တောင်သူဦးကြီးများသို့ အသိပေးကြေညာချက်

20/10/2018 13:51 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

အောက်တိုဘာ ၂၀၊ ၂၀၁၈| အသိပေးကြေညာချက်

၁။ နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူလယ်သမားဦးကြီးများသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့် ရာသီအလိုက်ထုတ်ချေးလျက်ရှိရာ ယခုအစိုးရသစ်လက်ထက်တွင် တစ်ဧကချေးငွေ နှုန်းထား များကို အောက်ပါအတိုင်း တိုးမြှင့်ထုတ်ချေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင်လည်း အခြားသီးနှံ တစ်ဧက နှုန်းထားကို ကျပ် ၅ဝဝဝဝ/- ကျပ် ၁ဝဝဝဝဝ/-သို့ တိုးမြှင့်ထုတ်ချေးသွားမည် ဖြစ်ပါသည်။

၂။ ၂၀၁၈-၂၀၁၉ ခုနှစ်၊ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ယခင်နှစ် ၂၀၁၈ မိုးချေးငွေ ထုတ်ချေးသကဲ့သို့ပင် “တောင်သူတစ်ဦးချင်း ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇)မူရင်းကို ဘဏ်သို့ အပေါင်အဖြစ်ပေးအပ်၍ တောင်သူတစ်ဦးချင်း ကိုယ်တိုင်အာမခံသောစနစ်” ဖြင့် လွယ်ကူရှင်းလင်းစွာ ထုတ်ချေးပေးသွားမည်ဖြစ်ပါသည်။

၃။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေများကို အောက်ပါအတိုင်း ထုတ်ချေးပေးမည်ဖြစ်ပါသည်

 

 ၄။ သို့ပါ၍ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်