နေကောင်းကျန်းမာအောင် ဗီတာမင်စီပြည့်အောင်နေရမယ်

20/08/2019 10:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   နေမကောင်းတာတွေ ကြားရတော့ စိတ်ပူရတယ် အမျိုးတွေကို....

   အဲ့တော့ နေကောင်းကျန်းမာအောင် ဘာလုပ်ရမလဲဆိုတော့ ဗီတာမင်စီ ပြည့်အောင်နေရမယ်။ ဟိုကြော်ငြာလေးလိုပဲ "စီလင်းတိုက်ကျွေးမေ့ရင်သွေး ရောဂါမျိုးစုံကာကွယ်ပေး" ဆိုတာလိုမျိုး စီလင်းသောက်လို့မရတော့တဲ့ မေ့ရင်သွေးမဟုတ်တော့တဲ့အရွယ်မှာ ကျန်းမာနေဖို့ဆို အာဟာရပြည်အောင်နေရမှာပေါ့။ အာဟာရဆိုလို့လည်း ဈေးကြီးတာတွေ စားရမယ်လို့ မဆိုလိုပါဘူးနော်။ 

   ဟော..နေရောင်ခံလိုက်ရင် ဗီတာမင် ဒီ ကိုရရော။ တစ်နေကုန် နေပူထဲတော့ ထွက်မထိုင်ကြနဲ့ပေ့ါ့။ နေထွက်ချိန် မနက်စောစောပိုင်း လမ်းထလျှောက် နေရောင်လေးခံလိုက်တာက ဗီတာမင်ဒီကို ရစေသတဲ့။ ထားပါတော့ လမ်းကလွဲသွားပြီ...။

ခုက ဗီတာမင် စီ (ဗိုက်တာမင်ပေါ့လေ) ကို ဖြည့်တင်းပေးထားတဲ့ ခန္ဓာကိုယ်ဟာဆိုရင် ဘာတွေဖြစ်မလဲဆိုတော့ 

(၁) ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ တော်ရုံတန်ရုံဆို နေမကောင်းမဖြစ်တော့ဘူးပေါ့။

(၂) အဖျားတွေ တိုက်ဖျက်ဖို့လည်း အကောင်းဆုံးဖြစ်ပါတယ်။

(၃) အနာတွေဆိုရင်လည်း မြန်မြန်ကျက်စေပါတယ်။

(၄) အရိုး နဲ့ သွားတွေကိုလည်း ကောင်းမွန်စေပါတယ်။ 

(၅) သံဓာတ် စုပ်ယူနိုင်စွမ်းအားကို ကောင်းစေပါတယ်။ 

ကဲ တစ်နေ့ကို မိန်းကလေးဆိုရင် ၇၅ မီလီဂရမ်၊ ယောကျ်ားလေးဆိုရင် ၉၀ မီလီဂရမ် စားကိုစားပေးရမယ်တဲ့။ မြန်မာလို (၁) ကျပ်သားဆိုရင် ၁၆ ဂရမ် ကျော်ရှိပါတယ်။ (၁) ဂရမ်မှာ (၁၀၀၀) မီလီဂရမ် ရှိပါတယ်။ အဲ့တော့ သူပြောတဲ့အတိုင်းဆို တစ်ကျပ်သားတောင်မလိုပါဘူး နည်းနည်းဖြစ်ဖြစ် စားလိုက်ရင် ကျန်းမာရေးကောင်းနေပါပြီ။ စားတော့မယ်လို့ အပီအပြင်ခဲထားရင် ဘာတွေစားရမလဲဆိုတာ ဆက်သာကြည့်လိုက်တော့ 

(၁) မာလကာသီး

မာလကာသီးကိုစားပါ။ သူက တစ်ခွက်မှာ မီလီဂရမ် (၃၇၆) တောင်ပါပါတယ်။ ကယ်လိုရီဆိုရင်လည်း (၁၁၂) လောက်ပဲ ပါပါတယ်။ 

(US က တစ်ခွက်ဆိုတာ (၂၅၀) မီလီလီတာ (သို့) ၂၅၀ ဂရမ်လောက်ရှိပါတယ်။)

(၂) ငရုတ်ပွသီး အနီရောင်နဲ့ အစိမ်းရောင် 

ဗီတာမင်စီဆိုရင် ချဉ်တာလေးလို့ သိထားကြတာကိုး၊ ခုက ငရုတ်သီး ၂၅၀ ဂရမ်ဆိုရင် ဗီတာမင် စီ (၂၈၄) မီလီဂရမ် ပါပြီးတော့ ကယ်လိုရီဆို (၄၀) ပဲပါတယ်။ စားကြပါ။

အရောင်ကွာတဲ့ အစိမ်းရောင်ကတော့ (၁၂၀)မီလီဂရမ်ပါပါတယ်။ ကယ်လိုရီက (၃၀) ဖြစ်ပါတယ်နော်။ ချက်လိုက်ရင်တော့ (၁၀၂) ပဲ ကျန်တော့မှာဖြစ်ပါတယ်။ အနီနဲ့ အစိမ်းပဲ ကွဲပေမဲ့ ပါဝင်တာတွေ ကွာသွားပါတယ်။ 

(၃) ကီဝီသီး

အူးလေးကြီးကတော့ မကြိုက်ဘူး။ ဒါပေမဲ့ ကီဝီသီး ခပ်လတ်လတ်တစ်လုံးမှာ ဗီတာမင် စီ (၇၀) မီလီဂရမ် ပါပြီးတော့ ကယ်လိုရီ (၄၆) ပဲဖြစ်ပါတယ်။  

(၄) လိမ္မော်သီး

ပုံမှန် အသီးတစ်လုံးမှာဆိုရင် (၇၀)မီလီဂရမ် နဲ့ ကယ်လိုရီ (၆၂) ပါပါတယ်။ ဖျော်ရည်သောက်မယ်ဆိုရင် ၂၅၀ မီလီလီတာ တစ်ခွက်မှာ ဗီတာမင် စီ (၁၂၄) မီလီဂရမ် ပါဝင်ပြီးတော့ ကယ်လိုရီ (၁၀၀) ကျော်လောက်ပါဝင်မှာ ဖြစ်ပါတယ်။

(၅) ဂရိတ်ဖရုသီး

သူကလည်း တစ်လုံးမှာ (၇၈) မီလီဂရမ်ပါပြီးတော့ ကယ်လိုရီ (၁၀၄) ပါပါတယ်။ ဖျော်ရည်ဆိုရင် တစ်ခွက်မှာ (၆၄) ကနေ (၉၂) မီလီဂရမ်ပါပါတယ်။ ကယ်လိုရီကတော့ (၉၂) ကနေ (၁၀၀) ပါပါတယ်နော်။ 

(၁၀) စတော်ဘယ်ရီ

အကြိုက်ဆုံးတွေဖြစ်နေကြပြီ မဟုတ်လား။ သူက အမျှင်ဓာတ်ရော၊ တစ်ခြား ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ စတော်ဘယ်ရီ ၂၅၀ ဂရမ်မှာ ဗီတာမင် စီ (၉၈) ပါပြီးတော့ ကယ်လိုရီ (၅၄) ပါဝင်ပါတယ်။ 

(၁၁) ပိုက်သခွား (သို့) သခွားမွှေးသီး

အနေတော်တစ်စိတ်မှာတင် ဗီတာမင် စီက  (၄၇) မီလီဂရမ် တောင်ပါပြီးတော့ ကယ်လိုရီကတော့ (၅၁) ပါပါတယ်။ 

စားစရာတွေကလည်း အသီးတွေမို့ စိတ်ညစ်သွားပြီလား။ မပူနဲ့ အမြဲစားနေတဲ့ အစားအစာထဲက ဗီတာမင် စီ ရနိုင်တဲ့  အစားအစာတွေကတော့ သရက်သီး၊ သင်္ဘောသီး၊ နာနတ်သီး၊ ဖရဲသီး၊ ဂေါ်ဖီပန်းပွင့်၊ ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး စတဲ့ ဟင်းသီးဟင်းရွက်တွေလည်း ပါပါတယ်။ 

ကဲ အဲ့ဒါဆို စားကြမယ် မဟုတ်လား…….

ထွန်းဝင်းကျော်

Ref; https://medlineplus.gov/ency/article/002404.htm

https://www.goodhousekeeping.com/health/diet-nutrition/g1926/top-sources-vitamin-c-44102808/?slide=1


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်