာနဲ့ အလွယ်ကူဆုံး ပြုလုပ်ထားတဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်ပါတယ်။ သီးနှံ အရောင်းအဝယ် ပြုလုပ်နိုင်ရန် ဖော်ပြထားတဲ့အတိုင်း လိုက်ပါ လုပ်ဆောင်နိုင်ပါတယ်။ 

အဆင့် (၁) 

အင်တာနက် (သို့မဟုတ်) ဝိုင်ဖိုင်ဖွင့်ပြီး အစိမ်းရောင်လမ်း ဆော့ဝဲလ်ထဲသို့ဝင်ပါ။ 

အဆင့် (၂) 

မိုးလေဝသ အခြေအနေဖော်ပြပေးသော နေရာ၏ အောက်ရှိ ပို့စ်အသစ်တင်မည် ကိုနှိပ်ပါ။  

အဆင့်(၃) 

ပို့စ်အမျိုးအစားများ မြင်တွေ့ရမည်ဖြစ်ပါသည်။ တောင်သူအနေဖြင့် မိမိစိုက်ခင်းမှ ထွက်ရှိသော သီးနှံကိုရောင်းချလိုပါက 'အရောင်းပို့စ်'၊ သီးနှံ ဝယ်ယူလိုပါက 'အဝယ်ပို့စ်' ကို နှိပ်ပေးပါ။ 

အဆင့် (၄) 

အရောင်းပို့စ် ကို နှိပ်ပါက မိမိရောင်းချလိုသော သီးနှံအမျိုးအစားနှင့် ယူနစ်ကို ရွေးချယ်ပေးရန် လိုအပ်ပါတယ်။ တစ်ခု ရွေးချယ်ပြီးတိုင်း 'Done' ဆိုသည့် ခလုတ်ကို နှိပ်ပေးပါ။ 

အဆင့် (၅) 

ထို့နောက် မိမိရောင်းချလိုသော သီးနှံ၏ တစ်ယူနစ် ဈေးနှုန်း (ဥပမာ - ၁ ပိဿာ၊ ၁ တင်း ဈေးနှုန်း) နှင့် မိမိအား ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ် ထည့်သွင်းပေးရပါမည်။ 

အဆင့် (၆) 

ပြီးလျှင် မိမိရောင်းချသော သီးနှံနဲ့ ပတ်သတ်၍ ဖော်ပြလိုသော အချက်အလက်များရှိပါက ထည့်သွင်းပေးနိုင်ပါတယ်။ ထို့နောက် ညာဘက် အပေါ်ထောင့်ရှိ တင်မည်ဆိုသည့် ခလုတ်ကိုနှိပ်ပါက ဆော့ဝဲလ် ပေါ်သို့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

 

အဆင့် (၇) 

အကယ်၍ အဝယ်ပို့စ် ကို နှိပ်ပါက မိမိဝယ်ယူလိုသော သီးနှံအမျိုးအစားနှင့် ယူနစ် ကို ရွေးချယ်ပေးရပါမယ်။ တစ်ခု ရွေးချယ်ပြီးတိုင်း 'Done' ဆိုသည့် ခလုတ်ကို နှိပ်ပေးပါ။ 

အဆင့် (၈) 

ထို့နောက် သီးနှံဝယ်ယူရာတွင် မိမိအနိမ့်ဆုံးပေးနိုင်မည့် ဈေးနှုန်းနဲ့ အများဆုံး ပေးနိုင်မည့် ဈေးနှုန်း တို့ကို ထည့်သွင်းပေးရပါမယ်။ ပြီးလျှင် ဆက်သွယ်နိုင်ရန်အတွက် ဖုန်းနံပါတ် ထည့်သွင်းပေးရပါမည်။ သီးနှံနဲ့ ပတ်သတ်၍ အချက်အလက်များရှိပါက ထည့်သွင်းနိုင်ပြီး ညာဘက် အပေါ်ထောင့်ရှိ 'တင်မည်' ဆိုသည့် ခလုတ်ကိုနှိပ်ပါက ဆော့ဝဲလ် ပေါ်သို့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

   

အဆင့် (၉) 

အထက်ဖော်ပြပါ အဆင့်များကို အစိမ်းရောင်လမ်း ဆော့ဝဲလ်၏ ပင်မစာမျက်နှာရှိ ဈေးတန်းကြီးဆိုသည့် နေရာတွင်လည်း လုပ်ဆောင်နိုင်ပါသည်။ ဈေးတန်းကြီး ဆိုသည့် နေရာကို နှိပ်ပေးပါ။

 

အဆင့် (၁၀) 

ဈေးတန်းကြီး နေရာသို့ ဝင်ရောက်လိုက်ပါက ဒေသအသီးသီးရှိ တောင်သူများမှ သီးနှံ အရောင်း အဝယ်ပြုလုပ်ရန် တင်ထားသော ပို့စ်များကို တစ်စုတစ်စည်းတည်း မြင်တွေ့နိုင်မည် ဖြစ်ပါသည်။ မိမိ အရောင်းအဝယ်ပြုလုပ်လိုသည့် သီးနှံကို တွေ့ပါက ဆက်သွယ်ရန် ဆိုသည့် ခလုတ်ကိုနှိပ်ပြီး တောင်သူ (သို့မဟုတ်) ကုန်သည်များနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။

 

အဆင့် (၁၁) 

နောက်ဆုံးတွင် အစိမ်းရောင်လမ်း ဆော့ဝဲလ်ရှိ မိမိ၏ကိုယ်ပိုင် စာမျက်နှာသို့ သွားကာ 'ကိုယ်ပိုင်ရောင်းဝယ်ပို့စ်' ဆိုသည့် ခလုတ်ကို နှိပ်ပါက ဈေးတန်းကြီးတွင် မိမိရောင်းဝယ်ပြုလုပ်ခဲ့သည့် ပို့စ်များကို မြင်တွေ့ရမည် ဖြစ်ပါသည်။ 

ဒီကာလကြီးမှာ ကိုဗစ်ကြောင့် ပွဲရုံတွေပိတ်ထားလို့ ၊ မသွားရဲလို့ အခြေအနေမျိုးတွေအတွက် အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးမှာပဲ ရောင်းဝယ်ကောင်းကြပါစေဗျ။

 

 

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်