“မွေးမြူရေးကဏ္ဍ လမ်းညွှန်” 

05/07/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အဆင့်(၁) ပထမဦးစွာ Greenway ဖုန်းဆော့ဝဲလ်ကို Play store မှ Download ရယူပါ။ သို့မဟုတ် Greenway ဆော့ဝဲလ်ရှိထားသော ဖုန်းမှ Zapya ဖြင့် ကူးယူပါ။ ထို့နောက် ဖုန်းဆော့ဝဲလ်ကို အသုံးပြုရန်အတွက် အင်တာနက်လိုင်း ဖွင့်ထားပါ။

အဆင့်(၂) မှတ်ပုံတင်ခြင်း(Registration) လုပ်ငန်းစဉ်ကို ဆောင်ရွက်ပါ။

အဆင့်(၃) ထို့နောက် Greenway ဆော့ဝဲလ်ထဲသို့ ဝင်ရောက်ပါ။ ပုံတွင် ပြထားသည့်အတိုင်း ပင်မစာမျက်နှာတွင် မွေးမြူရေးနှင့် ဆိုင်သော ဆောင်းပါးများကို လေ့လာရန် “မွေးမြူနည်းပညာ”ဟူသော အဝိုင်းလေးကို နှိပ်ပေးပါ။

အဆင့်(၄) ပုံတွင်တွေ့ရသည့်အတိုင်း “ငါး” နှင့် “နွား” ဟူသော ခေါင်းစဥ်  ၂ ခု ပေါ်လာပါလိမ့်မည်။ 

အဆင့်(၅) “ငါး” ဟူသည့် အကွက်ကို နှိပ်လိုက်ပါက “ငါးမွေးမြူခြင်း၊ နေရာရွေးချယ်ခြင်း၊ ငါးကြီးထွားမှု၊ ငါးမွေးကန်ပြင်ဆင်ခြင်း၊ ငါးသားပေါက်ထည့်သွင်းခြင်း၊ ပါဝင်ရမည့်အရာများ၊ ကြည့်ရှုစစ်ဆေးခြင်း၊ ငါးကျန်းမာရေး၊ ငါးကန်ဖော်ခြင်း၊ ငွေကြေးကိစ္စများ” အစရှိသည့် ကဏ္ဍငယ် ၁၀ခုကို မြင်တွေ့နိုင်ပါသည်။ “ငါးမွေးမြူခြင်း”နှင့် ပတ်သက်သည့် ဆောင်းပါးများကို လေ့လာလိုပါက “ငါးမွေးမြူခြင်း”ဟူသည့် အကွက်ငယ်ကို နှိပ်ပြီး လေ့လာနိုင်ပါသည်။ အလားတူပင် ၎င်းကဏ္ဍငယ် ၁၀ခုထဲမှ မိမိကြိုက်နှစ်သက်ရာကို လေ့လာလိုပါကလည်း သက်ဆိုင်ရာ အကွက်ငယ်များကို နှိပ်ပြီး လေ့လာနိုင်ပါသည်။ မိမိလေ့လာလိုသော ကဏ္ဍသို့ ဝင်ရောက်ပြီးပါက ပုံတွင်ပြထားသည့်အတိုင်း ညာဘက်ထောင့် အပေါ်စွန်းရှိ တြိဂံပုံ အတုံးလေးသုံးတုံးကို နှိပ်ပြီး ငါးအမျိုးအစားများကို ရွေးချယ်၍ လေ့လာနိုင်ပါသေးသည်။

အဆင့်(၅) ထို့အတူပင် “နွား” ဟူသည့် အကွက်ကို နှိပ်လိုက်ပါက “အခြေခံအာဟာရဗေဒ၊ နွားကလေး ပြုစုခြင်း၊ နွားစာပင်စိုက်ပျိုးခြင်း၊ မျိုးပွားခြင်း၊ နွားနို့အရည်အသွေး၊ ခြံမှတ်တမ်း၊ ခြံစီးပွားရေး၊ ကျန်းမာရေး” အစရှိသည့် ကဏ္ဍငယ် ၈ခု ကို မြင်တွေ့နိုင်ပါသည်။ မိမိကြိုက်နှစ်သက်ရာ ဆောင်းပါးကို လေ့လာလိုပါက သက်ဆိုင်ရာ အကွက်ငယ်များကို နှိပ်ပြီး ဝင်ရောက်လေ့လာနိုင်ပါသည်။ 

အဆင့်(၆) ထိုဆောင်းပါးများထဲတွင် မိမိကြိုက်နှစ်သက်သော ဆောင်းပါးများ ပါဝင်ပါက မျှဝေသိမ်းဆည်းနိုင်စေရန် ဆောင်းပါးတစ်ပုဒ်ချင်းစီ၏ အောက်၌ ပုံတွင် မြင်တွေ့ရသည့်အတိုင်း “မျှဝေမည် သိမ်းဆည်းမည်” ဟူသော စာသားလေးများပါရှိပါသည်။ ထို့ကြောင့် မိမိကြိုက်နှစ်သက်ရာ ဆောင်းပါးကို ပြန်လည်မျှဝေနိုင်သလို အချိန်မရွေးပြန်လည်ဖတ်ရှုနိုင်စေရန်အတွက်လည်း  သိမ်းဆည်းထားနိုင်ပါသည်။

အဆင့်(၇) ထို့ပြင် မိမိကြိုက်နှစ်သက်ရာ ဆောင်းပါးများကို facebook တွင်ပါ ပြန်လည်မျှဝေနိုင်ပါသေးသည်။ facebook တွင် မျှဝေရန် ပုံတွင်ပြထားသည့် “share” ဟူသည့် နေရာလေးကို နှိပ်ပြီး ပြုလုပ်နိုင်ပါသည်။

အဆင့်(၈) မိမိသိလိုသော ကြက်၊ ဝက်၊ ဘဲ အစရှိသည့် မွေးမြူရေးနှင့် ပတ်သက်သည့် အကြောင်းအရာ၊ သတင်း၊ ဆောင်းပါး၊ အမေးအဖြေ၊ အမေးအဖြေတို့ကို တစ်စုတစ်စည်းတည်း ရှာဖွေလိုပါက ပင်မစာမျက်နှာရှိ အပေါ်ဆုံး bar(ဘား) တွင် မှန်ဘီလူး ပုံစံလေးကို နှိပ်ပြီး သိလိုသော ခေါင်းစဉ်ကို ရှာဖွေနိုင်ပါသည်။ ဥပမာ ကြက်မွေးမြူရေးနှင့် ပတ်သက်သော ဆောင်းပါးများကို ဖတ်လိုပါက ၎င်းမှန်ဘီလူးပုံ (search) ကို နှိပ်ကာ “ကြက်မွေးမြူရေး” ဟု ရိုက်ရုံဖြင့် ဆောင်းပါးများ၊ သတင်းများ အကုန် ပေါ်လာမည် ဖြစ်ပါသည်။


(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်





East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်