လေချူ အပင်သည် အပူပိုင်း သစ်ပင်တစ်မျိုးဖြစ်ပြီး ၎င်း၏အသီးမှာ စား၍ ရသည်။ အပူပိုင်းဒေသတွင်ပေါက်ရောက်သော ကျိချွဲသည့် အသီးပျော့မျိုးရင်းဝင်ဖြစ်ပြီး လူသိများသည့် အပင်တစ်မျိုးဖြစ်သည်။ မူရင်းပေါက်ရောက်ရာဒေသမှာ အာရှတိုက်တောင်ပိုင်းဒေသ ဖြစ်သည်။ သိပ္ပံ အမည်မှာ Dimocarpus longan ဖြစ်သည်။
လေချူ အသီးမှာ လိုင်ချီးသီးနှင့် ဆင်တူပြီး “လိုင်ချီးသီး၏ညီ” ဟုပင် တင်စားခြင်းခံရသည်။ လိုင်ချီးသီးထက် အနည်းငယ်သေးပြီး လိုင်ချီးသီး အခွံထက် ပို၍ချောမွေ့သော အညိုဖျော့ရောင် ရှိသည်။ အရသာမှာ လိုင်ချီးသီးနှင့် ဆင်တူသည်။
(၁) အာဟာရပါ၀င်မှု
(အစေ့အလေးချိန်၁၀၀ဂရမ်တွင်ပါဝင်မှုဖြစ်သည်)
ကယ်လိုရီ - ၆၀ဂရမ်
အဆီ - ၀.၁ဂရမ်
ဆိုဒီယမ် -၀ဂရမ်
ပိုတက်ဆီယမ် -၂၂၆မီလီဂရမ်
ကာဘိုဟိုက်ဒြိတ်-၁၅.၁၄ဂရမ်
ကျေညက်သောအမျှင်-၁.၁ဂရမ်
ပရိုတင်း -၁.၃၁ဂရမ်
ဗီတာမင်အေ -၀%
ဗီတာမင္စီ -၁၄၀%
ကယ်လစီယမ် -၀%
သံဓာတ် -၁%
(၂) ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး
လေချူပင်ကိုအစာအိမ်ရောဂါ၊ အိပ်မပျော်ခြင်း၊ မကြာခဏသတိမေ့ခြင်းနှင့် ရေဖျဉ်းရောဂါများသက်သာစေရန်သုံးစွဲကြသည်။
၎င်းကိုပုံမှန်စားသုံးခြင်းဖြင့် သာမန်စွမ်းအားဖြည့် အားဆေးများထက်အကျိုးကျေးဇူး ပိုမိုရရှိနိုင်ပါသည်။
လေချူသီးသည် နှလုံးနှင့်သရက်ရွက်ကို ကျန်းမာသန်စွမ်းစေပြီး သွေးအားကောင်းမွန်ခြင်းနှင့်အာရုံကြောစနစ်ကိုကောင်းမွန်စေပါသည်။
ဗီယက်နမ်နိုင်ငံတွင်လေချူအစေ့၏ မျက်စိကို မြွေကိုက်ဒဏ်ရာတွင် အုံပေးခြင်းဖြင့် မြွေဆိပ်များကို စုပ်ယူနိုင်သည်ဟု လက်ခံ ယုံကြည်ကြသည်။
လေချူသီး အသားနှင့် သကြားကို ဆတူရော၍ ရေနှင့်ရောကာ ပျစ်ချွှဲသည်အထိ ကျိုပေးပြီး တစ်နေ့တစ်ဇွန်း သုံးစွဲနိုင်ပါသည်။
လေချူသီး အသား အခြောက်နှင့် ပြုလုပ်ထားသော အားဆေးကို အိပ်မပျော်ခြင်း၊ အာရုံကြော အားနည်းခြင်းနှင့် စိတ်ကျရောဂါများကုသရာတွင် သုံးကြသည်။
လေချူအစေ့သည် အလွန်အမင်းချွေးထွက်ခြင်းကို ကုသနိုင်ပါသည်။ အမှုန့်ကြိတ်ထားသောအစေ့တွင် saponin၊ tannin နှင့် အဆီပါဝင်ပြီး သွေးထွက်လွန်ခြင်းကို ဟန့်တားပေးနိုင်ပါသည်။
Royal Thazin
ကိုးကား- Fruits and Nutrition and Benefits App
CPP Fertilizer Company ကြော်ငြာ

ဟာမိုဇင်းပလပ်(စ်)

ဟော့(ပ်)ရိုး(လ်)

ကောင်စယ်

အီမီဒါနေး(လ်)

ပေါ်စီလန်