လယ်ယာသုံးစက်ကိရိယာ မောင်းနှင်မှု သင်တန်းဖွင့်လှစ်

18/07/2019 11:00 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်၊ လှည်းကူး၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများအား စက်ကိရိယာအသုံးပြုခြင်းဖြင့် စျေးကွက်ဝင် စိုက်ပျိုးသီးနှံများ ထုတ်လုပ်နိုင်စွမ်းကောင်းမွန်စေရန် ရည်ရွယ်လျက် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းခြင်း အခြေခံသင်တန်း အမှတ်စဉ် (/၂၀၁၉) ကို မင်္ဂလာဒုံမြို့နယ် (ထောက်ကြန့်) စက်မှုလယ်ယာဦးစီးဌာန အမှတ် (၃၅) ထွန်စက် စခန်းဝင်းအတွင်း ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီကစတင် ဖွင့်လှစ်သည်။

သင်တန်းသို့ မင်္ဂလာဒုံ (ထောက်ကြန့်) မြို့နယ်၊ လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာများမှ လယ်ယာလုပ်ငန်း လုပ်ကိုင်နေသော တောင်သူသင်တန်းသား ၃၀ တို့အား စက်ကိရိယာကိုင်တွယ် အသုံးပြုပုံ၊ အသုံးဝင်ပုံများနှင့် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းကို ဇူလိုင် ၁၅ မှ ၂၆ ရက်အထိ သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

ကြေးမုံသတင်းစာ

 

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်